ondragstart="return false" onselectstart="return false"

Tuesday, November 4, 2014

မန်တုံမြို့အနီး လောက်ဂျယ်တိုက်ပွဲတွင် မြန်မာစစ်တပ်မှ (၈)ဦးကျ

အောက်တိုဘာလ ၄ ရက် ၂၀၁၄

ယနေ့ နံနက် ၀၆း၄၀ နှင့် ၀၇း၀၀ အတွင်း မန်တုံမြို့နယ်၊ လောက်ဂျယ် ရွာအနီးတွင် TNLA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၃၆၇)နှင့် မြန်မာစစ်တပ် တပ်မ (၇၇)စစ်ကြောင်းတို့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မြန်မာစစ်တပ်မှ (၈) ဦးကျဆုံးပြီး နှစ်ပွင့်ဗိုလ်တစ်ဦးအပါဝင် (၁၂)ဦး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်းသိရသည်။

တိုက်ပွဲတွင် မြန်မာစစ်တပ်မှ အထိနာသည့်အတွက် တိုက်ပွဲဖြစ်ပွားသော တပ်မ (၇၇)စစ်ကြောင်းကို မန်တုံမြို့အခြေစိုက် ခလရ (၁၃၀)မှ သွားရောက်စစ်ကူပေးနေသည်ဟုလည်း တွေ့ရသည်။

TNLA တပ်မတော်သည် အောက်တိုဘာလနှင့် နိုဝင်ဘာလသည် ဘိန်းခြံပေါက်သည့်ရာသီဖြစ်သည့်အတွက် ဘိန်းစိုက်သူများမှ ဘိန်းစိုက်ပျိုးမှုမပြုလုပ်အောင် လိုက်လံဟောပြောသည့် စည်းရုံးရေးခရီးစဉ်တွင် မြန်မာတပ်မှ လိုက်လံ အနှောင့်အယှက် ပေးနေသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

TNLA အနေဖြင့် ဘိန်းခြစ်ရာသီရောက်မှ ဘိန်းခြံသွားပြီး ဘိန်းခြံများ ဖျက်ဆီးတာထက် ယခုကတည်းက မစိုက်ပျိုးရန် ဟောပြော စည်းရုံးပြီး ပညာပေးခြင်း သတိပေးခြင်းများလုပ်ခြင်းဖြင့် ဒေသခံများ လုပ်အားမဆုံးရှုံးအောင် ပြုလုပ်ခြင်းက ပိုမိုအကျိုးရှိမည်ဖြစ်သည့်အတွက်လတ်တလော ဘိန်းစိုက်ပျိုးလေ့ရှိသည့် ရွာများသို့ ကွင်းဆင်း စည်းရုံးရေးလုပ်နေခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈

No comments:

Post a Comment