ondragstart="return false" onselectstart="return false"

Tuesday, February 12, 2013

ကရင်လူထု ငြိမ်းချမ်းရေး ထောက်ခံပွဲကို ပန်းတနော်မြို့မှာ ကျင်းပ



2013-02-11

ပြည်ထောင်စုအစိုးရနဲ့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးတို့ အကြား ငြိမ်းချမ်းရေးတည်ဆောက်မှုကို ကြိုဆိုတဲ့ထောက်ခံပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ ဒီကနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော် မြို့နယ်က အားကစားကွင်းမှာ ပထမဆုံး အကြိမ် ကျင်းပခဲ့ပါတယ်။



Photo: RFA/Moe Thu Aung
အစိုးရနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့အကြား ငြိမ်းချမ်းရေးတည်ဆောက်မှု ကြိုဆိုထောက်ခံတဲ့ပွဲကို ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပန်းတနော်မြို့ အားကစားကွင်းမှာ ကျင်းပခဲ့စဉ်

ဒီငြိမ်းချမ်းရေး ထောက်ခံပွဲကို ပန်းတနော်မြို့နယ်မှာ စတင်ကျင်းပခဲ့တာနဲ့ ပက်သက်ပြီး ပန်းတနော်မြို့နယ် ကရင်စာပေနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဌ မန်းသိန်းလှက -

“ကျနော်တို့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ ဒီကြိုဆိုထောက်ခံပွဲဆိုတာ တစ်နိုင်ငံလုံးမှာ ဘယ်မှာမှမရှိပါဘူး၊ ပန်းတနော် မြို့နယ်မှာရှိတဲ့ ဒီစာပေယဉ်ကျေးမှု ကော်မတီက တာဝန်ရှိတဲ့ ခေါင်းဆောင်တွေဟာ ဒါကို ရဲရဲရင့်ရင့် ရှေ့ကနေထွက်ပြီးတော့ ဒီလိုဆောင်ရွက်လိုက်တဲ့အတွက် ခွင့်ပြုချက်ရတယ်၊ ဧရာဝတီတိုင်းမှာရှိတဲ့ ကျန်တဲ့မြို့နယ် ၁၀ မြို့နယ်လောက်က ပန်းတနော် မြို့နယ်ရဲ့ ဦးဆောင်မှုအောက်ကို ဒီငြိမ်းချမ်းရေး ကြိုဆိုထောက်ခံပွဲကိုပါဝင်ပြီးတော့ တက်ရောက်ခဲ့တဲ့အတွက် အင်မတန်ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ ကျနော်ထင်ပါတယ်”

ဒီကနေ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကြိုဆိုထောက်ခံပွဲကို ကရင်အမျိုးသားအစည်းအရုံးဘက်က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်နဲ့ ကိုယ်စားလှယ်တချို့ တက်ရောက်ခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကိုယ်စားလှယ်အဖြစ် ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းကိုကိုနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အရာရှိတချို့လည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး တို့အကြား ဖော်ဆောင်နေတဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှု ဆွေးနွေးပွဲအား ထောက်ခံတဲ့အဆိုကို ပိုးကရင်၊ စကောကရင်၊ ဗမာ သုံးဘာသာနဲ့ ဖတ်ကြားတင်ပြကြပါတယ်။

2 comments:

sp said...

ငြိမ်မောင်..ငြိမ်းမောင်....စကားပြောလိုက်ရင် မင်.ပထွေး နိုင်ငံတော်သမတဆိုတာကြီးမပါရင် မင်းစကားမပြောတတ်တော့ဘူးနှဲ့တူတယ်..
သူကမင်းကိုထန်းလျှက်ခဲ တော်တော်များများကျွေးထားပုံရတယ်..ပြောလဲအင်တာနက်တတ် စာဖတ်မည့်ပုံမပေါက်တဲ့မင်းတို့ နားပိတ်တွေကိုပြောနေလဲ ကျွဲပါးစောင်းတီးတာနဲ့ အတူတူဘဲ...ဟိုဂတုံးကဘာတဲ့လဲ.ကွယ်ကလူနှင့် အင်တာဗျူးမှာ..တစ်နာရီကို တစ်စင်တီမီတာအမြန်နှုန်းစကားသံနဲ့ .ပညာတတ်လူငယ်တွေကို လက်ခံ လက်တွဲ ဘို့ ရှိလားဆိုတော့ " သ့တခါတန့ ၃်ဘ၃်..ကဘ၃် ဘ၃် ဒ်း" ဆိုဘဲ...သူ့ ကိုသူတော့ပြန်မကြည့်ဘူး...တတ်လဲမတတ်..ပညာလဲမရှိ...တယူကလဲ သန်

Unknown said...

ဖားတီ ဂတုံးက သူ့နိုင်ငံရေးကို ငါတို့ကရင်တွေ သုံးနေတဲ့ ပုလဲ(ကညီကျိာ် ကု ) နှင့်နှိုင်းထားတာကိုပဲကြည့်.. ဒီခေတ်ကြီးထဲမှာ လူငယ်တွေနားလည်အောင်ပြောမဲ့ နိုင်ငံရေးစကားက ဒီလောက်ရှားရသလား.. ဟို မြို့ထဲက ကရင်ငတုံးတွေကလဲ ဘာမသိ ညှာမသိပဲ ထောက်ခံလိုက်သေးတယ်.. ငြိမ်းချမ်းရေးဆိုတာဘာလဲ နိုင်ငံရေးဆိုတာဘာလဲ ကရင်လူမျိုးတမျိုးရေးတဲ့ သမိုင်းကို သေသေချာချာ မလေ့လာပဲနဲ သူများငြိမ်းချမ်းရေးပြောရင် လိုက်ပြောလိုက်..သူများ ဒီမိုကရေစီဆိုရင်လဲ ဒီမိုကရေစီလိုက်.. ဘာတွေလဲဟာ့.. ငြိမ်းချမ်းရေးဆိုတာ ကောင်းတယ်.. ဒါပေမဲ့ ငြိမ်းချမ်းရေးကြောာင့် သမိုင်းပျက် လူမျိုးပျောက်တဲ့ လူမျိုးစုတွေ အများကြီး ရှိခဲ့ဖူးတယ်ဆိုတာ သိပုံမရကြဘူး..

Post a Comment