ondragstart="return false" onselectstart="return false"

Monday, June 22, 2015

လော်ခီးလာ နိုင်ငံရေးထိုးစစ်နှင့် ငြိမ်းချမ်းရေးအလားအလာ - ငြိမ်းချမ်းရေးစစ်တမ်း (၁၆)

ဖတ်ရှုလေ့လာသင့်သော နိုင်ငံရေးသုံးသပ်ချက်များဖြစ်သည်။

xxxxxxxxxxxx

"လော်ခီးလာညီလာခံ၏ ဆုံးဖြတ်ချက်နှင့် ရပ်တည်ချက်များအပေါ်အခြေခံ၍ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရန်မှာလည်း စစ်အစိုးရက လက်မခံနိုင်ဆုံးသော အခြေအနေတချို့ ရှိနေသည်။ ပထမ အခြေ
အနေမှာ ၄င်းတို့ နှင့် ပြန်လည်တွေ့ ဆုံဆွေးနွေးရမည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တွင်ပါဝင်သော အဓိကတိုင်းရင်း
သားခေါင်းဆောင်များ၏ အနေအထားဖြစ်သည်။ ယင်းတို့ ၏ အများစုကြီးမှာ လော်ခီးလာညီလာခံဆုံးဖြတ်ချက်များမှ တပြားမှ လျှော့မည့်ပုံမရှိ။ ယင်း၏ အဖွဲ့ ခေါင်းဆောင်မှာ စစ်အစိုးရ နှင့် အလွမ်းသင့်ရုံမက၊ နေပြည်တော်ကို ချောင်း
ပေါက်မတတ် ဖိတ်ကြား၊ အခွင့်အလမ်း အမျိုးမျိုးဖြင့်ချော့မြူထားခဲ့သည့် ကေအင်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး မဟုတ်။ နိုင်ငံရေး အရ ခိုင်မာစွာ ရပ်တည်လျှက်ရှိသည့် ဒုဥက္ကဌ နော်စီဖိုးရာစိန် ဖြစ်နေသည်"





Type the rest of your post here.

No comments:

Post a Comment