ondragstart="return false" onselectstart="return false"

Tuesday, February 10, 2015

Breaking News; လောက်ကိုင်တွင် ၁၆း၁၇တွင် ဂျတ်လေယာဉ်ဖြင့် တိုက်ခိုက်

ညနေပိုင်း ၁၆း၁၇ မိနစ်ခန့်တွင် အစိုးရတပ်မတော်မှ ဂျတ်လေယာဉ်နှစ်းစီးဖြင့် ပြင်းထန်စွာ ပစ်ခတ် တိုက်ခိုက်နေသည်။ ယနေ့ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုမှာ ၃ ကြိမ်မြောက်ဖြစ်သည်။

ထို့အပြင် နေ့လည်းပိုင်း ၁၂း၀၀ ခန့်တွင် ၁ ကြိမ်၊ ညနေပိုင်း ၁၃း၂၀ မိနစ်ခန့်တွင် ၁ ကြိမ် လေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားရာသို့ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ဂျတ်လေယာဉ်ဖြင့် မတိုက်ခိုက်မီ နေ့လည် ၁၂း၀၀တွင် ဟတ်စကီး (၃)စီးဖြင့် တိုက်ပွဲဖြစ်ပွားရာ တိုင်းရင်းသား ပူးပေါင်းတပ်များရှိရာသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ၄င်းဟတ်စကီးများပြန်သွားပြီး ဂျတ်လေယာဉ်နှစ်းစီးဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန

လောက်ကိုင်ဒေသတွင် MNDAA/TNLA/AA ပူးပေါင်းတပ်နှင့် မြန်မာစစ်တပ်တိုက်ပွဲများ ပြင်းထန်
ဖေဖော်ဝါရီလ ၁၀ ရက် ၂၀၁၅ ခု
လောက်ကိုင်၊ ချင်မာလင်ဒေသတွင် နံက် ၂း၃၀ စတင်ပြီး နံက် ၈း၃၀အထိ ကိုးကန့်တပ်ရင်း (၂) တအာင်းတပ်မတော် တပ်ရင်း(၉၁၉) ၊ ရခိုင်တပ်မတော်စစ်ကြောင်းတိုင်းရင်းသားပူးပေါင်းတပ်တို့နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့အပြင် နောင်ကော်ရွာအနီးတွင်တွင် MNDAA တပ်၇င်း (၁၇)နှင့် TNLA တပ်ရင်း (၄၄၇)၊ရခိုင်တပ်မတော် စစ်ကြောင်းတို့သည် နံနက် ၈း၃၀ စတင်ပြီး ယခုသတင်းရေးသားချိန်ထိ ဆက်လက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။
နေ့လည် ၁၂း၀၀တွင် မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဟတ်စကီး (၃)စီးအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားရာ တိုင်းရင်းသားပူးပေါင်းတပ်များရှိရာသို့ ပျံဝဲပြီး ယခုသတင်းရေးသားအချိန်ထိ (၃)ကြိမ် ဗုံးကြဲသွားကြောင်း တစ်ကြိမ်လျင် အနည်းဆုံး (၈)လုံးခန့် ဗုံးကြဲတိုက်ခိုက်သွားကြောင်းသိရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
တအာင်းဒေသတွင် တပ်မ (၇၇) ရွာသားများကို ဓားစားခံအဖြစ်ဖမ်းဆီးထား
ဖေဖော်ဝါရီလ ၁၀ ရက် ၂၀၁၅ ခု

ဖေဖော်ဝါရီလ ၉ ရက်နေ့ မန်တုံနယ်၊ ခိုမုန်းရွာအနီးတွင် TNLA တပ်ရင်း (၃၆၇)နှင့် မြန်မာစစ်တပ် တပ်မ (၇၇)စစ်ကြောင်း နံနက်ပိုင်း ၀၄း၃၀ မှစတင်ပြီး နေ့လည်ပိုင်း ၁၄း၀၀ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း မြန်မာစစ်တပ် တပ်မ-၇၇ မှ ထိခိုက်မှုများရှိသည်ဟု သိရပြီး မနေ့က ညနေ ပိုင်းတွင်စတင်ပြီး တပ်မ- ၇၇ မှ ခိုမုန်းကျေးရွာသူကျေးရွာသားများကို ၄င်းတို့ စခန်းတွင် ထိန်းထိမ်းထားကြောင်း၊ ရွာသားများကို ဓားစားခံအဖြစ်ခေါ်ထားလျက်ရှိကြောင်းသိရသည်။

TNLA သတင်းနှင့်ပြန်ကြားရေးဌာန


No comments:

Post a Comment