မိထ္ထီလာ အဓိကရုဏ်းနဲ့ လုံခြုံရေး
ပစ္စည်းတွေ ဖေါက်ထွင်းပြီးယူကြတာ တော်တော်အောက်တန်းကျတဲ့လုပ်ရပ်ပါ။
မိထ္ထီလာမြို့မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးတဲ့နောက်ပိုင်း လမ်းပေါ်မှာ အကြမ်းဖက် ဆူပူမှုတွေကို မတွေ့ရသလောက် ဖြစ်သွားပြီလို့ ဒေသခံတချို့က ဗွီအိုအေ မြန်မာပိုင်း ကို ပြောပါတယ်။ ဒါပေမယ့်လည်း မွတ်ဆလင်တွေပိုင်တဲ့ စတိုးဆိုင်တွေကို ဖျက်ဆီးပြီးတော့ ပစ္စည်းတွေယူတာ၊ အီလက်ထရောနစ် ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တွေကနေ ၊ ရေခဲသေတ္တာလို ပစ္စည်းမျိုးတွေ လုယူတာတွေ ရှိခဲ့ပါတယ်။ မိထ္ထီလာမြို့အခြေအနေကို ကိုယ်တိုင် သတင်းသွားယူတဲ့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုရော်နီညိမ်းက သတင်းပေးပို့ထားပါတယ်။
Type the rest of your post here.
No comments:
Post a Comment