ondragstart="return false" onselectstart="return false"

Sunday, November 23, 2014

တအာင်းဒေသနမ့်ဆန်တွင် ယနေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

နိုဝင်ဘာလ ၂၂ ရက် ၂၀၁၄

တအာင်းဒေသနမ့်ဆန်မြို့နယ်အတွင်း ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နံက် ၀၉း၀၀ အချိန်တွင် ပန်စရီရွာနှင့် လွယ်လမ့်ရွာအကြားတွင် တစ်ကြိမ်နှင့်ညနေပိုင်း၁၅း၁၀အချိန်တွင်ဟိုလတ်ရွာနှင့်ဟိုနမ့်ရွာအကြားတွင် တစ်ကြိမ်ဖြစ်ပွားခဲ့သည်။

မနက်ပိုင်းတွင် မြို့သစ်ရွာမှ ပန်စရီရွာသို့ ချှီတက်လာသော မြန်မာစစ်ကြောင်း တပ်မ (၇၇) လက်အောက်ခံ ခမရ (၁၀၆)တပ်ရင်းအား ပန်စရီရွာနှင့်လွယ်လမ့်ရွာအနီးတွင် ရှိနေသည့် TNLA တပ်ရင်း (၂၅၆)မှ တပ်ဖွဲ့ဝင်များမှ ၀၉း၀၀ မှ ၀၉း၂၀ အထိတိုက်ခိုက်ခဲ့ကြောင်း TNLA တပ်မဟာ (၂)ရုံးမှ အစီရင်ခံသည်။
အဆိုပါတိုက်ပွဲတွင် မြန်မာစစ်တပ်မှ အနည်းဆုံး (၃)ဦးကျဆုံးပြီး (၄)ဦး အပြင်းအထန်ဒဏ်ရာ ရရှိကြောင်း သိရသည်။

တဖန်ညနေပိုင်း ၁၅း၁၀ မိနစ်အချိန်တွင် မြန်မာစစ်တပ် ခမရ (၁၀၆)မှ ဟိုလတ်ရွာနှင့် ဟိုနမ့်ရွာအကြား ရောက်ရှိလာချိန်တွင် ကင်းလှည့်နေသော TNLA တပ်ရင်း (၂၅၆)မှ တပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။
ခမရ (၁၀၆) စစ်ကြောင်းတို့သည် တိုက်ပွဲဖြစ်ပွားသည့် ဟိုလတ်ရွာနှင့် ဟိုနမ့်ရွာအကြားတွင် ဆက်လက်ရှိနေပြီး ရွာသူရွာသား ခရီးသွားများကိုလည်း တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် ဖြတ်သန်းခွင့် မပေးကြောင်း၊ မြန်မာစစ် တပ်ဘက်မှ အထိနာနိုင်ကြောင်း အရှေ့တန်းအရာရှိမှ ဆိုသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၆၉၂ ၆၂၂၄၈၅၈၊

No comments:

Post a Comment