ondragstart="return false" onselectstart="return false"

Saturday, February 23, 2013

“သို့သော် အချိန်က စောနေသေးတယ်” လို့ ဆိုတော့ – Tu Maung Nyo


“သို့သော် အချိန်က စောနေသေးတယ်” လို့ ဆိုတော့

တူမောင်ညို၊ ဖေဖော်ဝါရီ ၂၂။ ၂၀၁၃

“အိုးက မပူ စလောင်းကပူရန်ကောရယ်”လို့ ပြောကြမယ်ဆိုလျှင်လည်းပြောကြပေတော့ဗျာ။

ပြောစရာရှိလာတာကိုဖြင့် ပြောကိုပြောရပေလိမ့်ဦးမယ်။ ရင်ဖွင့်တယ်လို့ သဘောထားကြပါ။

တစ်ဦးချင်းသဘောအနေနဲ့ ပြောရလျှင် ဒီချုပ်ကို တစ်လျှောက်လုံး ဝန်းရံခဲ့တာပါ။ တစ်လျှောက်လုံးဆိုတာ “ရွှေဂုံတိုင်ကြေညာချက်” အထိပေါ့။ “အရှိကို အရှိအတိုင်းမြင်တယ်”လို့ စပြောတဲ့အချိန်ကစပြီး ကျနော့်ရင်ထဲမှာ ဒီချုပ်နဲ့ပတ်သက်ပြီး ဆူးတောင်မာကြီးတစ် ချောင်းပေါက်လာခဲ့တာပါ။ အရှိကို အရှိအတိုင်းမြင်လိုက်တာဟာ “ရွှေဂုံတိုင်ကြေညာချက်” ကို ပစ်ပယ်ကျောခိုင်းလိုက်တာဖြစ်ပါတယ်။

“ရွှေဂုံတိုင်ကြေညာချက်”ရဲ့အနှစ်သာရ ၊ ဝိဉာဉ်က “၉၀ ရွေးကောက်ပွဲရလာဒ်” ကိုင်စွဲပြီး “၂၀၀၈ အခြေခံဥပဒေ” ကို အသိအမှတ်မပြုတာနဲ့ “နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး” တောင်းဆိုတာပါ။

ဒီနေရာမှာ “ဝန်းရံမှု” ဆိုတာနဲ့ပတ်သက်ပြီးပြောပါရစေ။

“ဝန်းရံမှု” ဆိုတာကို ကျနော်နားလည်တဲ့သဘောက “ဒီချုပ်လုပ်သမျှ အားလုံးမှန်၊ အားလုံးကောင်းပါသည်ခင်ဗျား” ဆိုပြီး မျက်စေ့မှိတ်ထောက်ခံတဲ့ ဝန်းရံမှုမျိုး လုံးဝမဟုတ်ပါဘူး။

မိတ်ကောင်းဆွေကောင်း၊ ရဲဘော်ရဲဘက်ကောင်းပီသပြီး၊ ဝေဖန်ဆန်းစစ်မှုနဲ့ ယှဉ်တဲ့ မျက်စေ့ဖွင့်ဝန်းရံမှုမျိုးဖြစ်ပါတယ်။ ဝေဖန် ဆန်းစစ်တယ်ဆိုရာမှာလည်း နင်ပဲငဆ ရိုင်းစိုင်းစွာပုတ်ခတ်မှု မျိုးမပါဘဲ၊ အချက်နဲ့ အလက်နဲ့၊ အကျိုးနဲ့အကြောင်းနဲ့ နှိုင်းယှဉ်ပြီး ဝေဖန် ထောက်ပြမှုမျိုးကို အလေးထားခဲ့တာပါ။

လူဆိုတော့လည်း လူပီသစွာ အစွဲလေးတော့ရှိပေလိမ့်မပေါ့ဗျာ။ ပမာပြောရလျှင်ဖြင့် “၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲ” ကာလ မှာ ဦးဉာဏ်ဝင်း ဒေါ်စုခြံထဲကနေ “ဘူးသီးကြီး” ယူလာခဲ့တာကို အကောင်းမြင်ပြီး အဓိပ္ပါယ်ဖွင့်ဆိုတဲ့ ဆန္ဒစွဲမျိုးပေါ့။

နောက်တော့ အားလုံးသော ဝန်းရံသူတွေရဲ့ခံစားမှုဟာ ဘယ်လိုဖြစ်ခဲ့ပြီး ဘယ်လိုအဆုံးသတ်ခဲ့ရတယ်ဆိုတာကို ထင်လွယ် မြင်လွယ်ရှိအောင် ပုံပမာနှိုင်းပြီးတင်ပြရလျှင်တော့ ဘန်ကောက်လုံချည် ငှားလိုက်မိတဲ့ လူရဲ့အဖြစ်မျိုးနဲ့ဆင်ဆင်တူနေပါတယ်။

