ondragstart="return false" onselectstart="return false"

Wednesday, March 20, 2013

ကရင်တိုင်းရင်းသား နှီးနှောဖလှယ်ပွဲ ပြည်တွင်းတွင် ကျင်းပမည်

Published on March 19, 2013 by ​အေး​နိုင်

ကရင်တိုင်းရင်းသားရေးရာ နှီးနှောဖလှယ်ပွဲတခုကို ကရင်ပြည်နယ် ဘားအံမြို့မှာ မတ် ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ ကျင်းပမယ်လို့ ကေအန်ယူဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောပါတယ်။

နော်စီဖိုးရာစိန်

ဒီအစည်းအဝေးကို ကရင်အမျိုးသားအစည်းအရုံး၊ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ ကေအန်ယူ/ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ)နဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ စတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြို့ပေါ်က ကရင်အဖွဲ့အစည်းတွေ၊ ကရင်အမျိုးသားရေး လုပ်ဆောင်ကြတဲ့အဖွဲ့တွေက တက်ရောက်ဖို့ ရှိပါတယ်။

ဒီအစည်းအဝေးနဲ့ပတ်သက်လို့ ကေအန်ယူအစည်းအရုံး ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က “ဒါကတော့ ကရင်နှီးနှောဖလှယ်ပွဲ (seminar) တခုပါ။ ကရင်တမျိုးသားလုံးရဲ့ အစည်းအဝေးကြီးတခုဖြစ်တယ်။ အကြောင်းရင်းကတော့ ကရင်တမျိုးသားလုံးရဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက်ဖို့၊ ပြီးတော့ ငြိမ်းချမ်းရေးသွားတဲ့လမ်းကို တမျိုးသားလုံးအနေနဲ့ တည်ဆောက်ဖို့အတွက် လုပ်ဆောင်ချက်ဖြစ်တယ်” လို့ ဆိုပါတယ်။

ဒီအစည်းအဝေးမှာ ပြည်တွင်း ကရင်နိုင်ငံရေးပါတီတွေတော့ ပါဝင်ကြမှာမဟုတ်ပါဘူး။ အခုကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အစိုးရက မတရားသင်းအဖြစ် ကြေညာထားရာကနေ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးပါဘူး။

ကရင်အဖွဲ့အစည်းတွေ ပြည်တွင်းမှာ တရားဝင် ပထမဆုံးတွေ့ဆုံတာဟာ ရှေ့ဆက်သွားဖို့ အစပြု စုစည်းကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တမျိုးသားလုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ အခန်းကဏ္ဍပါ။ အကျိုးကျေးဇူးကိုလုပ်ဆောင်နိုင်ဖို့အတွက်၊ အားလုံးစုစည်းပြီး ရပ်တည်သွားဖို့အတွက်ပေါ့။ တမျိုးသားလုံးရှေ့ဆက်သွားဖို့အတွက်ပေါ့။”

မွန်တိုင်းရင်းသားတွေကလည်း မွန်လူထုလူတန်းစာအလွှာတွေပါဝင်တဲ့ ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေကို မနှစ်က ကျင်းပခဲ့ပြီး ရှမ်းတိုင်းရင်းသားတွေကလည်း ဆွေးနွေးခဲ့ပြီး ဘုံရပ်တည်ချက်သဘောထားတွေ ရဖို့ ကြိုးပမ်းနေပါတယ်။

မနက်ဖြန်ကျရင်လည်း ရှမ်းပြည်နယ် လားရှိုးမြို့မှာ ကရင်နီနဲ့ရှမ်းပြည်နယ်က တိုင်းရင်းသားတွေ ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲလုပ်ဖို့ရှိပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င် ၀န်ကြီး ၃ ဦး တက်ရောက်ဖို့ ရောက်ရှိနေပါတယ်။
http://burmese.dvb.no/archives/37574

1 comment:

Blogger said...

