ondragstart="return false" onselectstart="return false"

Friday, December 21, 2012

KNU ဥက္ကဋ္ဌအဖြစ် ဗိုလ်ချူပ်ကြီး မူတူးစေးဖိုးကို ရွေးချယ်တင်မြှောက်

သန်းထိုက်ဦး - ဧရာဝတီ


KNLA စစ်ဦးစီးချုပ် မူတူးဆေးဖိုး (ဘယ်ဘက်မှ ဒုတိယမြောက်) ကို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ဘားအံတွင် ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ၁၅ ကြိမ်မြောက် ကွန်ဂရက် အစည်းအဝေးတွင် KNU ဥက္ကဋ္ဌအဖြစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကို ယနေ့ ရွေးချယ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၂၆ ရက်နေ့မှ စတင်၍ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) လေးဝါးစခန်းတွင် ၃ ပတ်ကျော်ကြာ KNU ညီလာခံကို ကျင်းပပြုလုပ်လျက်ရှိရာ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များက ရွေးချယ်တင် မြှောက်ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်သည် ဦးမန်းမျိုးမြင့်က ဧရာဝတီသို့ ပြောသည်။

ယင်း ညီလာခံကို ကိုယ်စားလှယ် ၁၇၁ ဦး တက်ရောက်ခဲ့ပြီး ဒီမိုကရေစီ နည်းလမ်းဖြင့် ရွေးချယ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ် မူတူးစေးဖိုးနှင့် အတူ KNU ကွန်ဂရက်တွင် နော်စီဖိုးရာစိန်ကို ဒု ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ အထွေထွေ အတွင်းရေးမှူးအဖြစ် တပ်မဟာ ၄ ဒေသ ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒို ကွယ်ထူးဝင်းနှင့် တွဲဖက် အတွင်းရေးမှူး (၁) နှင့် (၂) အဖြစ် ပဒို သောသီဘွဲနှင့် ပဒို မန်းမန်းတို့ကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် တခြားသော အလုပ်အမှုဆောင် ကော်မတီဝင်များ အပါအ၀င် စစ်ဦးစီးချုပ်နှင့် စစ်ဘက်ဆိုင်ရာ ထိပ်တန်း ခေါင်းဆောင်များကိုလည်း မကြာခင်ရက်ပိုင်းအတွင်း ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။

KNU အဖွဲ့အစည်း အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ ယခုအချိန်အထိ ဥက္ကဋ္ဌ ၈ ဦး ရှိသွားပြီ ဖြစ်သည်။ KNU သည် အင်အားကြီးမားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကာ ထိုအချိန်က ဥက္ကဋ္ဌမှာ စောစံဖိုးသင် ဖြစ်သည်။

၁၉၄၉ ခုနှစ်မှ စတင်ကာ KNU အဖွဲ့အစည်းအနေနှင့် မြန်မာအစိုးရကို နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။ သို့သော် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နှစ်ဖက် ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံးအကြိမ် ပြည်နယ်အဆင့် အစိုးရနှင့် သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြသည်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်သွားရန် ပါရှိပြီး ယခုနှစ် ဧပြီးလမှ စတင်၍ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ဘုရားသုံးဆူမြို့နယ်နှင့် မြ၀တီမြို့နယ်တို့တွင် ဖွင့်လှစ်ထားပြီး ဖြစ်သည်။
http://burma.irrawaddy.org/archives/28790

11 comments:

ကြယ်တာရာ said...

သူသာ ဥက္ကဋ္ဌလုပ်တတ်ရင် ငါလဲလုပ်တတ်တာဘဲ.. ဟ ဟ ဟ

sp said...

