ondragstart="return false" onselectstart="return false"

Thursday, December 30, 2010

ဒီကေဘီအေ က နအဖ ရဲဘော်တဦးကို ဖမ်းဆီးရမိခဲ့

နအဖ စစ်သားဘဝကလည်း သနားစရာ ပါလား။ ထမင်းမစားရတာတောင် ၃ ရက်ရှိသွားပြီးတဲ့လေ။ ရွာသားတွေဆီက လိုက်တောင်းစားနေတယ်ဆိုတော့ သူတောင်းစားလို့လဲ မပြောခြင်ပါဘူး။ ရွာသားတွေထံမှ အတင်း လုမစား တတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကရင်တော်လှန်ရေး ရဲဘော်တွေကတော့ နအဖ စစ်သားတွေကို ဖမ်းမိရင် အပြစ်မရှိတဲ့ စစ်သုန့်ပမ်းတွေဆို အမြဲတမ်းပြန်လွတ်ပေးနေကြပါ။ ထမင်းမစားရသေးလည်း ထမင်းကောင်းကောင်းကျွေးပြီး ဌာနေကို ပြန်ပို့ပေးမှာပါ။ ဗိုလ်ကြီးသက်နိုင် တစ်ထဲကိုမှမဟုတ်ပါဘူး။ ဗိုလ်ကြီးသက်နိုင်မတိုင်ခင် ကရင် တွေ ကျွေးမွေး လမ်းစရိတ်ပေးပြီး ပြန်လွှတ်လိုက်တဲ့ နအဖ စစ်သားတွေ အများကြီးရှိခဲ့ပါတယ်။
ကရင် တွေဟာ ခံယူချက် ကွဲလွဲလို့ နအဖစစ်အစိုးရနဲ့ စစ်ဖြစ်နေရတယ်ဆိုပေမဲ့ လူသားတွေ ဖြစ်တဲ့အတွက်ကြောင့် လူသားခြင်းစာနာတဲ့စိတ် အပြည်အဝ ရှိပါတယ်။ အခု ဖမ်းမိထားတဲ့ ရဲဘော်ကိုလည်း ဘာအပြစ် တစ်ခုမှ မကျူးလွန်ထားဘူးဆိုရင် လူသားခြင်း စာနာတဲ့စိတ်နဲ့ အတီးလားဘွဲ တို့ အဖွဲ့က ပြန်လွှတ်ပေးမှာဖြစ်ပါတယ်။

ဝေါ်လေဒေသ အော့ကလေးထ ကျေးရွာ မော်သုထ တောင်ကျောနေရာမှာ နအဖ တပ်သားတဦးကို ဒီကေဘီအေ ဗိုလ်မော်ကဲကဲ မှ ဖမ်းဆီးရရှိခဲ့တယ်။

ဖမ်းဆီးရမိတဲ့ နအဖ တပ်သားအခြေအနေကို ဒီကေဘီကေ တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူး ဆန်းအောင်မှ ခုလိုပြောပြပါတယ်။

မနေ့ညနေပိုင်းက နအဖ တပ်မ ၅၂၅၊ စကခ ၁၉၊ ခလရ ၂၉၉၊ တပ်ခွဲ ၂ ၊ တပ်စု ၂ မှ ကိုယ်ပိုင်အမှတ် တ/ ၄၁၉ ၅၃၂ တပ်သား ဘာဘူ အသက် ၂၃ နှစ်ဟာ ဝါးခုတ်နေတုန်း ဒီကေဘီအေအဖွဲ့မှ ဗိုလ်မော်ကဲကဲ အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်တယ်။ သူ့ကို မေးမြန်းကြည့်တော့ ထမင်းမစားရတာ သုံးရက်တောင်ရှိပြီလို့လဲပြောတယ်။ ရွာသားတွေရဲ့ တောင်ယာမှာသိမ်းထားတဲ့ စပါးတွေလည်း လိုက်ရှာဖွေ ထောင်းစားနေရတယ်။ သူ့တပ်ထဲမှာလဲ ဗိုလ်ကျော်အေးဖြိုး နဲ့ ဗိုလ်ရဲလုကျော် ဆိုတာ အရာရှိ နှစ်ယောက်ရဲ့ နာမည်ကိုပဲ သိတယ်။ လို့ ပြောပြသွားပါတယ်။
Type the rest of your post here.

2 comments:

Anonymous said...

တပ်မတော်က ဖမ်းဆီးမိတဲ့ သူပုန်တွေကိုလည်း တပ်မတော်က တိုင်းရင်းသားညီညွှတ်ရေးကိုအဓိကထားတဲ့အတွက် အမြင်မှန်ရအောင် နားလည်မှုရအောင် ပြန်လည်လွှတ်ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံသားချင်းညီအကိုတွေဖြစ်တာကြောင့် စစ်တပ်ကပဲ ဖမ်းဆီးမိမိ သောင်းကျန်းသူဘက်ကပဲ ဖမ်းဆီးမိမိ ဂုဏ်ယူစရာတစ်ခုမှရှိတာ မဟုတ်ဘူးဆိုတာတော့ တိကျတဲ့ ရလဒ်တစ်ခုပါပဲ။

Anonymous said...

ဟုတ်လား ဥပမာ ၁ခုလောက်တင်ပြလေ.. ဘယ်တုန်းကလဲ ပုံပြင်လား

Post a Comment