ဘန်ကောက်လုံချည် ငှားလိုက်မိပြီဆိုကတည်းက နောက်ကနေ သင်ဖြူးဖျာကလေးလိပ်ပြီး ဖဝါးခြေထပ်လိုက်ရတော့တာပေါ့။ ဘန်ကောက်လုံချည်ဝတ်သွားတဲ့လူထိုင်မယ့်နေရာမှာ သင်ဖြူးဖျာကလေး လိုက်ခင်းပေးနေခဲ့ရတာပါ။ အဲဒီလို ဖဝါးခြေထပ်လိုက်နေရင်း ဘန်ကောက်လုံချည်ဝတ်တဲ့သူက တစ်ကွေ့မှာ မြောင်းထဲဆင်းသွားလေတော့ ကျနော်တို့မှာ ဖျာလိပ်ကလေးပိုက်ပြီး ငေးကြည့်နေခဲ့ရတဲ့ ဘဝမျိုးနဲ့ ကျန်ရစ်ခဲ့ရပါတယ်။

ဆောင်းပါးရှင်တစ်ဦးကတော့ ဒီချုပ်ပါတီဟာ “တစ်သက် မှာ နှစ်ဘဝ” လို့ ရေးတာဖတ်ရပါတယ်။ ( ၂ ခါ မှတ်ပုံတင်ရတာကို ရည်ညွန်းပြီးပြောတာပါ) ကျနော်တို့ ဝန်းရံသူများအဖြစ်ကတော့ တစ်ခါက တစ်ဘဝပေါ့ခင်ဗျာ။ တချို့သော ဝန်းရံသူများဆိုလျှင် အသက် ကိုစတေးခဲ့ကြရပြီး၊ တချို့ကတော့ မိသားစုနဲ့ဘဝတွေကို ပေးဆပ်ခဲ့ကြရတာပါ။ အခုတော့ အဲဒီလိုဝန်းရံခဲ့သူတွေကို “ဘဝသစ်ဒီချုပ်” က စစ်စိမ်းရောင် ရင့်ရင့်ကြီး စိမ်းကားနေပါတယ်။

ဒီလောက်ဆိုရင် တစ်ချိန်တစ်ခါက ဒီချုပ်ကို ဝန်းရံခဲ့သူတွေရဲ့ခံစားချက်ဘယ်လိုရှိသလဲဆိုတာ ထင်လွယ်မြင်လွယ်ရှိလောက်ပါ ပြီ။

ဒါဆိုလျှင် ဆောင်းပါးအစမှာဖေါ်ပြခဲ့တဲ့ “စလောင်းပူ”ရတဲ့ အကြောင်းမူလကို ရှင်းလင်းတင်ပြပါရစေ။

“သို့သော် အချိန်က စော နေသေးတယ်”

ဒီစကားက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးမေးတဲ့မေးခွန်းအပေါ် ပြည်သူ့လွှတ်တော် တရားစီရင်ရေး နှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို၏ အဖြေစကားဖြစ်ပါတယ်။

“ဘယ်အချက်တွေ ဦးစားပေးပြင်သင့်တယ်လို့ သုံးသပ်ထားပါသလဲ” လို့ထပ်မေးတဲ့အခါမှာတော့ “အခုပြောရင် စောနေပါသေး တယ်၊ ပြောလို့မကောင်းသေးပါဘူး၊ ပြင်စရာတွေအများကြီးရှိပါတယ်” လို့ နှပ်ကြောင်းပေးပြီး ပြောသွားပါတယ်။

“၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” နဲ့ “၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတ ရည်မှန်းထားသူ” အတွက်တော့ ဒီအဖြေ ဒီစကားတွေ က တော်တော် ဂွကျသွားစေပါတယ်။

“၂၀၀၈အခြေခံဥပဒေ”ပြင်ဆင်ရေးသမားအားလုံးကို “စောသေးတယ်၊ပြင်ချိန်မတန်သေးဘူး၊စောင့်ကြဦး” လို့ အတိအလင်း သတိပေးလိုက်တဲ့သဘော၊ ဟန့်တားလိုက်တဲ့သဘော၊ တားမြစ်လိုက်တဲ့သဘောဖြစ်ပါတယ်။

ဗျူးသူများကလည်း “ဘာကြောင့် အချိန်စောနေတယ်လို့ပြောနိုင်ပါသလဲ” လို့ ထပ်ဆင့် မေးခွန်းမထုတ်ခဲ့ကြဘူး။

