ondragstart="return false" onselectstart="return false"

Wednesday, May 14, 2014

မျိုးချစ်တာ ဟုတ်ကြရဲ့ လားဗျာတို့ ရေ…

မျိုးချစ်စိတ်ဆိုတာက တမျိုးသားလုံနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ကိုယ့်လူမျိုးကောင်းရာကောင်းကြောင်းတွေရစေချင်တဲ့ စိတ်ဓါတ်ကပင်မဘဲ။ လူတဦးဟာ ဘာလူမျိုးဘဲဖြစ်ဖြစ် တကိုယ်ရည်တကာရ ရပိုင်ခွင့် လုပ်ပိုင်ခွင့်အခွင့်အရေးတွေရှိတယ်။ အထူးသဖြင့် အချစ်ရေး အိမ်ထောင်ရေးကိစ္စမျိုးဟာ လူတဦးစီရဲ့  အခွင့်အရေးဖြစ်တယ်။
ဟိုလူမျိုးဖြစ်လို့ ဒီလူမျိးနဲ့ မယူရဘူးဆိုတာမျိုးက လူတဦးချင်းရပိုင်ခွင့်ကို ချိုးဖေါက်တာဖြစ်တယ်။

ဘယ်သူမဆို တကယ်အချစ်စစ်အချစ်မှန်နဲ့ အပြန်အလှန်ချစ်ကြလိုပေါ့င်းကြတာဆိုရင် အနှောင့်အနှောက်အယှက်လုံးဝမပေးရဘူး။
ဒီလိုကိစ္စမျိုးမှာ မျိုးချစ်စိတ်နဲ့ လူမျိုးရေးခွဲခြားတာမကောင်းဘူး။ သူတို့ ၂ဦးလုံးဟာ ကိုယ့်မူရင်းလူမျိုးကို ကိုယ်ဆက်ပြီးချစ် ဆက်ပြီး ထောက်ကူ အားပေးနေကြဖို့ နဲ့ အပြန်အလှန် အားပေးအားမြှောက်ပြုကြဖို့ ဘဲလိုတယ်။

အနောက်တိုင်းသား လူကောင်းတချို့ နဲ့ ချစ်ခင် ပေါင်းသင်းသွားတဲ့ မိတ်ဆွေ ကရင်အားလုံးနီးပါးဟာ မျိုးချစ်စိတ် တပြားဖိုးမှကျဆင်းမသွားတဲ့ အပြင် သူခ့င်ပွန်းကလဲ သူ့ ဇနီးရဲ့ လူမျိုးကို သူ့ လူမျိုးထက်တောင်ပိုပြီး အကျိုးပြုတတ်ကြတာတွေကိုတွေ့ ခဲ့ရတယ်။ မေးကြည့်လိုက်တော့ သူ့လူမျိုးနဲ့ စာရင် သူ့ ဇနီးလူမျိုးက သူ့ ရဲ့ ပါဝင်ကူညီမှုကို ပိုလိုအပ်နေတာကြောင့်လို့ ပြောပါတယ်။ ကရင်လိုနေ ကရင်လိုစား ကရင်စကားကို အမြတ်တနှိုးသင်ယူပြောဆိုတယ်။ သူ့ မိဘ နဲ့သူငယ်ချင်းတွေ အသိတွေဆီက ရနိုင်သမျှအထောက်အကူတွေကို ဒုက္ခရောက်နေတဲ့ သူ့ ဇနီးရဲ့ လူမျိုးအတွက် တတ်အားသမျှတောင်းရမ်းရှာဖွေပေးတယ်…ဒီလိုလူမျိုးနဲ့ ပေါင်းသင်းလိုက်လို့  မျိုးချစ်ဆိုပြီးခံယူထားသူတွေက တစုံတရာ အနိုင်ကျင့်ဖို့ စိတ်ကူးတာကို ဆန့် ကျင်ရမယ်။ ဒါဟာ ဘယ်သူမှကျူးကျော်ခြယ်လှည်ပိုင်ခွင့်မရှိတဲ့ လူတဦးချင်းရဲ့အခွင့်အရေးဖြစ်တယ်။ အများနဲ့ မဆိုင်ဘူး။

