ondragstart="return false" onselectstart="return false"

Saturday, February 21, 2015

တအာင်းတပ်မတော် (TNLA)၊ (MNDAA)၊ (AA) တပ်ပေါင်းစုနှင့် မြန်မာ့တပ်မတော် တိုက်ပွဲသတင်း

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်

လောက်ကိုင်ဒေသ၊ ကုန်းကြမ်းမြို့နယ်အတွင် ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် ညနေ ၁၇း၀၀ နာရီမှ ယခုချိန်အထိ အာင်းတပ်မတော်(TNLA) တပ်ရင်း (၈၁၈)၊ (MNDAA)၊ (AA)တပ်ပေါင်းစုနှင့် မြန်မာ့တပ်မတော်တပ်မ (၃၃)တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲ နောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြ သွားပါမည်။
အဆိုပါဒေသတွင် ယနေ့နံနက် ၀၈း၀၀ နာရီတွင်တစ်ကြိမ်၊ ၀၈း၃၀ နာရီတွင်တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယခုညနေ ၁၇း၀၀ နာရီအချိန်တိုက်ပွဲသည် ယနေ့တစ်ရက်အတွင်း သုံးကြိမ်မြောက် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်အတွင် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် ယနေ့ ညနေ ၁၅း၀၀ နာရီမှ ယခုချိန်အထိ အာင်းတပ်မတော်(TNLA) တပ်ရင်း (၁၀၁)နှင့် မြန်မာ့တပ်မတော်တပ်မ (၈၈)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲ နောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြ သွားပါမည်။
တအာင်းဒေသအတွင်း မြန်မာ့တပ်မတော်မှ စစ်အင်အားဖြည့်တင်းပြီး တအာင်းတပ်မတော်အား ထိုးစစ်ဆင် တိုက်ခိုက် လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

လောက်ကိုင်မြို့နယ်၊ တာရွှေထန်ဖက်အတွင် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အာင်းတပ်မတော်(TNLA) တပ်ရင်း (၄၄၇)၊ (MNDAA)၊ (AA)တပ်ပေါင်းစုနှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲ နောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြ သွားပါမည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့သည် ယနေ့ ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် တအာင်းဒေသ၊ တပ်မဟာ(၁)နယ်မြေ နမ့်ခမ်းမြို့နယ်၊ မန်လုံကျေးရွာ အနီးတွင် နံနက် ၀၆း၃၀ နာရီတွင် အာင်းတပ်မတော်(TNLA) တပ်ရင်း (၁၁၂)နှင့် မြန်မာ့တပ်မတော်တပ်မ (၈၈)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှု မရှိပါ။ မြန်မာ့တပ်မတော်မှ (၁၁) ဦးကျဆုံးပြီး (၅) ဦးဒဏ်ရာရရှိသည်။
နံနက် ၁၀း၃၀ နာရီ အချိန်မှ ၁၁း၀၀ နာရီအထိတွင် သိန်းနီမြို့နယ်၊ နားတီးကျေးရွာအနီးတွင် တအာင်းတပ်မတော် တပ်ရင်း (၈၈၅/၆၆၁)နှင့် မြန်မာ့တပ်မတော်တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ နှစ်ဘက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။

ညနေ ၁၄း၅၀ နာရီမှ ယခုချိန်အထိတွင်လည်း တအာင်းဒေသ၊ တပ်မဟာ(၂)နယ်မြေ၊ မိုင်းငေါ့မြို့နယ်ခွဲ၊ ကျောက်ဖြူလေးကျေးရွာနှင့် နားလွီကျေးရွာကြားတွင် တအာင်းတပ်မတော်(TNLA) တပ်ရင်း (၂၅၆/၅၂၇)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ နှစ်ဘက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။
ထို့အပြင် လောက်ကိုင်-ကုန်းကြမ်း ဒေသတွင်လည်း တအာင်းတပ်မတော်(TNLA)၊ MNDAA၊ AA တပ်ပေါင်းစုအဖွဲ့နှင့် မြန်မာ့တပ်မတော်တို့သည် ယနေ့ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၀၆း၀၀ တွင် တအာင်းတပ်မတော်(TNLA)တပ်ရင်း(၄၄၇)၊ MNDAA၊ AA တပ်ပေါင်းစုအဖွဲ့နှင့် လည်းကောင်း၊ နံနက် ၀၈း၄၅ နာရီတွင် တအာင်းတပ်မတော်(TNLA)တပ်ရင်း(၈၁၈)၊ MNDAA၊ AA တပ်ပေါင်းစု အဖွဲ့နှင့်လည်းကောင်း၊ နေ့လည် ၁၂း၀၀ နာရီအချိန်တွင် တအာင်းတပ်မတော်(TNLA)တပ်ရင်း(၉၁၉)၊ MNDAA၊ AA တပ်ပေါင်းစု အဖွဲ့နှင့် လည်းကောင်း နှစ်ဘက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲ နောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြ သွားပါမည်။
ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တစ်ရက်အတွင်း တိုက်ပွဲ (၆) ကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်မှ စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင် တိုက်ခိုက် လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်။ ယခုကဲ့သို့ ထိုးစစ်ဆင်များပြားလာမှုကြောင့် တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သည့် အလားအလာရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA



No comments:

Post a Comment