ondragstart="return false" onselectstart="return false"

Wednesday, June 24, 2015

တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော်တို့ နေ့စဉ်တိုက်ပွဲပြန်ထန်

၂၀၁၅ ခုနှစ် ဇွန်လ ၂၄ ရက်

တအာင်းဒေသ၊ တပ်မဟာ(၂) နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ မန်လုံးကျေးရွာနှင့် မန်ဖတ်(ရူဆစ်) ကျေးရွာကြားတွင် ယနေ့ ဇွန်လ ၂၄ ရက်နေ့ ၀၈း၀၀ မှ ၀၉း၀၀ နာရီ အချိန်ထိ တအာင်းတပ်မတော် တပ်ရင်း(၄၃၄)နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ (၂) ဦးကျဆုံးသည်။
အဆိုပါတိုက်ပွဲ ဖြစ်ပွားရာဒေသတွင် မြန်မာ့တပ်မတော်မှ အင်အား(၂၀၀)ကျော်၊ စစ်ကြောင်း(၂) ကြောင်းဖြင့် တအာင်းတပ်မတော်အား လိုက်လံတိုက်ခိုက်ခဲ့ရာ ဇွန်လ (၁၇) ယနေ့အထိ ထိုဒေသတွင် (၆) ကြိမ်ဖြစ်ပွား ခဲ့သည်။

သတင်းနှင့် ပြန်ကြားရေးဌာန

Type the rest of your post here.

No comments:

Post a Comment