ဒါဆိုရင်အများနဲ့ဆိုင်တာက ဘာလဲ ဆိုတဲ့ မေးခွန်းတွေပေါ်လာမယ်။ ဒီကိစ္စကဘာမှခက်ခက်ခဲခဲစဉ်းစားစရာမလိုဘူး လူပုဂ္ဂိုလ်တဦးကို လူအများစုပူးပေါင်းပိုင်ဆိုင်မှုမရှိပေမဲ့ မြစ်ချောင်းအင်းအိုင် တောတောင်ရေမြေ မြို့ ရွာတွေကတော့ အများစုပူးပေါင်းပိုင်ဆိုင်တယ်။ ဒီလိုအများပိုင်တဲ့အရာတွေမှာ ဆိုင်ရာအမျိုးသား လက္ခဏာနဲ့ နာမယ်ခေါ်ဆိုမှုတွေရှိကိုရှိနေရမယ်။ ကရင်ရွာ တရွာဟာ ကရင်စကားနဲ့နာမယ်တပ်ကိုတပ်ထားရမယ်။ ဒီနာမယ်ဟာ ပိုင်ဆိုင်မှု သမိုင်းသက်သေအထောက်အထားဖြစ်တယ်။ ဒီနာမယ်ကိုဖျောက်ဖျက်တာဟာ သမိုင်းအထောက်အထားကိုဖျောက်ပစ်တာဘဲဖြစ်တယ်။

ရှမ်းတောင်တန်းဟာလဲ ရှမ်းနာမယ်တပ်ကိုတပ်ထားရမယ်၊ မွန်ဘုရားပုထိုးတွေဟာလဲမွန်ဘာသာနဲ့ဘဲမှည့်ခေါ်ရမယ်။ ကချင် ချင်း ကယား ရခိုင် နယ်မြေအားလုံးမှာရှိတဲ့ တောင်တောင်ရေမြေ မြို့ ရွာအားလုံးဟာ သူ့ သက်ဆိုင်ရာလူမျိုးတွေရဲ့ ပင်ရင်းနာမယ်နဲ့ကို ဒီနေ့ အထိရော နောင်နှစ်တရာမက ကမ္ဘာတည်သရွေ့ မှည့်ခေါ်သွားရမယ်။ ဒါတွေကိုသက်ဆိုင်ရာမူလပိုင်ဆိုင်သူတွေရဲ့ နာမယ်အတိုင်းတရားဝင်မမှည့် မခေါ်တာဟာ ထင်ရှားတဲ့ လူမျိုးရေးယုတ်မာမှူတခုလို့ နားလည်နိုင်တယ်။ ဒီနေရာမှာအပြန်အလှန်အားဖြင့် ပြောရရင် ဒါမျိုးအဖျောက်ဖျက်ခံရတာကို ကြေနပ်တယ် ခံနိုင်တယ်ဆိုတဲ့ စိတ်ဓါတ်ကို မျိုးချစ်စိတ်ရှိတယ်လို့ ဆိုရမှာလဲတော်တော်လေးခက်တယ်။ ဒါဟာ အမျိုးသမီးတဦးက လူမျိုးခြားမျက်နှာဖြူတယောက်ကို ယူလိုက်လို့ မျိုးမချစ်ဘူးလို့ ဝိုင်းသမုတ်နေကြသူတွေအတွက် သင်္ခန်းစာယူဖို့ ..ဆင်ချင်ဖို့ ဖြစ်တယ်။။။…တောတောင်ရေမြေစတဲ့ အများအကျိုးပြောင်ထိခိုက်တဲ့ကိစ္စမှာတော့ ဘာမှ ထမပြောကြဘဲ အမျိုးသမီးငယ်တဦးကိုတော့ နိုင်ရာညှင်းချင်တဲ့စိတ်ဓါတ်မျိုးတွေ မလိုချင်ဘူး….