အင်း...ကေအန်ယူ ၁၅ ကြိမ်မြောက်ကွန်ကရက် ကတင်မြောက်လိုက်တဲ့ ကေအန်ယူခေါင်းဆောင်တစ်ချို့ နှင့်ကေအန်လ်အေ အဖွဲ့ ဝင်တစ်ချို့ ရဲ့ ခေါင်း
ဆောင်များသာလက်ခံသော ခေါင်းဆောင်သစ်များ( လူထုနှင့်  အတွေးအခေါ်ရှိသော လူများမပါဝင်)စာရင်းများကိုကြည့်ခြင်းအားဖြင့် ကေအန်ယူအတွင့်မှာ ဘယ်လိုလူစားတွေနှင့်ဘယ်လိုအတွေးအခေါ်ရှိသော
သူများသားကြီးစိုးလျှက်ရှိနေသည်ကို ၉၉ ရာခိုင်နှုန်း ပေါ်လွင်စေပါသည်..အမှန်တစ်ရားကိုကိုလက်ခံပြီ့း် အတွေးအခေါ်ရှိ သော သူတွေအားနည်းနေသေးသမျှ ကတော့ကရင်အမျိုးသားတွေရဲ့ အနာဂတ်က
့ သောင်ပြင်မှာပြေးနေရတဲ့သခင်မဲ့တဲ့ ခွေးရှူးတွေလိုဘဲဖြစ်နေရဦးမှာပါဘဲ မူတူးစေးဖိုးကတော့လူသိရှင်ကြားစာမေးပွဲ့ကျထားတဲ့တစ်ယူသန်တစ်စောက်ကန်းနိုင်ငံရေးအမြင်မရှိ ၊စစ်ရေးလည်းးဒီလောက်မဟုတ်ပါ..့း် သောသီဆိုတဲ့ငရန်မာန်ကန်းဟာ တစ်ယူသန်တစ်စောက်ကန်း..အတွေးအခေါ်ဆိုတာ ကတော့..မပြောတော့ပါဘူး..ကွယ်ထူးဝင်းကတော့ သူ့
ဆ၇ြာ့ကီးမူတူးလို လူသိရှင်ကြားစာမေးပွဲကျထားပြီး ..စာမေးပွဲကျထားပြီးတဲ့
အချိန်အတောအတွင်းမှာဘဲ သူ့ ကိုအင်တာဗျူး တော့ သူ့ ရဲ့စကားလုံးအဖြေတွေဟာသူ့ ရဲ့ သူ့ ရဲ့ အတွေးအခေါ် အရည်အချင်းကို ၁၀၀ရာခိုင်နှုန်းပေါ်လွင်စေပြီးပြီဆိုတော့ အထွေအထူးမပြောလိုတော့ပါ..တစ်ခုထပ်ပြီး ဖြည့်စွက်ပြောချင်တာကတော့ ပြည်သူလူထုရဲ့အသည်းကြားကမဲတစ်ပြားမှမပါတဲ့ရွှေးချယ်တင်မြောက်မှူကိုဒီ
မိုကရေစီကျကျနည်းစနစ်ဖြင့်ရွှေးချင်တင်မြောက်သည်လို့ လုံးဝမဆိုနိုင်ကြောင်းပါ...ဒီအရေးကြီးတဲ့ခေါင်းဆောင်ပိုင်းရွေးချင်တင်မြောက်မှုမှာ
ပဒိုဒေးဗစ်သာကဘောလိုအတွေးအခေါ်ရှိပြီး လူမျိုးရေးအတွက်တစ်ကယ်လုပ်ပြီး ကိုယ်ပိုင်ဆိုင်တာဆိုလို့ ဘာမှမရှိတဲ့ခေါင်းဆောင်မျိုး ပြတ်ကျန်နေခဲ့တာကတော့တစ်ကယ်စိတ်မကောင်းစရာပါ....

ကညော said...

..၀န်ကြီးဦးအောင်မင်းကတော့ ကြိတ်ပြီးပြူံးနေဦးတော့မှာဘဲ...သူစည်းရုံးလို့ 
ရထားတဲ့လူတွေကြီးဘဲ အာဏာရလာတာကိုး...နောက်ဆုံး စစ်ဦးစီးချူပ်နေရာမှာခန့်အပ်တဲ့လူသာ ဦးအောင်မင်းအလိုကြလူထပ်ဖြစ်သွား
ရင် ကရင့်တောလှန်ရေးကြီးကတော့သွားပြီ.......ကွန်လွန်သူ ဥကဠကြီးဘဦး
ဘဦးကြီးပြောသော ကရင်တွေအကုန်လုံးရန်ကုန်သွားပြီးလည် စင်းသွားမခံသရွှေ့  ကရင်တော်လှန်ရေးကြီး ဟာလုံးဝပြောက်ကွယ်မသွားနိုင်
ဘူးဆိုသော စကားလုံးရဲ့အ meaning ကို ခေါင်းဆောင်ကြီးများ နားလည်နိုင်
ကြပါစေလိုဆုတောင်းရင်းနှင့်ကရင့်တောလှန်ရေးကြီးရဲ့ကံကြမ်မာကို ရင်တစ်
ထိပ်ထိပ်နှင့် စောင့်ကြည့်နေရုံကလွဲပြီးဘာမှမတတ်နိုင်တော့ပါ

Unknown said...

