ondragstart="return false" onselectstart="return false"

Sunday, September 30, 2012

“GANGNAM STYLE” ကမ္ဘာကျော်သွားတဲ့ တောင်ကိုရီးယား သီချင်းတပုဒ်

Ganang Style ဆိုတဲ့သီချင်းဟာ ယနေ့ ကမ္ဘာမှာ လူကြိုက်အများဆုံး ယူကျူ. သီချင်းတစ်ပုဒ်ဖြစ်သွားပါတယ်။ နှစ်လကျော်အတွင်းမှာ ၀င်ရောက်ကြည့်သူပေါင်း သန်းပေါင်း 324 Hit ကျော်သွားပါပြီ။ Psy ဆိုပြီး တဟိုးထိုး နာမည်တက်လာတဲ့ ကိုရီးယား ပေါစ် အဆိုတော်ရဲ့ နာမည်ရင်းကတော့ Park Jae-Sang လို့ ခေါ်ပါတယ်။
အရင်က “BABY” ဆိုတဲ့သီချင်းတပုဒ်တည်းနဲ့ နာမည်ကြီးသွားတဲ့ Jestin Bieber ရဲ့စံချိန် ၁.၂ သန်းကို ကျော်တက်သွားပြီး စံချိန်သစ်ကို ချိုးလိုက်ပါတယ်။ ယနေ့ အမေရိကန်နဲ့ ကမ္ဘာတလွမ်းရဲ့ ရေဒီယို၊ ရှိုးပွဲတွေမှာ ဒီသီချင်းက နေရာယူယူထားပါတယ်။

ကမ္ဘာတ၀ှမ်း ပုရိတ်သတ်တွေက ကိုရီးယားဘာသာစကားကို နားမလည်နိုင်ပေမယ့် ဒီသီချင်းက ကမ္ဘာ့မြူးဇစ်ပုရိတ်သတ်ကြီးကို ဖမ်းစားနိုင်ခဲ့တာက သူရဲ့ တမူထူးခြားတဲ့ " မြင်းစီးတဲ့အက” ပဲဖြစ်ပါတယ်။ မမြင်ရတဲ့မြင်းကို စီးပြပြီး ကသွားတာပါ။ ပုရိတ်သတ်တွေရဲ့ ပါးစပ်ဖျားမှာတော့.. Oh… Sexy Lady… Oppa Gannam Style.. ဆိုတာလေးပဲနားလည်ပြီး ပျော်နေကြတာ Youtube ပေါ်တက်မွေလိုက်ရင် တွေ့ ရမှာဖြစ်ပါတယ်။

Psy ရဲ့ မြင်းစီးတဲ့ ရိုးရိုးလေးအက က ကမ္ဘာကြီးကို ဖမ်းစားနိုင်ပါတယ်။ တခါတလေ နိုင်ငံရေးမှာလည်း အများထင်တဲ့ ဘာမှ မရှိတဲ့အရာတစ်ခုကိုယ်နိုက်က စတရိတ်ထီဂျီ တစ်ခုဖြစ်နေပြီး အကွဲအပြဲတွေဟာလည်း ဒိုင်ဗာစီဗင်ကေးရှင်း စတရိတ်တီဂျီတွေဖြစ်ပါတယ်။ OH… SEXY LADY…....

ယနေ့ ကမ္ဘာကျော်သွားတဲ့ Psy ရဲ့သီချင်းကို တေးချစ်ပုရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။


ဒီသီချင်းကို ရိုက်ကူးစဉ်မှတ်တမ်း...





ဝါသနာပါရင် ကြည့်ပြီး အကသင်လို့ ရတယ်






Type the rest of your post here.

2 comments:

sharon rose said...

အဆိုတော်နာမည်မှားနေပါသည်။ SPY မဟုတ်ပါ.... "PSY" ပါ....

PKD said...

Thanks for the correction Bro Sharon rose... :D

ညတုန်းက အိပ်ပျော်သွားလားမသိ... :D

Post a Comment