ondragstart="return false" onselectstart="return false"

Thursday, December 2, 2010

ဘုရားသုံးဆူ - ကြာအင်းဆိပ်ကြီး ရေလမ်းခရီး သွားလာခွင့်မပြု

သန်းထိုက်ဦး Thursday, 02 December 2010 19:10

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှ ကြာအင်းဆိပ်ကြီးမြို့နယ်သို့ ခရီးသည်တင် စက်လှေများ သွားလာခွင့်မပြုရန် စစ်အစိုးရ ဘက်က ယခုရက်ပိုင်းအတွင်း ညွန်ကြားထားကြောင်း သိရသည်။

ဘုရားသုံးဆူမြို့နယ်မှ ကြာအင်းဆိပ်ကြီးသို့ ကားလမ်း မပေါက်သေးသောကြောင့် ကုန်သည်နှင့် ဒေသခံများက စက်လှေကို အဓိကထား၍ သွားလာနေသော လမ်းကြောင်း ဖြစ်သည်။

ဘုရားသုံးဆူမြို့နယ်တွင် တပ်စွဲထားသော နအဖ၏ ခြေမြန်တပ်ရင်း (ခမရ) ၄၁၀ စစ်ကြောင်းမှူးက ညွန်ကြားထားကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး ဖဒိုစောထဲနေက ဧရာဝတီသို့ ပြော သည်။

“စစ်ရေးအရ ချောင်းဆုံမှာရှိတဲ့ စက်လှေတွေဟာ ကြာအင်းဆိပ်ကြီးဘက်ကို မဆင်းရဘူး၊ ကြာအင်းဆိပ်ကြီးမှာရှိတဲ့ စက်လှေ တွေဟာ ဘုရားသုံးဆူကို မဆင်းရဘူး အဲဒီလို ညွန်ကြားထားတယ်”ဟု ၎င်းက ပြောဆိုသည်။

စစ်အစိုးရ၏ ယခု ညွန်ကြားချက်နှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့နယ် လုံခြုံရေး အတွက် ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူ များက ဆိုသည်။

ဗိုလ်ကြီး ဖဒိုစောထဲနေက“ဘုရားသုံးဆူမြို့ လုံခြုံရေး အနည်းအကျဉ်းပေါ့ ဘာဖြစ်လို့လဲဆိုရင် ပြီးခဲ့တဲ့ လတုန်းက ဘုရားသုံးဆူ မြို့ကို DKBA(တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်)က ၀င်ပြီးတော့ ပစ်တာခတ်တာ၊ သစ်တောရုံးတွေကို မီးရှို့တော့ သူတို့ကတော့ မြို့ကို ပြန်ပြီးတော့ တည်ငြိမ်အောင် ခဏလုံခြုံရေး ယူပေးတာ”ဟု ဆိုသည်။

ယခုအခါ ဘုရားသုံးဆူမြို့၌ ပစ်ခတ်မှုများ မရှိသော်လည်း အနီးဝန်းကျင် ဒေသတ၀ိုက်တွင် စစ်အစိုးရက ကမ်းရိုးတန်းတိုင်း စစ် ဌာနချုပ် အမှတ် ၈ စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ်(စကခ) လက်အောက်ခံ တပ်ရင်း ၄ ရင်းခန့် တိုးချဲ့ချထားကြောင်းလည်း ၎င်းက ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အစိုးရတပ်များ တိုးချဲ့ချထား ခြင်း ဖြစ်သည်။

ယနေ့ စစ်အစိုးရတပ်နှင့် DKBA တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခြင်း မရှိသော်လည်း စစ်အစိုးရက ဖလူးကျေး ရွာတွင် တပ်စွဲထားပြီး ပေါ်တာ အတွက် လိုက်လံ ဖမ်းဆီးနေသောကြောင့် ဒေသခံရွာသား ၆၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်သို့ ထပ်မံ တိမ်းရှောင်လာကြောင်း သိရသည်။

ယမန်နေ့က ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက နေရပ် ပြန်ခိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံ ရောက်ရှိလာခြင်း ဖြစ်သည်။ ထွက်ပြေး ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်း နယ်ခြားစောင့် စခန်းဝင်းအတွင်း စောင့် ရှောက်ထားသည်။

ထွက်ပြေးတိမ်းရှောင်လာသူ တဦးက“စစ်သားတွေက မင်းလက်ပံရွာထဲမှာ ၀င်ပြီးတော့ တပ်စွဲထားပြီး ပေါ်တာတွေ လိုက်ဖမ်း နေတယ်၊ တိုက်ပွဲတွေ မဖြစ်တော့ပေမယ့် ပေါ်တာလိုက်ဖမ်းတော့ ရွာထဲမှာ မနေရဲကြလို့ ထိုင်းဘက်ခြမ်းမှာ လာရှောင်နေကြ တယ်”ဟု ပြောသည်။

ထွက်ပြေးလာသူများထဲတွင် ကျန်းမာရေး ချို့တဲ့၍ အရွယ် မရောက်သေးသည့် ကလေးသူငယ် ၂၃၄ဦး ပါဝင်ပြီး ကျန်းမာရေး ဌာနနှင့် အစိုးရမဟုတ်သော (NGO) အဖွဲ့အစည်းတချို့က လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် စားဝတ်နေရေး အတွက် ကူညီထောက်ပံ့ပေးကြောင်း မယ်တော်ဆေးခန်းမှ ကျန်းမာရေးမှူး စောနေဦးက ဆိုသည်။

ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ်ဖြတ် ကျော် ခွင့်ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။

ထို့အပြင် ဖလူးလေး၊ ဖလူးကြီးကျေးရွာနှင့် မင်းလက်ပံ စသည့် ကျေးရွာများတွင် နအဖ ခြေလျင်တပ်ရင်း (ခလရ) ၃ ရင်း၊ အမြောက်တပ်ရင်းနှင့် အဂျင်နီယာ တပ်ရင်း အပါအ၀င် တပ်ရင်း ၅ ရင်းခန့် ထိန်းချုပ်ထားကြောင်း သိရသည်။

ဖလူးလေးရွာမှ နော်ခူးက“ကလေး ၄ ယောက်နဲ့ လာလိုက်ပြန်လိုက်နဲ့ ခဏခဏပဲ၊ ဒီတခါတော့ တကယ်အေးမှပဲ ပြန်တော့ မယ်၊ ဒီမှာနေခိုင်းလည်း မနေဘူး၊ ကိုယ့်အိမ် ကိုယ့်ရွာရှိတယ်”ဟု ပြောဆိုသည်။
http://www.irrawaddy.org/bur/index.php/news/5120-2010-12-02-12-15-48

5 comments:

Anonymous said...

Dear KNU or DKBA.
If possible or if you all have a chance you have to finish all the son of a bitch.
SPDC is not human son of a bitch.

say htoo said...

shut the fuck off burmese people

blood karen said...

i cant read bumese language fuck you
im cant read ....i can read karen language....
can you put news for karen language...shit

Anonymous said...

Hey blood Karen,
If you want to read news in Karen languages go to Kwekalu news web page. If they do not update news go to shit them ok? Ask Editor Eh Nar and his team what are the fucking doing on those days?

Saw Saw

blood bumese said...

haha..baby Anonymous...okay okay

Post a Comment