ondragstart="return false" onselectstart="return false"

Saturday, March 23, 2013

ကရင်နီဒုက္ခသည်စခန်း မီးလောင်၍ သေဆုံးသူ ၃၀ ထဲမှ ကလေးများပါဝင်

Written by ကန္တာရဝတီတိုင်း(မ်)
၂၃ ရက် မတ်လ ၂၀၁၃ ခုနှစ်
ဓါတ်ပုံ - ဖေ့ဘွတ်


ယမန်နေ့ညနေက ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီအမှတ်-၂ ဒုက္ခသည်စခန်း မီးလောင်ကျွမ်းခဲ့လို့ ဒုက္ခသည် ၃၂ ဦးသေဆုံးခဲ့ရပြီး သေဆုံးသူထဲမှ ကလေးငယ် ၁၀ ဦးပါတယ်လို့ ကန္တာရ၀တီတိုင်း(မ်) သတင်းထောက်မှ သတင်းပေးပို့ပါတယ်။

ဒဏ်ရာရရှိသူ ၅ ဦးထဲမှ သုံးဦးကို မယ်ဆောင်ဆောင်ဆေးရုံသို့ အရေးပေါ် ပို့ပေးခဲ့ရပါတယ်။ မွန်းလွဲပိုင်း ၃ နာရီခန့်က စတင်လောင်ကျွမ်းပြီး ညနေ ၅နာရီလောက်မှာ ငြိမ်းသွားတယ်လို့သိရပါတယ်။ ရပ်ကွက် ၁နဲ့ ရပ်ကွက် ၄က အိမ်ခြေ ၄၂၀ ကျော်ကို ပြာကျသွားစေခဲ့ပါတယ်။

ရပ်ကွက်၂ ခုစလုံးထဲက အိမ်ခြေအားလုံးနီးပါး မီးလောင်ကျွမ်းသွားခဲ့တဲ့အတွက် လက်ရှိ ရပ်ကွက် ၁ မှ လူဦးရေ ၁၁၂၃ ဦးနဲ့ ရပ်ကွက်၎မှ လူဦးရေ ၁၂၀၇ဦးအတွက် NGO အဖွဲ့အစည်းများဖြစ်တဲ့ IRC, TBBC, IOM နဲ့ ဒေသခံ ထိုင်းအာဏာပိုင်တို့ကနေ အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်ပေးနေပါတယ်။

ထိုင်း - မြန်မာနယ်စပ် ကယ်ဆယ်ရေးညွန့်ပေါင်းအသင်း TBBC ရဲ့ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီ လူဦးရေစာရင်းပြုစုထားချက်အရ အမှတ် ၂ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ၃၄၅၈ ဦးဖြစ်ပါတယ်။

ဒုက္ခရောက်နေတဲ့ ရပ်ကွက် ၁ အိမ်ခြေ ၂၀၇အိမ်ထောင်၊ လူဦးရေ ၁၁၂၃ဦး နဲ့ ရပ်ကွက် ၄ အိမ်ခြေ ၂၁၃အိမ်ထောင်၊ လူဦးရေ ၁၂၀၇ဦး ဖြစ်ပါတယ်။ တချို့က ချောင်းနံဘေးမှာမီးဖိုပြီး အိပ်တယ်။ တချို့က မိမိဆွေမျိုးအိမ်မှာ သွားအိပ်နေကြပါတယ်။

1 comment:

democracy said...

VIDEO FIRE BANN MAE SURIN CAMP http://www.youtube.com/watch?v=wdS0GCghw-A&feature=youtu.be

Post a Comment