ondragstart="return false" onselectstart="return false"

Tuesday, November 4, 2014

တအာင်းနယ်တွင် TNLA တပ်မတော်နှင့် တပ်မ (၇၇)တိုက်ပွဲဆက်

နိုဝင်ဘာလ ၄ ရက် ၂၀၁၄

ယနေ့ နိုဝင်ဘာလ ၄ ရက် နံနက် ၀၆း၄၀ နှင့် ၀၇း၀၀ အတွင်း မန်တုံမြို့နယ်၊ လောက်ဂျယ် ရွာအနီးတွင် TNLA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၃၆၇)နှင့် မြန်မာစစ်တပ် တပ်မ (၇၇)စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြန်မာစစ်ကြောင်းတို့သည် နံနက်အစောပိုင်းတွင် ပန်ခါးလေးရွာမှ မန်တုံမြို့အနီး လောက်ဂျယ်ရွာသို့ ဆင်းလာသည့် လမ်းကြောင်းတွင် ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သတင်းရရှိသည်။
TNLA မှ တပ်ရင်း (၃၆၇) ရှေ့တန်းအရာရှိ အစီရင်ခံသည်မှာ ၄င်းတို့ RPG ခြောက်လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်းနှင့် မြန်မာတပ်ဘက်မှ ထိခိုက်မှုကိုမူ မသိရသေးကြောင်း ပြောသည်။

တပ်မ(၇၇)တို့သည် နိုဝင်ဘာလ ၁ ရက်တွင် ဖြစ်ပွားခဲ့သော နမ့်ဆန်မြို့နယ် ပန်စရီကျေးရွာအနီး TNLA တပ်မတော် တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၂၅၆)တို့နှင့် ဖြစ်ခဲ့သော တိုက်ပွဲတွင် မြန်မာ့စစ်တပ် တပ်မ (၇၇)ဘက်မှ (၃)ဦး ကျဆုံးပြီး (၄) ဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်းသိရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈

No comments:

Post a Comment