ondragstart="return false" onselectstart="return false"

Friday, March 29, 2013

ကရင်တိုင်းရင်းသားတို့၏ ပထမဆုံး စုစည်းတွေ့ဆုံမှု


နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ပေါ်ပေါက်လာသည့် ကရင်တိုင်းရင်းသားအဖွဲ့ပေါင်းစုံ၏ ပထမဆုံးအကြိမ် တွေ့ဆုံ ညှိနှိုင်းပွဲကို ကရင်ပြည်နယ် ဘားအံမြို့တွင် ယနေ့ တွေ့မြင်ရမည်ဖြ
စ်သည်။

တရားမ၀င် ကရင်လက်နက်ကိုင်အဖွဲ့များ၊ တရားဝင် ကရင်နိုင်ငံရေးပါတီများ၊ ကရင် NGO များ၊ ကရင်အမျိုးသားအရေး ဆောင်ရွက်နေကြသည့် အလွှာအသီးသီးမှ အဖွဲ့အစည်းများ တက်ရောက်ကြသည့် ပထမအကြိမ် ကရင်ရေးရာအစည်းအဝေးကြီး ဖြစ်သည်။

ကိုယ်စားလှယ် ၄၀၀ ကျော်တက်ရောက်နေသည့် ဤအစည်းအဝေးကြီးကို မြန်မာနိုင်ငံအတွင်းရှိ ကရင်အမျိုးသားလုံး စည်းလုံးညီညွှတ်ရေး၊ အခြားသောတိုင်းရင်းသားလူမျိုးများနှင့် အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပနေခြင်းဖြစ်သည်ဟု အစည်းအဝေး ကျင်းပရေး အဖွဲ့ဝင်တဦးက ဧရာဝတီသတင်းဌာနကို ပြောသည်။

ဤအစည်းအဝေး ပြုလုပ်မည့် သတင်းကို ကရင်အဖွဲ့စုံ ပထမဆုံးအကြိမ် ဘားအံမှာတွေ့ကြမယ် ဟူသော ခေါင်းစဉ်ဖြင့် ဧရာဝတီ http://blog.irrawaddy.org/2013/03/blog-post_8945.html တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
ယနေ့ အစည်းအဝေးကြီးသို့ တက်ရောက်လာသူများထဲတွင် ဗဟို နှင့် ပြည်နယ်အစိုးရ၀န်ကြီးများလည်း ပါဝင်သည်။

ကရင်အမျိုးသားများ ချစ်ကြည် စည်းလုံးစွာ အတူတကွ နေထိုင်စေလိုကြောင်း၊ ဤအစည်းအဝေးကြီး ဖြစ်မြောက်စေရန် အစိုးရက စီစဉ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ကရင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်ဦးဇော်မင်းတို့က ပြောဆိုကြသည်။

ကရင်ရေးရာအစည်းအဝေးကြီး “တကယ်ဖြစ်စေချင်လို့ ဒီပွဲကို ကျနော် ကိုယ်တိုင် လာတက်တာဖြစ်တယ်” ဟု ဦးအောင်မင်းက ဧရာဝတီသတင်းဌာနကို ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး KNU မှ ပဒိုမန်းငြိမ်းမောင်က ၎င်းတို့သည် ပြည်ထောင်စုမှခွဲထွက်မည့် အဖွဲ့ မဟုတ်ကြောင်း ကရင်ရေးရာအစည်းအဝေးတွင် အတိအလင်းပြောကြားခဲ့သည်။

ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ယနေ့မှစတင်ကာ ၂ ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် ကရင်အမျိုးသားထုအတွင်း မတူညီသော
အမြင်သဘောထားများကို ဆွေးနွေးနေကြရာ ကရင်အမျိုးသားများ၏အနာဂတ်အရေးနှင့် ပတ်သက်ပြီး အကောင်အထည်ဖေါ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်သွားမည်ဟု သိရသည်။



ပြည်တော်မြင့် ~
- See more at: http://blog.irrawaddy.org/2013/03/blog-post_8068.html#sthash.PHAUhUy4.dpuf

No comments:

Post a Comment