Se Bo Ra Sein need to resign.
I am thinking about to return to Burma from the US to kill thaw thi bweh but i am surprise that he was elected.
1 BDG solider need to be careful.
Now he had more power to kill 1 BDG solider.
He is from 1 BDG but he work for Bo Mya and Mu Tu Say Poe.
The first person that need to be careful now is Bo Plait.
I want to tell 1 BDG people that Thaw Thi not represent them.

Unknown said...

I do not understand what the hell going on among KNU'
Kweh Htoo Win if you listen to his interview message he is talking like (shit).
I think KNU leader don't have access to listen or read about his message or article.
Thaw Thi Bweh if you look at his eyes you will see his eyes represent his mind and ability.
Mahn Mahn is NGO personal.
MU TU is 224 Htoo Htoo Lay toy. NGO two face policy team.
If Johny become chief of army the fortune for the karen people is Burmese Slave and Hell/

Min Pa Pa said...

ဘွဲရများဖြစ်ကြတဲ့ စောဒေးဗစ်တာကပေါ်နဲ့ စောလှငွေတို့ လို လူတောင် အမြဲတမ်းကော်မတီ ၄၅ ရောက်ထည့်မှာမပါဘူးဆိုတော့ ကေအဲန်ယူမှာ ပညာတတ် တွေ တော်တော်များပြီလားလို့ မေးရမှာဖြစ်ပါတယ်။

နွားကျောင်းသားဘွဲယူထားတဲ့လူတွေက ခရိုင်မှာ ဥက္ကဌလုပ်လိုက် ဗဟိုမှာ ဟိုလိုလိုဒီလိုလိုလုပ်တဲ့သူတွေက လုပ်လိုက် မောင်ချစ်သူလို လူများလာပြီ။

ဘာပဲဖြစ်ဖြစ် စောဒေးဗစ်တာကပေါ်နဲ့ စောလှငွေတို့ အတွက် ဂုဏ်ယူပါတယ်။ သူတို့ တွေ တာဝန်ကျေပြီ။ မိသားစုနဲ့ အတူ အေးအေးဆေးဆေးနေလို့ ရပြီ။ အမျိုးသားကို ဂျောက်ထည့်ပို့ မည့် ဇယားအရှူပ်ထုတ်မှာ သူတို့ နှစ်ယောက် ကွင်းလုံးကျွတ်လွတ်မြောက်သွားပြီ

karendeltaforce said...
This comment has been removed by the author.
karendeltaforce said...

how can the kind of leaders were elected? Before the election, According to C Box in ThawtheeKHo, They were not our popular or desired leader in KNU. most bad news for those leader, we have read. Hey Thawtheekho what happened with your CBox, you can have survey from there. Can u please set up C box or survey? just one day, most of comment are bad and worse for these elected leaders. is there any good news for these elected leaders to come? they should be a shame of being elected.
thanks

hotladylay@gmail.com said...

KNU ၁၅ ကြိမ်မြောက်ကွန်ကယက်မှပေါ်ထွက်လာသော ဥက္ကဌ ရာထူးနှင့်အခြား ထိပ်ပိုင်းရာထူးများရွေးချယ်ပွဲ ရလဒ်ဟာ ဦးသိန်းစိန်ငြိမ်းချမ်းရေးကော်မီတီနဲ့ KNU ရဲ့ အရှုံးအနိုင်ရလဒ်ပါပဲ အခုရွေးချယ်ခံလိုက်ရတဲ့ ကရင်ခေါင်းဆောင်တွေဟာ ငြိမ်းကော်မတီရဲ့ ကောက်ကျစ်မှု တွေကိုမှီနိုင်လောက်တဲ့အထိ ဥာဏ်မမှီကြ နိုင်ငံရေးအတွေ့အကြုံမရှိကြတဲ့အတွက် ကရင်လူမျိုးတွေတော့ ပြုပြင်ပြောင်းလဲရေးနဲ့ စီးကမ်းရှိတဲ့ဒီမိုကရေစီလို့အော်ဟစ်နေတဲ့ စစ်တပ်ကျောထောက်နောက်ခံ အစိုးရသစ်ရဲ့ နိုင်ငံရေး ဆူနာမီ ရေလှိုင်းကြီးအောက်မှာ အလူးအလှိမ့်ခံကြရတော့မှာပါ (ကျေးလက်နေကရင်လူထုကြီးအားလုံး အစိုးရသစ်နဲ့ KNU တို့ လက်တွဲလုပ်မဲ့ စီမံကိန်းကြီးတွေကြောင့် အထုပ်ပိုက်ပြီး အိုးအိမ်။လယ်ယာ။ဥယာဉ်ခြံတွေ စွန့်ပြစ်ပြေးကြဖို့သာကြိုတင်ပြင်ဆင်ထားကြပေတော့။)

Unknown said...