ဖေါ်ပြခဲ့တဲ့ဂျာနယ်တွေကလည်း “၂၀၀၈ခုနှစ်အခြေခံဥပဒေဟာ လိုအပ်ချက်တွေ ကဏ္ဍအသီးသီးမှာ ရှိပါတယ်၊ ပြင်ဆင်စရာ တွေလည်း အများကြီးရှိနေပါတယ်” ဆိုတဲ့အချက်ကိုသာ အလေးထားခဲ့ကြတယ်။“အချိန်ကစောနေသေးတယ်” ဆိုတဲ့စကားကို “စပေါ့လိုက်” ထိုးပြဖို့ ပျက်ကွက်ခဲ့ကြတယ်။ လိုအပ်ချက်တွေ ကဏ္ဍအသီးသီးမှာရှိတယ်၊ ပြင်ဆင်စရာတွေ အများကြီးရှိတယ် ဆိုတာ လူတိုင်းသိမြင်နေ တဲ့ အချက်ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ နိုင်ငံရေးပါတီတွေဘက်က “အချိန်ကစောနေသေးတယ်” ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောသံ ဆိုသံ မကြားရတာပါ။ အထူးသဖြင့်ပေါ့ဗျာ။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ငန်းစဉ်ကြီးတစ်ရပ်အနေနဲ့အတိအလင်း ဖော်ထုတ်ကြေ ညာပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဒီချုပ်ပါတီက ဒီပြောဆိုချက်အပေါ် ဝေဖန်ဆန်းစစ်တာ၊ ပြန်လှန်မေးမြန်းတာ၊ သဘောထား အမြင်ထုတ်ဖေါ်ပြောဆိုတာမျိုးတွေလုပ်သင့်တာပေါ့။ ဒီချုပ်အမတ်မင်းတွေအနေနဲ့လည်း ကျင်းပဆဲလွှတ်တော်ထဲမှာ မေးမြန်းသင့်တာပေါ့ ဗျာ။

အခြားသောပါတီတွေ လွှတ်တော်အမတ်တွေလည်း မေးသင့်လှတဲ့မေးခွန်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ထံကလည်း ဘာသံမျှ မကြားရသေးပါဘူး။

“၂၀၀၈ အခြေခံဥပဒေ”ကို ဘယ်လိုနည်းလမ်းနဲ့ပြင်ဆင်ကြမှာလဲ။

“၂၀၀၈ အခြေခံဥပဒေ” ထဲမှ ပုဒ်မအချို့ကိုသာ ကွက်ပြီးပြင်ဆင်မှာလား။ [ဥပမာ - ပုဒ်မ ၅၉ (စ) ကို ကွက်ပြီး ပြင်ဆင်တာ မျိုး]

ရှေ့နေကြီး ဦးကိုနီ ရေးသားဟောပြောနေသလို “အခြေခံဥပဒေသစ်ပြန်ရေးပြီး အစားထိုးရေး” လား။

ရှေ့နေကြီး ဦးကိုနီ ရေးသားနေတာ၊ ဟောပြောနေတာတွေက “အခြေခံဥပဒေသစ်ပြန်ရေးပြီး အစားထိုးရေး” ဖြစ်ပါတယ်။ ရှေ့နေကြီးဦးကိုနီ ရေးသားဟောပြောနေတာတွေကို (SNLD)ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ် (UNA)တို့အနေနဲ့ သဘောကျလက်ခံလိမ့်မယ်လို့ ကျနော်ယူဆမိပါတယ်။

ဘာကြောင့်လဲဆိုတော့ “၂၀၀၈အခြေခံဥပဒေသည် တိုင်းရင်းသား လူမျိုးအရေးကိစ္စနှင့်ပဋိပက္ခများကို ဖြေရှင်း၍ လုံးဝမရနိုင် ကြောင်းယုံကြည်သည်” ဟု ရှင်းရှင်းလင်းလင်းထုတ်ပြန်ကြေညာထား၍ဖြစ်ပါတယ်။

ဒါပေမယ့် “ဒီလှိုင်းစာစောင်” မှာရှေ့နေကြီးဦးကိုနီ ရေးသားနေတာ၊ ဟောပြောနေတာတွေဟာ “ဆောင်းပါးရှင်ရဲ့အာဘော်” သက်သက်လား၊ “ဒီလှိုင်းစာစောင်အာဘော်” လား။ “ဒီချုပ်ပါတီအာဘော်”လားဆိုတာ တိတိကျကျပြောဖို့ခက်ပါတယ်။

