ondragstart="return false" onselectstart="return false"

Sunday, May 18, 2014

ငြိမ်းချမ်းရေးအတွက် သဘောဆိုးတွေပြင်ပေးကြ..

ဆောင်းပါး - အဂ္ဂ

မြန်မာဟာ တခြားနိုင်ငံတွေရဲ့ နာမယ်ကို မြန်မာဘာသာစကားနဲ့သာ တရားဝင်ခေါ်ဆိုနေပေမဲ့
မြန်မာနိုင်ငံကို တခြားနိုင်ငံများတွေ သူတို့ ကိုယ်ပိုင်ဘာသာစကားနဲ့ မှည့်ခေါ်တာကိုတော့ လုံးဝမကြိုက်ဘူး။ ကုလသမဂ္ဂမှာလဲ အမြဲတမ်းကန့် ကွက်ပြောဆိုတယ်။ ကိုယ်ကတခြားနိုင်ငေံတွကိုကြိုက်သလိုခေါ်မယ် တခြားနိုင်ငံတွေကတော့ ကိုယ့်နာမယ်ကို ကိုယ့်ဘက်က သတ်မှတ်တဲ့နာမယ်ဘဲခေါ်ရမယ်ဆိုတဲ့ တကိုယ်ကောင်း ကျဉ်းမျောင်းတဲ့ ၀ါဒဖြစ်တယ်။ ဒီလိုတခြားနိုင်ငံတွေအပေါ်ကျဉ်းမျောင်းတဲ့လူမျိုးရေးစိတ်ဓါတ်ကို မိမိတပြည်ထဲသားတိုင်းရင်းသားတွေအပေါ်မှာလဲပြောင်တလင်း ကျင့်သုံးတယ်။

တိုင်းရင်းသား နယ်မြေတွေက ဘိုးဘွားအဆက်ဆက်တိုင်းရင်းသားနာမယ်ရင်းတွေနဲ့ မှည့်ခေါ်လာတဲ့ မြစ်ချောင်း
အင်းအိုင် တောတောင်ရေမြေ မြို့ ရွာနာမယ်အားလုံးကို မူရင်းတိုင်းရင်းသားနာမယ်ဖျောက်ဖျက်ပစ်ပြီး မြန်မာလို့ ခေါ်တဲ့ ဗမာဘာသာအဖြစ်ပြောင်းပစ်တယ်။ ဒီလို ကမ္ဘာမှာရောပြည်တွင်းမှာပါ ကမ်းကုန်အောင်ကျဉ်းမျောင်းတဲ့လူမျိုးရေးဝါဒကို ကျင့်သုံးဖို့ ပြည်ထောင်စုစိတ်ဓါတ်ရှိတယ်ဆိုတဲ့ ဗမာလူမျိုး ပြည်သူလူထုတွေကတော့ နှစ်သက်ကြလိမ္မယ်မထင်ဘူး။
ဒါဟာပြည်ထောင်စုစိတ်ဓါတ်နဲ့ဖြောင့်ဖြောင့်ကြီးဆန့် ကျင်တဲ့ လူတမျိုးတည်းကြီးထွားရေးဝါဒ သာလျှင်ဖြစ်နေလို့ ပါဘဲ၊
မြန်မာပြည်ငြိမ်းချမ်းနိုင် မငြိမ်းချမ်းနိုင်ဆိုတာက ဒီစိတ်ဓါတ်မျိုးကို ဆက်ပြီး လက်ခံ၊ထောက်ခံနေမလားမနေလားပေါ်မှာ အရင်းခံပါတယ်။

ပဒေသရာဇ် နယ်ချဲ့နဲ့ ဖက်ဆစ်အမွေခံ ရက်စက်ကြမ်းကျုတ်တဲ့မြန်မာ့တပ်တော်ဆိုတာရဲ့ နှစ်(၆၀) အုပ်စီး ၀ါဒသွတ်သွင်းမှုအောက်မှာ ခုလိုကျဉ်းမျာင်းတဲ့ မကောင်းဆိုးဝါးစိတ်ဓါတ်တွေဟာ လူထုထဲကိုအနဲနဲ့ အများစိမ့်ဝင်နေတယ်...ရက်ရက်စက်စက်အနိုင်ကျင့်ခံရလို့ 
လွတ်ရာလွတ်ကြောင်း ကျိုးစားတဲ့တိုင်းရင်းသားတွေကို ခုလိုနည်းမျိုးစုံနဲ့ မျိုးဖြုတ်ပစ်တာကိုပြည်ထောင်စုစိတ်ဓါတ်အဖြစ်သတ်မှတ်သွတ်သွင်းထားတယ်...ဒီသဘောပုတ် သဘောဆိုးတွေကို ဆေးကြောမပစ်နိုင်ရင်..ဆေးကြော ပစ်ဖို့ စိတ်ကူးလဲမရှိ အားလဲမထုတ်ကြရင် တိုင်းရင်းသားလူထုနဲ့ ဗမာလူထုအကြားမှာ အပြန်အလှန်ယုံကြည်မှုအတွက် အခြေခံကာင်းရှိမှာမဟုတ်ဘူး။ ဒါကိုလေးလေးနက်နက်ထားပြီး ၀ိုင်းဝန်းပြုပြင်ပါ။ ၂၀၀၈ ဖွဲ့ စည်းပုံကိုပြုပင်ချင်တာဟာ တိုင်းရင်းသားတွေအပေါ် ခေတ်အဆက်ဆက်ကျင့်သုံးလာတဲ့ ဆိုးယုတ်တဲ့ မူဝါဒတွေကို ဖျက်သိမ်းပစ်နိုင်ရေးလဲ ပါဝင်တယ်ဆိုတာကို အားလုံးကြားအောင် ကျွေးကျော်ပေးပါ...ရိုးစင်းတဲ့တိုင်းရင်းသားတွေဒါကိုမမြင်ရင်လဲ မြင်အောင် ဖွင့်ပြပါ...ကာယကံရှင်တိုင်းရင်းသား လူထုကိုယ်တိုင်ကလဲ ဒီအရေးမှာ တခဲနက်ပါဝင်ပေးကြပါ..ကိုယ့်ကိစ္စနဲ့ ကိုယ် သူများလုပ်တာကိုထိုင်ကြည့်နေမယ်ဆိုတဲ့ ရှေးအမူအကျင့်တွေကို ဖျက်သိမ်းလိုက်ဖို့ အချိန်ကျရောက်ပြီထင်ပါတယ်။