၁၅ ကြိမ်မြောက် ကွန်ကရက်ကရွှေးချယ်တင်မြောက်တဲ့ခေါင်းဆောင်တင်
မြောက်မှုအမည်စာရင်းတွင် အရည်အချင်းရှိသူ..ကိုယ်ကြိုးစွန့်သူ ..အတွေးအခေါ်ရှိသူ မိမိလူမျိုးအတွက်တစ်ကယ်စွန့် လွတ်အနစ်နာခံသူ စာရင်းများကို လုံးဝမတွေ့ ရှိရပါသဖြင့်(စီဖိုးရာစိန်မပါ) ကျုပ်တို့ ပြည်သူများ
လုံးဝလက်မခံပါ...ဆန့် ကျင်တယ်..ဆန့် ကျင်တယ်..ဆန့် ကျင်တယ်..ဒီအတိုင်းဆိုရင် KNU...KNLA ဆိုတဲ့နာမ်မည်ကိုခင်ဗျားတို့ ဆက်မသုံးကြတော့ပါနှင့်....ခင်ဗျားတို့  ဂိုဏ်းဂဏတွေသာဖွဲ့ ကြပြီးနာမ်မည်
အသစ်သာပေးလိုက်ကြပါတော့...ပုဂိုလ်စွဲ ကို ဦးစားပေးရမည့်အဖြေအနေမဟုတ်ဘူးဗျ..ကိုယ့်လူမျိုးအတွက်တစ်ကယ်လုပ်
ဆောင်နိုင်သူ အရည်အချင်းရှိသူ အတွေးအခေါ်ရှိသူကို ရွေးချင်တင်မြောက်
ရမည့်အချိန်...အခုတော့...ဆန့် ကျင်တယ်..ခင်ဗျားတို့ ရဲ့ အပြစ်အခတ်ရပ်
စဲရေး အတုအရောင်ကြောင့် ပြည်သူတွေဒုက်ခ ပိုပြီးထပ်ခံစားရလို့ ကတော့
ခင်ဗျားတို့ ကို မြန်မာပြည်ဒီမိုကရေစီတစ်ကယ်ရလာတဲ့တစ်နေ့ အကုန်လုံးကိုစစ်ခုန်ရုံးတင်ပစ်မည်...တော်လှန်ရေးတစ်ကာလတစ်လျောက်
ခင်ဗျားတို့ လူထုတွေအပေါ်..ဘာလုပ်လာသလဲဆိုတာ ခင်ဗျားတို့ သာအသိဆုံးပါ...လူကောင်းတွေခံနေခဲ့လို့ ထိုင်ကြည့်နေတာ...အခုပုံအတိုင်းဆိုရင်တော့ထိုင်ကြည့်နေလို့ မရတော့ဘူး..

Karen-Shop said...

အင်းကွာ.... စိတ်မကောင်းပါဘူး ကေအဲန်ယူ ရေ။ အနှစ် ၆၀ ကျော်နာမည်ယူ ထားတဲ့ ကေအဲန်ယူဟာ အခုမှပဲ ပျောက်သွားတော့မှာပဲ။ အခုရွေးလိုက်တဲ့ ခေါင်းဆောင်ထဲမှာ ကျုပ်ကတော့ တစ်ယောက်မှ စိတ်မချမ်းသာ ဘူးဗျာ။ အခုလိုရွေးလိုက်တဲ့ ခေါင်းဆောင်ဟာ ကျုပ်တို့ အဆင့်က ဒီခေါင်းဆောင်နဲ့ပဲတန်လို့ ရလိုက်တာပါ။ နောက်မှပဲ ခင်ဗျားတို့ အားလုံးအကြောင်း ကျုပ်ဖော်ပြအိုးမည်။

Post a Comment