ondragstart="return false" onselectstart="return false"

Sunday, December 23, 2012

ကျိုက်ထီးရိုးတွင် ကားသမားထံမှ အတင်းအဓမ္မ တောင်းယူသွားသော ငွေ ၇ သိန်းကို KNU အဖွဲ့ မှ ပြန်လည်ပေးအပ်

မှတ်ချက်။ ။ ပြည်တွင်းဂျာနယ်တစ်စောင်ဖြစ်တဲ့ Myanmar Online News မှ ဖေါ်ပြထားသည့် မူရင်းအတိုင်း ပြန်လည်ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။ သတင်းက ကေအဲန်ယူအကြောင်းဖြစ်ပြီး ဓါတ်ပုံက DKBA တပ်သားများဓါတ်ပုံဖြစ်နေပါသည်။ တစ်ခုခုတော့မှားနေသည်။ သက်ဆိုင်သူတွေစုံစမ်းဖေါ်ထုတ်ဖို့ လိုမည်ဟု ယူဆပါသည်။

Sunday, 23 December 2012


KNU ကမ်းဘဲခေါင်းဆောင်သည့်အဖွဲ့မှ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ကျိုက်ထီးရိုး တောင်တက်ယာဉ်တစ်စီးမှ အတင်း အဓမ္မတောင်းယူသွားသော ငွေ ၇ သိန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် KNU အဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် KNU တပ်မဟာ (၁) မှ ကမ်းဘဲ ဦးဆောင်သော လက်နက်ကိုင် ၈ ဦးဟာ ထိုင်ဝမ်းအမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး စီးနင်းလာသော ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ် အသင်းမှ ကားတစ်စီးကို တားပြီး ကားမောင်းသမားထံမှ ငွေ ၇ သိန်းကို အတင်းအဓမ္မ တောင်းယူ သွားခဲ့ပါသည်။

အထက်ပါကိစ္စနှင့် ပတ်သက်ပြီး KNU မှတာဝန်ရှိသူများအား တိုင်ကြား
ခဲ့သည့်အတွက် KNU အဖွဲ့ ကျိုက်ကော်မြို့ ဆက်ဆံရေးတာဝန်ခံအရာရှိ
အောင်သောင်းသိန်း နှင့်အဖွဲ့မှ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်
တောင်တက်မော်တောယာဉ်အသင်းရုံးကို ရောက်ရှိလာခဲ့ပြီး
ကမ်းဘဲနှင့် အဖွဲ့ဝင်များလုပ်ရပ်ကို တောင်းပန် ကြောင်းနှင့် ငွေ ၇ သိန်း
ကိစ္စကို ပြန်လည်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းတွင် KNU တပ်မဟာ(၁)မှ တပ်ခွဲမှူး မောင်စိန်နှင့် ဒုတပ်ခွဲမှူး ဆာရိုးတို့နှစ်ဦးမှ ကင်ပွန်းစခန်းကို
ရောက်ရှိလာခဲ့ပြီး ကျိုက်ထီးရိုး ဘုရားဂေါပက ဥက္ကဌ ဦးစံမြင့်နှင့်
တောင်တက်မော်တော်ယာဉ်အသင်း ဥက္ကဌ ဦးဝိတင်တို့နှင့် တွေ့ဆုံပြီး ကမ်းဘဲတောင်းယူသွားသော ငွေ ၇ သိန်းကို ပြန်လည်ပေးအပ်ခဲ့ကြောင်း ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူ
တစ်ဦးက ပြောပြခဲ့ပါသည်။

Myanmar Online News
http://www.facebook.com/pages/Myanmar-Online-News/459386844101959

2 comments:

Anonymous said...

အဲဒီသတင်းကို ငါလဲဖတ်ရတယ် ဒါပေမဲ့ ငါဖတ်တုန်းက
ဘာဓာတ်ပုံမှမပါဘူး ခုမှဓာတ်ပုံနဲ့ ဘယ်လိုဖြစ်သွားတာလဲ

Unknown said...

The news writer should be warned or prosecuted with the charge of damaging the name and prestige of KNU.
The Editor should also be warned not to include such news without reliability and credibility.

Post a Comment