စကားမစပ် ဗဟုသုတအဖြစ်တခုပြောပြချင်တယ်။
လူဦးရေ သန်း၇၀ကျော်ရှိတဲ့ထိုင်းမှာ ထိုင်းမဟုတ်တဲ့တိုင်းရင်းသားမျိုးစုံ တသန်းလောက်ဘဲရှိတယ်၊ အများဆုံးဖြစ်တဲ့ ကရင်ကတောင် ၅သိန်းနီးပါးဘဲရှိပါတယ်။
အဲဒီ ၅သိန်းဆိုတာကလဲ ဝေးသီခေါင်ခိုက်တဲ့ ထိုင်းမြန်မာနယ်စပ်တောင်တန်းဒေသတွေဖြစ်တယ်။ ထိုင်းနိုင်ငံဟာ ထိုင်းလူမျိုး စစ်စစ် ၉၀%ကျော်ရှိတဲ့အပြင် တခြားတိုင်းရင်းသားတွေရဲ့ နိုင်ငံရေးနိုးကြွလှုပ်ရှားမှု သမိုင်းအခြေံလဲမရှိတာမို့  တပြည်ထောင်နိုင်ငံအဖြစ်ကောင်းစွာထူထောင်ထားနိုင်တာဖြစ်တယ်။ ခုလို တပြည်ထောင်နိုင်ငံရဲ့ အခြေခံနဲ့ ပြည့်စုံနေတဲ့တိုင် ထိုင်းနိုင်ငံက တိုင်းရင်းသားမြို့ ရွာ တောတောင်ရေမြေစ်ချောင်းအင်းအိုင်တောတောင်တွေကို မူရင်းတိုင်းရင်းသားနာမယ်နဲ့ ဘဲ တရားဝင်မှည့်ခေါ်တယ်။ဥပမာ တပ်ခရိုင်က ရေတံခွံထီးလော်စူးဆိုရင် နဂိုလ်ကရင်နာမယ်အတိုင်းတရားဝင်မှည့်ခေါ်ထားတာဖြစ်တယ်။ မြန်မာစိတ်ဓါတ်မျိုးနဲ့ဆိုရင်တော့ လူဦးရေ သန်းမပြည့်တဲ့တိုင်းရင်းသားနာမယ်တွေအားလုံးကို နင်းချေဖျက်ဆီးပစ်ကြမျာပါ။
ဒါကိုဝိုင်းပြီးပြင်နိုင်ရင် မြန်မာပြည်တကယ်တမ်းခြိမ်းချမ်းနိုင်တဲ့ ရေခံမြေခံရှိလာမယ်..တဆိတ်ရှိ နယ်ချဲု့ကသွေးခွဲခဲ့လို့ ဆိုတဲ့ ပဒေသရာဇ်နယ်ချဲု့ ဖက်ဆစ်အမွေခံတွေ ရဲ့ မူဝါဒတွေကို တန်ရာတန်ရာ အိမ်သာတွင်းထဲ ထည့်လိုက်ကြပါတော့။ ဒီမူဝါဒသဘောထားတွေဟာတိုင်းရင်းသားတွေကိုနယ်ချဲ့လက်ပါးစေလို့ သမုတ်ပြီး ဗမာအားလုံက ဘက်စုံကနေ ၀ိုင်းဝန်းချေမှုန်းသုတ်သင်ချင်လာအောင်တိုက်တဲ့မှိုင်းသာဖြစ်တယ်။ ရိုဟင်ဂျာတွေကိုခုလုပ်နေတဲ့ ဗြူဟာထဲမှာတခုအပါအ၀င်ဖြစ်တယ်။ တော်ကြပါတော့...


1 comment:

SawThaik said...

Agree. ဟုတ်မှန်သော ထောက်ပြချက် ဖြစ်ပါတယ်။ ခေါဝ်.က်ုတ၀်္ဘး တူတူ့အင်းခွိက်ဆွဲလုက်ဆိင့်ခိုတ်ဍ၀်။

Post a Comment