တိုင်းရင်းသားတွေခုလိုညီညွတ်လာတာကောာင်းပါတယ်.အစိုးရဘက်က ခွင့်ပြုထားတာကိုလဲ သာဓုခေါ်ပါတယ်။
အကောင်းဆုံးကတော့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေအားလုံး ရှေ့ နောက် Match ဖြစ်လာအောင် အစိုးရနဲ့ လွှတ်တော်အပေါ်သြဇာလွမ်းတဲ့ စစ်တပ်ကရော ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေံဥပဒေမှာ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်တည်ထောင်မှုဥပဒေကိုရေးဆွဲဖြည့်စွက်ဖို့ လိုပါမယ်။ ဖွဲ့ စည်းပုံမှာ ဖက်ဒရယ်ဖွဲ့ စည်းရေးဥပဒေမရှိရင် လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရသွားပြီဆိုပါတော့..
အဲဒီအခါကျရင် ဒီအဖွဲ့ တွေကို လွှတ်တော်နဲ့တေ့ပေးဖို့ ဘဲရှိနေတယ်..လွှတ်တော်ကလဲ ဒီလိုလုပ်မယ်ဆိုရင် ဖွဲ့ စည်းပုံပြင်ဆင်ရမယ်..ဖွဲ့ စည်းပုံပြင်ဆင်ဖို့  လူထုဆနခံယူရမယ်။ ပြင်လို့ ရသွားပြီဆိုရင် လက်နက်ကိုင်အဖွဲ့ တွေလဲ တခြားနိုင်ငံရေးပါတီတွေလို မှတ်ပုံတင်ပြီးဝင်အရွေးခံကြရမယ်..အနိုင်ရရင် (မဖြစ်နိုင်ပေမဲ့)့ ကိုယ်စားလှည်တွေအဖြစ် ဖက်ဒရယ်ဥပဒေရေးဆွဲရေး ကို လွှတ်တော်မှာ အဆိုတင်ရမယ်..ကိုယ်စားလှည်အများစုကလက်မခံလို့ လွှတ်တော်ကပယ်ချမယ်...လက်နက်ကိုင်အဖွဲ့ တဖြစ်လဲပါတီတွေဟာ လူတွေအလေးအနက်ထားမှာမဟုတ်တော့တဲ့ အနေအထားမှာဘဲ မြုပ်ချီပေါ်ချီနို်င်ငံရေးပါတီလေးတွေအဖြစ်အူလယ်လယ်နဲ့ ဆက်နေသွားကြရမယ်။ ချုပ်လိုက်ရင် ခုလုပ်နေတာတွေလွှတ်တော်ကိုကျော်လုပ်နေတာတွေဖြစ်နေတော့ တည်တန့် တဲ့တရားဝင်မှုကိုမသွားနိုင်ဘူး။ လွှတ်တော်ကိုယ်စားလှည်အများစုက စိတ်ကောင်းစေတနာကောင်းတွေဝင်ပီး အနဲစုကတင်သွင်းလာတဲ့အဆိုကို အတည်ပြုလိုက်ကြမယ်ဆိုရင်တော့ မပြောတတ်ဘူး..ဒါပေမဲ့ ဖြစ်နိုင်ခြေတော်တော်လေးနဲပါတယ်။။။။။
ခုလောလောဆယ်လုပ်နိုင်တာက ၁။ အတိုက်အခံပါတီNJDကဦးဆောင်နေတဲ အခြေံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုကိုတညီတညွတ်ထဲဝိုင်းအားပေးထောက်ခံ/NLD ရဲ့ ပြင်ဆင်ဖြည့်စွက်ချက်ထဲမှာ ဖက်ဒရယ်ပြည်ထောင်စုဥပဒေပါလာဖို့ ဝိုင်းပြီးLobby လုပ်။ တခြားနိုင်ငံရေးပါတီတွေကပါ တခဲနက်ထောက်ခံပါဝင်လာအောင် ခုလို ပူးပေါင်းညီလာခံတွေခေါ်။ ဒီနည်းနဲ့  ဖယ်ဒရယ်မူကျလာပြီဆိုမှ မိမိဆိုင်ရာပြည်နယ်တွေမှာလက်ရှိရှိနေတဲ့ အစိုးအရအဖွဲ့ ကို ပြည်နယ်ရွေးကောက်ပွဲလုပ်ပြီးတင်မြောက်တဆင့်ဖြစ်ပေါ်လာတဲ့ပြည်နယ်လွှတ်တော်တွေကနေပြည်နယ်ဖွဲ့ စည်းအုပ်ချုပ်ပုံဥပဒေတွေကို ပြင်ဆင်ရေးဆွဲ။အဲဒီအချိန်အခြေအနေမျိုးရောက်မှပြည်နယ်တွင်းကလက်နက်ကိုင်အဖွဲ့ အစည်းတွေကပြည်နယ်ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီတွေအဖြစ်လက်နက်စွန့် လွှတ်ဖို့ဆုံဖြတ်ကြမယ်။။ ပြည်ထောင်စုလွှတ်တော်မှာလဲစစ်တပ်အပါအ၀င်ဘယ်လက်နက်ကိုင်အဖွဲ့ မှ မရှိစေရဘူး။

Post a Comment