ondragstart="return false" onselectstart="return false"

Wednesday, February 3, 2010

နအဖ စစ်တပ်မှ ကရင်လူထုအပေါ် ယုတ်မာပက်စက်မှု ဓါတ်ပုံမှတ်တမ်း

ကျနော်တို့ ကရင်ပြည်နယ်မှာ နအဖ စစ်တပ်တွေရဲ့ အဆက်မပြတ် ကရင်လူထုအပေါ် ညှင်းပမ်းနိုပ်စက်၊ အတင်းအကျပ်ခိုင်းစေမှု၊ သတ်ဖြတ်မှု၊ ရွာမီးရှို့ မှု စသည်တို့ ကို ရနိုင်သမျှသတင်းတွေ စုဆောင်းပြီး တင်ပြထားပြီးဖြစ်ပါတယ်။

ယခုဓါတ်ပုံသတင်းဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စွဲဖြင့် FBR မှထုတ်ပြန်ထားသော အစီရင်ခံစာ ဓါတ်ပုံတွေဖြစ်ပါတယ်။ နအဖ ဗမာ့တပ်မတော်သည် ကရင်လူထုကို သတ်ဖြတ်ရုံမက ကျွဲနွားတိရိစ္ဆာန်တွေလို ကျေးလက်ဒေသရှိ ကရင်လူမျိုးတွေကို ကောင်းကောင်းနိုပ်စက် ခိုင်းသတ်နေတယ်ဆိုဒါ ဒီဓါတ်ပုံတွေက သက်သေခံနေပါတယ်။

လူမမယ်ကလေးတွေ မိန်းကလေးတွေ အရွယ်နဲ့ မလိုက်အောင် နအဖ စစ်ခွေးတွေရဲ့ ပေါ်တာတွေအဖြစ် အသုံးချခံနေရဒါတွေကို မြင်တွေ့ နေရတဲ့ ကရင်လူမျိုးများအဖို့  ရင်နာလို့ မဆုံးပါ။..ဒါဟာ အနာဂါတ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ဖို့ ဆူးညှောင့်ခလုတ်တွေပဲ လို့ ကျနော်တို့ နအဖ စစ်အစိုးရကို သတိပေးလိုပါတယ်။

အောက်ပါဓါတ်ပုံတွေက နအဖ ဗမာ့တပ်မတော် မှ ကျနော်တို့ ကရင်လူမျိုးများအပေါ် ထားရှိတဲ့ စိတ်ရင်းစေတနာ သဘောထား အမှန်တွေဖြစ်ပြီး နားရှိသော မျက်စိရှိသော ကရင်အမျိုးသားတိုင်း ကြားနိုင်ကြပါစေ မြင်နိုင်ကြပါစေ။

Photos of Families Fleeing, Burma Army, And a Villager Killed

Type the rest of your post here.

No comments:

Post a Comment