ondragstart="return false" onselectstart="return false"

Tuesday, May 13, 2014

ငြိမ်းအဖွဲ့လုပ်ရပ်များ KNU ဗဟိုကို ဒေသခံများတင်ပြ

မေ - ၁၂ - ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ-မန်းမျိုးမြင့်(မီဒီယာ)

ဒီနေ့ဘားအံမြို့မှာပြုလုပ်တဲ့ KNU ဒုဥက္ကဌ ဦးဆောင်တဲ့အဖွဲ့နဲ့ ဒေသခံအချို့ တွေ့ဆုံကြတဲ့ပွဲမှာ ဘိလပ်မြေစက်ရုံတည်ဆောက်မဲ့စီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတွေကို ကရင်ငြိမ်းအဖွဲ့ဝင်တွေက မတရားပြုမူတာတွေနဲ့ပတ်သက်ပြီး အရေးယူပေးဘို့ တင်ပြပြောဆိုခဲ့ကြတယ်ဆိုပြီး ဒီပွဲကိုတက်ရောက်ခဲံ့တဲ့ ကရင်နိုင်ငံရေးပါတီတခုက ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တဦးကပြောပါတယ်။

"ကရင်ငြိမ်းအဖွဲ့ကနေ ဒီစီမံကိန်းတွေအတွက် မတရားပြုမူခံနေရတာတွေကို ပြောဆိုတင်ပြခဲ့ကြပြီးတော့ အဲဒီတိုင်စာတွေကို KNU ဒုဥက္ကဌဆီ ပေးအပ်ခဲ့ကြတယ် ဒုဥက္ကဌကလည်း ပြန်လည်စိစစ်ပြီး လုပ်အပ်တဲ့အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ပြောတယ်"ဆိုပါတယ်။

အမှန်ဆိုရင် ငြိမ်းအဖွဲ့တွေအနေနဲ့ ကိုယ့်လူထုအကျိုးကိုဘဲ လုပ်သင့်ပါတယ် အခုဖြစ်နေတဲ့အနေအထားတွေက အင်မတန်ရှက်ဘို့ကောင်းပါတယ်ဆိုပြီး ဖြည့်စွက်ပြောဆိုပါတယ်။

" မိကရင်ရွာသားတဦးကတော့"ဒီလိုမျိုးအမှန်တရာကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောခွင့်ရတဲ့အတွက် လုံးဝကျေနပ်တယ် ဇတ်တူသားစားလို့ ဟင်္သာကိုးသောင်း
ပျက်တာကို သတိရှိစေချင်တယ်"လို့ပြောပါတယ်။

မိကရင်ကျေးရွာ ဒေသတ၀ိုက်မှာ ဘိလပ်မြေစက်ရုံ တည်ဆောက်မဲ့ စီမံကိန် ၄ ခုထက်မနည်းရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒီစီမံကိန်းတွေဟာ ဒေသခံတွေရဲ့ သဘောမပါဘဲ လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက အတိအလင်းကို ပြောဆိုပါတယ်။

စီမံကိန်းဖော်ဆောင်နေတဲ့ လူတွေဘက်ကတော့ ဒေသခံတွေရဲ့ သဘောတူညီမှုရရှိထားပြီးဖြစ်တယိလို့ ပြည်တွင်းဂျာနယ်အချို့မှာ ဖော်ပြထားတာတွေလည်း တွေ့ရပါတယ်။

1 comment:

bark said...

ဘိလပ်မြေစက်ရုံ အတွက် ကန်းကွက်တယ်။

Post a Comment