သာမန်လူ ကရင်တဦးချင်းအနေနဲ့ ဒီကိစ္စမှာ ပါးစပ်မဟရဲရင်နေ ခွင့်လွှတ်နိုင်တယ်..ခုမြင်နေရတာက ဒီကေဘီအေလို..ဘီဂြီအက်ဖ်လို ကရင်လက်နက်ကိုင်အဖွဲ့ အစည်းတွေ နောက်ပြိး ကရင်နိုင်ငံရေးပါတီဆိုတာတွေအားလုံး ကိုယ့်လူမျိုးထူထောင်တဲ့ မြို့ တွေရွာတွေ စခန်းတွေအားလုံးကို ကရင်နာမယ်မှည့်ရမှန်းမသိကြဘူး…ကိုယ့်လူမျိုးရဲ့ သက်သေအထောက်အထားတွေကို ကိုယ်တိုင်ဖျောက်ဖျက်နေသလိုဖြစ်မနေဘူးလား.သူများဖျောက်ဖျက်နေတာကို အားပေးသူရောဖြစ်မနေဘူးလား စဉ်းစားသင့်တယ်..ဒါဟာ မိန်းမတယောက်လင်ယူတဲ့ကိစ္စမျိုးလို လူတဦးချင်းနဲ့ဆိုင်တဲ့ အရေးမဟုတ်ဘူး…ဒါဟာ မိမိအသက်ပေးကာကွယ်နေတယ်ဆိုတဲ့ လူမျိုးစုတစုရဲ့ အများပိုင်အကျိုးစီးပွားနဲ့ ရာနှုန်းပြည့်ပတ်ယှက်နေသလို
ဥပဒေအောက်ပါတီတွေကိုမဲပေးထားတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဘုံအကျိုးလဲဖြစ်တယ်။ ဒါတွေကိုမလုပ်ရင် ဘာလုပ်ကြမလဲ။ လူမှုရေးဖွံ့ ဖြိုးရေး တွေလောက်ဘဲလုပ်ဖို့ စိတ်ကူးရင် လူမျိုးနာမယ်နဲ့ ပါတီထောင်စရာမလိုဘူး..အားအကောင်းဆုံးပါတီနဲ့ပေါင်းလိုက်ရင် ဒီကိစ္စမျိုးတွေ ခုထက်တောင်ပိုလုပ်နိုင်အားရှိဦးမယ်။ တကယ်ပြောတာပါ။ ကိုယ်က လူမျိုးကိုအခြေခံထားတဲ့နောက် အဲဒီလူမျိုးရဲ့ ဘုံအကျိုးစီးပွားကိစ္စတွေကို မသိချင်ဟန်ဆောင် တာဝန်မယူ ကျော်သွားလို့ ရမလား။

ဒီကိစ္စမှာတော့ ကေအဲန်ယူကိုချီးမွန်းတယ်။ အဘက်ဘက်က အဖိခံရလို့ ဆင်းဆင်းရဲရဲငတ်ငတ်ပြတ်ပြတ်နဲ့တောရှိုတောင်ရှိုးနေရတဲ့ အနေအထားကနေတောင်
ကရင် ရွာ ကရင်မြစ်ကရင်တောင် အားလုံးကို မူရင်းကရင်နာမယ်နဲ့ဘဲ အမြတ်တနိုးမှည့်ယူခေါ်ဆိုကြတယ်။။
လုပ်ပါဦး မျိုးချစ်ကြီးများရေ..ဒါတွေကိုမှမလုပ်ရင် ဘာတွေလုပ်ကြမလို့ အလံကြီးတွေအသီးသီးစိုက်ထူထားကြရဦးမှာလဲဗျာ..

ညီးတွားလျှက် လေးစားလျှက်ပါ…..
အဂ္ဂ

3 comments:

Unknown said...

သိပ်​​ကောင်းတဲ့အ​တွေအမြင်​ပါ ​ကျေးဇူးပါပဲ
ရှိ​သေးတယ်​ အဂ္ဂ​ရေ သိုး​ရေချုံ​သောဝန်​ပ​လွေ
ထုံးဖြူသုတ်​ထား​သောလူ​သေအုပ်​ဂူ အဲ့လိုလူ​တွေရှိ​သေးတယ်​ဗျာ မျိုးချစ်​စိတ်​ရှိသလိုလိုနဲ့
တော်​လှန်​​ရေးလုပ်​စားတာ ​တွေအများကြီးပါ
နောက်​ဆုံး​​တော့သူတို့မိသားစုအတွက်​ပဲ
ကောင်းစားပြီပြည်​သူ​တွေလည်​စဉ်းခံရတဲ့ဘဝ
အထူးသဖြင့်​ ဟို​ခွေးမသား မန်းငြိမ်း​မောင်​ လို​ပေါ့ ရိုင်းသွားသလား တိုင်းပြည်​နဲ့လူမျိုးအတွက်
ဆိုဒီထက်​​တောင်​ရိုင်းချင်​​သေးတယ်

Unknown said...

ခွေးမသားမန်းငြိမ်းမောင်ကို ဘယ်ခွေးမက တာဝန်ပေးတာလဲ။ ပြောစမ်းပါ။ အဲဒီလို တဖက်သတ်မပြောနဲ့။ သေသေချာချာစဉ်းစား။

Unknown said...

စဉ်းစားစရာမလိုပါဘူး တဖက်​သတ်​​ပြောတာမဟုတ်​ဘူး ​သေချာစဉ်းစားပြီးမှ​ပြောတာပါ ဘာလဲမင်းက ​ခွေးမသားမန်းငြိမ်း​မောင်​ရဲ့ မယားပါသားလား ဒင်း ပ​ထွေး မို့လို့လား

Post a Comment