ondragstart="return false" onselectstart="return false"

Tuesday, November 18, 2014

ကွတ်ခိုင်ဒေသတွင် TNLA တပ်မတော်နှင့် မြန်မာစစ်တပ်တိုက်ပွဲဖြစ်ပွား

နိုဝင်ဘာလ ၁၃ ရက် ၂၀၁၄

ကွတ်ခိုင်မြို့နယ် ပန်ကူအုပ်စု ပန်ကူကျေးရွာအနီးတွင် TNLA တပ်မတော် ဗျူဟာ အမှတ် (၅) လက်အောက်ခံ တပ်ရင်း (၂၂၃) နှင့် မြန်မာစစ်တပ် စကခ (၁၆) လက်အောက်ခံ ကွတ်ခိုင်အခြေစိုက် ခလရ တပ်ရင်း (၂၄၂) တို့ ယနေ့ နံနက်ပိုင်း ၁၀း၁၀ မှ ၁၀း၄၀ အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသော နေရာသည် ရွာနှင့်အလွန်းနီးသည့်အတွက် TNLA တပ်မတော်မှ ရွာနှင့်ဝေးရာသို့ ဆုတ်ခွာပေးပြီးနောက် ပစ်ခတ်သံများ ငြိမ်သက်သွားခဲ့သည်။

တိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေကို မသိရသေးပါ၊ ဆက်လက်ပြီး နောက်ဆက်တွဲ သတင်းများ တင်ပြသွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၆၉၂ ၆၂၂၄၈၅၈၊


No comments:

Post a Comment