ondragstart="return false" onselectstart="return false"

Wednesday, June 12, 2013

ကရင်ဒေတွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများကို ကရင်လူထုက KNU ကို တားမြစ်စေလို

ကွယ်ကလူသတင်းဌာနနှင့် ကေအဲန်ယူအထွေထွေ အတွင်းရေးမှူးချူပ် ပဒိုကွယ်ထူးဝင်းတို့ ၏ အင်တာဗျူးတစ်ခု တင်ဆက်ခဲ့ပြီးဖြစ်ပါသည် KNU GS message to the public (ရုပ်သံ)- http://thawthikho.blogspot.com.au/2013/05/knu-gs-message-to-public.html
ထိုဗီဒီယိုမှတ်တမ်းတွင် အတွင်းရေးမှူးချူပ်က ကရင်ဒေသတွင် ပြုလုပ်မည့်မည်သည့်စီမံကိန်းများ၊ လမ်းများ၊ ဒေသဖွံ့ ဖြိုးရေးများနှင့်စပ်လျဉ်း၍ ကောင်းကျိုးဆိုးကျိုးသက်ရောက်မှုများကိုအစသဖြင့် အကျယ်တ၀င့် ရှင်းပြထားတယ်ဆိုဒါ ပြန်လည်သတိရစေချင်ပါတယ်။

ထိုနည်းတူစွာ အခုထွက်လာတဲ့ ဗီဒီယိုဖိုင်မှ ဒေသခံကရင်လူထုတွေရဲ့ ရင်ဖွင့်သံကို သက်ဆိုင်သူတွေ ကြားသိမည်ဟုထင်မြင်မိပါသည်။ ဒီ တနင်္သာရီချောင်းမှာ တည်ဆောက်မည့်ရေကာတာကို ကေအဲန်ယူမြို့ နယ်အဆင့်က လူထုရဲ့အသံကိုနားထောင်ပြီးလူထုနဲ့အတူရှိနေပြီး ကေအဲန်ယူ ဗဟို အထွေထွေအတွင်းရေးမှူးချူပ်ကြီးနှင့် ဘိတ်ထားဝယ်ခရိုင် - ခရိုင်အဆင့်တာဝန်ရှိသူတွေ ဘယ်လိုဆုံးဖြတ်ချက်ပေးမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ KNU GS message to the public (ရုပ်သံ)နှင့် အပြောတမျိုးအလုပ်တမျိုးဖြစ်သွားရင် ခင်ဗျားတို့ကို တသက်လုံး ထမင်းကျွေးလာတဲ့ဒေသခံတွေရဲ့ မျက်နှာကို ကြည့်ပျော်သေးရင်လည်း ကြည့်ကြဗျာ....

ဖာပွန်ခရိုင်မှာတည်ဆောက်မည့် ဟတ်ကြီးရေကာတာလည်း ထိုနည်းလည်းကောင်းပဲ။ ကေအဲန်ယူမှာ လုံးဝ အဓိကတာဝန်ရှိတယ်။



Type the rest of your post here.

4 comments:

Unknown said...

Never expect your top five leader will help or protect you.

Unknown said...

KNU is the main factor of local.

Anonymous said...

ထွက်လာတဲ့အသံတွေကို ဓါတ်ခွဲကြည့်တဲ့အခါ လက်ဝါးချင်းရိုက်ပြီး အပေးအယူလုပ်ထားကြတဲ့ လက္ခဏာတွေကို တွေ့ ရတာမို့ မပြောလိုပါ - မပြောလိုပါ။ တစ်ခုပဲအသိပေးလိုက်ချင်တာက ကရင်တွေ ရေအောက်ရောက်ခဲ့သော် အပေါ်ပြန်ကူးတက်လို့ လွယ်တယ်။ အဲ - လူမျိုးခြားအောက်ရောက်သွားပြီဆိုရင် ခေါင်းမဖော်နိုင်တော့ဘူး။ အဲဒါကို ကျွန် လို့ ခေါ်တယ်။ ကရင်တွေကို ကျွန်ဇာတ်သွင်းတာ ကရင်တွေပါပဲဆိုပြီး သမိုင်းမတွင်ရစ်စေကြဖို့ ကိုတော့ အားလုံးဝိုင်းဝန်းကြိုးပမ်းကြစေလိုပါတယ်။

Min Pa Pa said...

လယ်မူလားကော်ဆာက ရဲဘော်တို့ နဲ့ ပြည်သူတို့ ခင်ဗျား..

ခင်ဗျားတို့ ဘိတ်ထားဝိုင်ခရိုင်ကို မောင်ကွယ်ထူးဝင်း၊ မောင်သူးယယ်၊ မောင်သောသီ၊ မောင်ကျော်ဒါးလူတို့ ရောင်းစားပြီးဒါ ကြာပြီကွ။ သူတို့ တွေ ထိုင်းနိုင်ငံမှာ ဇိမ်နဲ့  နေနိုင်သလို ရန်ကုန်နဲ့ နေပြည်တော်ကိုလည်း ဖိုးဝီးတွေနဲ့ သွားချင်တိုင်းသွားနေပြီကွ။ မောင်ကွယ်ထူးဝင်းတယောက် ဘိတ်ထားဝယ်မှာရောင်းစားလို့ ကုန်ပြီ။ ဗဟိုကိုတက်လာပြန်တော့ ကရင်ပြည်တစ် ခုလုံးကုန်တော့မှာကို ရင်လေးမိပါတယ်။

Post a Comment