ondragstart="return false" onselectstart="return false"

Sunday, December 30, 2012

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်စဲဘို့ မင်းကိုနိုင် တိုက်တွန်း

ကချင်ပြည်နယ်မှာစစ်ပွဲတွေရပ်ဖို့  ကိုမင်းကိုနိုင်ကပြောနေပြီ တာပေမယ့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ပါးစပ်ပိတ်နေတုံးပဲ။ အံ့သြစရာကောင်းပါ၏။ အီးယူကပေးတဲ့ ငြိမ်းချမ်းရေးဆုက ဘာအတွက်လည်း.... ငြိမ်းချမ်းရေး ဆိုတဲ့စကားလုံးရဲ့အဓိပါယ်ကို ဘယ်လိုဖွင့်ဆိုကြတာလဲ.....

2012-12-29

ကချင်ပြည်နယ်မှာ စစ်ပွဲတွေအရှိန်မြင့်တက်နေတာဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အပေါ် ပြည်သူတွေယုံကြည်မှုပျက်စေတဲ့အတွက် စစ်ပွဲတွေ ရပ်စဲကြဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။



၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင်ကျင်းပသည့် လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှ သဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲတွင် ကိုမင်းကိုနိုင် စကားပြောကြားနေစဉ်။

ပြီးခဲ့တဲ့ရက်တွေမှာ အထက်မြန်မာနိုင်ငံ မြို့ရွာတွေကို စာပေဟောပြောပွဲတွေသွားခဲ့တဲ့ အခါမှာ ကချင်ပြည်နယ်ကစစ်ပွဲနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို ဒေသခံတွေမေးမြန်း ကြတဲ့အကြောင်းနဲ့ သူ့သဘောထားပြန်လည်ပြောဆိုခဲ့တဲ့အကြောင်း ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။ KIO ဌာနချုပ်ရှိတဲ့ ကချင်ပြည်နယ်၊လိုင်ဇာမြို့အနားမှာ အစိုးရတပ်တွေ ထိုးစစ်ဆင် နေတဲ့အတွက် ဒေသခံပြည်သူတွေအမြောက်အများထွက်ပြေးနေကြရတယ် ဆိုတဲ့သတင်းတွေ ပေါ်ထွက်နေတာကို ရည်ညွှန်းပြောသွားပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်လဲဖြစ် စာရေးဆရာတစ်ယောက်လဲဖြစ်တဲ့ ကိုမင်းကိုနိုင်ဟာ အခြားစာရေးဆရာတွေနဲ့အတူ ဒီရက်ပိုင်းတွေမှာ နယ်တွေလှည့်ပြီး စာပေဟောပြောတာတွေရှိခဲ့ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

2 comments:

sp said...

အန်တီစု က ဘာလုပ်ရမှာလည်း ဗျ သူ က ဦးသိန်းစိန်ရဲ့ အရိုက်အရာကို လက်ခံမည့် သမီးလိမ်မာလေဗျာ...ဒါကြောင့်အဖေကြီး ရဲ့ အညိုအညင်ခံရမည့်အလုပ်မျိုး ကို သူလုံးဝလုပ်မှာမဟုတ်ဘူး..ဘာတဲ့လည်း...ပြည်သူက တောင်းဆိုရင်သူ က သမတ ရာထူးကိုပါ ယူမည်ဆိုဘဲ..အပိုင်တွက်ထားပုံရတယ်..တိုင်းရင်းသားအရေးမပြောနှင့် ကြေးနီစီမံကိန်း သပိတ်စခန်းဖြိုံခွဲခံခဲ့  ရမှုနှင့် ပက်က်ပြီး ဟို စစ်ဘီလူးတွေကို ပြောရမည်းစကားကို ပြည်သူတွေကို သူကပြောခဲ့တယ်..ဘာတဲ့လည်း ..တိုင်းပြည်ရဲ့ဂုဏ်သိပ်ခါကျအောင် မလု့ပ်ကြပါနှင့်.ဆန်ဒမပြကြပါနှင့်ါတဲ့.......အမှန်တစ်ကယ် တိုင်းပြည်ရဲ့၈ုသိက်ခါကျအောင်လုပ်နေတာက ဟို လက်တစ်ဆုပ်စာ စစ်ဗိုလ်တစ်မတ်သားအဖွဲ့ တွေ...ဒါတွေအားလုံးကိုသုံးသပ်ကြည့်ရင်အန်တီစု အစစ်ဟာ ဒီပဲရင်းဖြိုခွဲမှု မှာကတည်းက သေဆုံးသွားခဲ့ပြီလို့ ယူဆရမလိုဖြစ်နေပြီ...နောက်ပြီးဗိုလ်ချုပ်
ခင်ညွန့် နှင့်အန်တီစုတို့ တိတ်တစ်ဆိတ် တံခါးပိတ်တိုင်ပင်ခဲ့တာတွေကကောဘာတေဗွလဲ...အခုတိုင်းရင်းသားကချင်နယ်မြေ ကစစ်အစိုးရ ရဲ့မတရားကျူးကျော်အနိုင်ကျင်းဗိုလ်ကျတဲ့ စစ်ပွဲကိုစကားတစ်ခွန်းမှမဟခဲ့တဲ့ မဟသေးတဲ့အန်တီစု ကို လုံးဝရှုတ်ချပါတယ်.....လုံးရှုတ်ချပါတယ်..လုံးဝရှုတ်ချပါတယ်...ကျုပ်အဆိုကို လက်ခံမည့်သူကော ဆန့်ံ့ကျင်မည့်သူအားလုံးကို ကြိုဆိုပါတယ်...ပို၈ိုလ်စွဲ..၀ါဒစွဲ ..အကြောက်တစ်ရားမရှိဘဲ အမြင်ကိုအမြင်တိုင်းဝေဖန်တာ..ဝေဖန်ရဲတာဟာဒီမိုကရေစီရဲ့ လမ်းစဉ်တစ်ခုဘဲ..

Unknown said...
This comment has been removed by the author.

Post a Comment