ondragstart="return false" onselectstart="return false"

Friday, September 7, 2012

ကျောက်ကြီးမြို့နယ်တွင်းရှိ ကျောက်မျက်ရတနာ တူးဖော်ရေး

ကရင်လူ့အခွင့်အရေးအဖွဲ့

မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် က ရင်းနှီးမြုပ်နှံရန် လျာထားသည့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် အတွင်းရှိ ကျောက်မျက်ရတနာ ရှာဖွေတူးဖော်ရေး လုပ်ငန်းနှင့် ပက်သက်ပြီး ဒေသခံများက စိုးရိမ်မှု ရှိနေကြောင်း နယ်မြေခံ ကရင်လူ့အခွင့်အရေး အဖွဲ့ဝင်တဦး က သတင်းပေးပို့ခဲ့သည်။

သတင်း ပေးပို့ချက်အရ ဇူလိုင်လ ၁ ရက်နေ့တွင် သံမဏိ စက်ရံ
ုမှ တာဝန်ရှိသူများနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ ၀န်ထမ်း ၈ ဦးတို့သည် ကျောက်ကြီး မြို့နယ်တွင်းရှိ ကျောက်မျက်ရတနာ တူးဖော်ရန် ရွေးချယ်ထားသည့် မူသဲရွာအနီးရှိ မော်ဒေးနယ်မြေ သို့ စမ်းသပ်မှုများ ပြုလုပ်ရန် ရောက်ရှိလာခဲ့ပါသည်။ တူးဖော်ရန် ဖြစ်နိုင်ခြေရှိ၊ မရှိ စမ်းသပ်မှုအချို့ ပြုလုပ်နေစဉ် KNU က တားမြစ်ခဲ့သဖြင့် အဆိုပါ အဖွဲ့သည် ဇူလိုင်လ ၈ ရက်နေ့တွင် မော်ဒေးမှ ပြန်လည် ထွက်ခွာ သွားကြပါသည်။ ဒေသခံများ၏ ပြောကြားချက်အရ စမ်းသပ်မှုပြုစဉ်ကာလအတွင်း မော်ဒေးနယ်မြေအတွင်း မြေမြုပ်မိုင်းအချို့ ပေါက်ကွဲမှုရှိခဲ့ကြောင်းလည်း သိရသည်။

မည်သို့ပင်ဖြစ်စေကာမူ အဆိုပါ စီးပွားရေး ရင်းနှီးမြုပ်နှံမှု လုပ်ငန်းကြောင့် ဒေသတွင်းရှိ သစ်ပင်၊ ၀ါးပင်နှင့် စားနိုင်သည့် သစ်ဥ၊ သစ်ဖု ကဲ့သို့သော သဘာဝ သစ်တော သယံဇာတများ ဆုံးရှုံး ပျောက်ပျက် သွားမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိပါသည်။ ထို့အပြင် ထိုစီးပွားရေး လုပ်ငန်းများကို အကာအကွယ်ပေးမည့် လုံခြုံရေး အစီအစဉ်များသည် ဒေသခံများ၏ နယ်မြေအတွင်း လွတ်လပ်စွာ သွားလာမှုကို ကန့်သတ်မှု ဖြစ်လာစေနိုင်ပါသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာ လဆန်းပိုင်းအထိ ရရှိသည့် သတင်းပေးပို့ချက်အရ ဒေသတွင်း တားမြစ်ပစ်ပင်မှုများနှင့် လုံခြုံမှုကင်းမဲ့သည့် အခြေအနေများကြောင့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်က ကျောက်မျက်ရတနာ စမ်းသပ်တူးဖော်သည့် လုပ်ငန်းကို ခေတ္တ ရပ်ဆိုင်းထားကြောင်း သိရသည်။
http://www.facebook.com/KarenHumanRightsGroupMyanmarLanguage

No comments:

Post a Comment