အခုချိန်အထိ ဒီချုပ်ပါတီက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တိကျရှင်းလင်းတဲ့ လုပ်ငန်းစဉ်တစ်ရပ်ရေး သားထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးတဲ့ အချက်ဖြစ်ပါတယ်။

လွှတ်တော်တွင်း“ပညာရှိနည်း” လား။

လွှတ်တော်ပြင်ပ“လမ်းမပေါ်က လူထုနည်း” လား။

“၂၀၀၈ အခြေခံဥပဒေ” ထဲက အချက်အလက်တစ်ချို့ကိုသာ ရွေးနှုတ်ပြင်ဆင်မှာလား။

“၂၀၀၈ အခြေခံဥပဒေ” ဖျက်သိမ်းပြီး အခြေခံဥပဒေသစ်တစ်ခု ရေးတဲ့နည်းလား။

ဒီချုပ်ပါတီက ဘယ်နည်းနဲ့ပြင်ဆင်မှာလဲ။

ဒီလိုအချက်တွေကိုပြောပြောနေရလို့ “အိုးက မပူပဲ စလောင်းက ပူနေရတယ်”လို့ ပြောနေရတာပါ။

ကျနော့်သဘောကတော့ ရှေ့နေကြီးဦးကိုနီရဲ့ရေးသားဟောပြောချက်ကို သဘောကျပါတယ်။ ထောက်ခံပါတယ်။ ဘာကြောင့် လဲဆိုတော့ “၂၀၀၈အခြေခံဥပဒေ” ကို လုံးဝဖျက်သိမ်းပစ်ချင်လို့ပါပဲ။

ညွန်း

- ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၃

- (၆၆) ကြိမ်မြောက် ပြည်ထောင်စုနေ့ထုတ်ပြန်ကြညာချက်၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးစုများ မဟာမိတ် (UNA)
http://moemaka.com/?p=32463

2 comments:

Unknown said...

The whole World and we know that Myanmar military regime had done very bad things on their own people in the past. They destroyed their own Country and the future of so many generations. President U Thein Sein was part of those sins & crimes. He will have to hold accountability and responsibilities. Whether those military dictators like it or not, they will have to face consequence sooner or later in this life as well as next lives.
The main purpose of writing this comment is not to support military government, but to reveal the true character and loose moral of Tu Maung Nyo ( Nyo Tun/Khin Maung Tint/ Bay Dar ). I am not writing this comment to judge right or wrong for what he written against military dictator in this article. It will be judged by History, not me. You can write or talk all good things with powerful words, absolute truth or the words that people would like to read or hear.
However the most important thing is “Do as you do, and not necessarily what you say “
I would say that you and military regime are the similar creature. You write and talk very loudly for Justice, Democracy, Human Rights and so many good words like: Doe Ah Yale thon bar. But all are lies and just an empty shell.
For the people who don’t know you, they will think that you are fighting for justice and they may worship you as hero for what you wrote.
The real fact is that you seduced married women of your close friends, colleague from same party and break up their families. You may not believe or may not know how serious the sin of “Du Tha Na Thaw “.
You say one thing and do another thing. You committed so many bad things like military dictators. You will have to take responsibilities and face the consequence of sins you committed whether you like it or not. You will have to reap what you sow. You will have to payback one way or another for Your Own Karma sooner or later in this life as well as next lives similar to Myanmar military regime.

Unknown said...

Tu Maung Nyo - The main purpose of writing this comment is not to support military government, but to reveal the true character and loose moral of Tu Maung Nyo ( Nyo Tun/Khin Maung Tint/ Bay Dar ). I am not writing this comment to judge right or wrong for what he written against military dictator in this article. It will be judged by History, not me. You can write or talk all good things with powerful words, absolute truth or the words that people would like to read or hear.
However the most important thing is “Do as you do, and not necessarily what you say or write“
I would say that you and military regime are the similar creature. You write and talk very loudly for Justice, Democracy, Human Rights and so many good words like: Doe Ah Yale thon bar. But all are lies and just an empty shell.
For the people who don’t know you, they will think that you are fighting for justice and they may worship you as hero for what you wrote.
The real fact is that you seduced married women of your close friends, colleague from same party and break up their families. You may not believe or may not know how serious the sin of “Du Tha Na Thaw “.
You say one thing and do another thing. You committed so many bad things like military dictators. You will have to take responsibilities and face the consequence of sins you committed whether you like it or not. You will have to reap what you sow. You will have to payback one way or another for Your Own Karma sooner or later in this life as well as next lives similar to Myanmar military regime.

Ko Latt

Post a Comment