ondragstart="return false" onselectstart="return false"

Wednesday, February 3, 2010

Letter of Condolence to Glenn Craig & Family Members

ကျန်ရစ်သူ Glenn Craig မိသားစုသို့ ပေးပို့ သော KNU ကရင်အမျိုးသားအစည်းအရုံး၏ ၀မ်းနည်းမှု သ၀ဏ်လွှာပါ။ ဖေဖေါ်ဝါရီ ၂ ရက်နေ့ မှာ အမေရိကန်နိုင်ငံ ကေအဲန်ယူ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ နော်လွီဇာဘင်ဆင် တစ်ယောက်ကွယ်လွန်သွားပြီ ဖြစ်တဲ့ အတွက် ကျနော်တို့ ကရင်တမျိုးသားလုံးနှင့် ကျန်ရစ်သူမိသားစုအတွက် ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုကြီးပါ။

နော်လွီဇာဘင်ဆင်ဟာ ချောမောလှပပြီး တချိန်က ဗမာပြည်မှာ အလှမယ်ဘွဲ့ ရခဲ့သူဖြစ်ပါတယ်။ အာဏာရှင် ဗိုလ်နေ၀င်း မျက်စိကျခဲ့သူလည်း ဖြစ်ပါတယ်။ ဒီလိုအလှဘုရင်မှတဦး မဟာရန်ကုန်မှာ ဗိုလ်နေ၀င်းအပါအ၀င် တခြားဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တွေက ချည်းက ပေမယ့်လည်း ကရင်စစ်သား တစ်ဦးဖြစ်တဲ့ တချိန်က နာမည်ကြီး ကေအဲန်ယူမှ ဗိုလ်လင်းထိန် ကိုပဲ ရွေးချယ် လက်ထပ်ယူခဲ့ပါသည်။ နောင်တွင် ဗိုလ်လင်းထိန်ကိုယ်တိုင် ဗိုလ်နေ၀င်း၏ ငြိမ်းချမ်းရေး စကားလုံးအောက် မျောပါပြီး မဆလ ခေတ်မှာ အထဲကို ပြန်ဝင်ခဲ့ပါတယ်။ သိပ်မကျန်လိုက်ပါဘူး ဗိုလ်လင်းထိန်ကို ဗိုလ်နေ၀င်းအစိုးရက လုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။ ဗိုလ်လင်းထိန် ဆိုဒါ မဟုတ်မခံသူတစ်ဦးဖြစ်သလို နာမည်ကောင်း နာမည်ဆိုးနှင့်ကျော်ကြားသူတစ်ဦးပါ။ သူရဲထင်ရှားတဲ့ လုပ်ရပ်တစ်ခုက ထိုင်းစီးပွားရေးသမားတွေရဲ့ ငွေလိမ်လည်မှုကြောင့် မခံနိုင်၍ မဲဆောက်မြို့ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ဘူးတဲ့ တစ်ဦးတည်းသော ကေအဲန်ယူတပ်မှူးဟာ တစ်ချိန်က ဗိုလ်လင်းထိန်ပါ။ ဒီကြောင်းအရာတွေကို သမိုင်းလေ့လာသူများ ကောင်းကောင်းသိထားကြပါတယ်။

မြန်မာပြည်တွင်းမှာ ဗိုလ်လင်းထိန် လုပ်ကြံခံရပြီး အန်တီ နော်လွီဇာဘင်ဆင်ဟာ ဗမာပြည်ထဲမှာ မနေရဲတော့ပဲ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ်။ နောင်တွင် အမေရိကန်နိုင်ငံသား Glenn Craig နှင့်ပြန်အိမ်ထောင်ကျပြီး အမေရိကန်တွင် အခြေချနေထိုင်ခဲ့ပါတယ်။ သူသည် သေဆုံးသွားသည်အထိ ကရင်အမျိုးသားများ စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ပါသဖြင့် သူ့ ကိုဆုံးရှုံးမှုသည် ကျနော်တို့  ကရင်တမျိုးသားလုံး၏ ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ပါသည်။
သွားလေသူ အန်တီ နော်လွီဇာဘင်ဆင် အား ကျနော်တို့ သောသီခိုအဖွဲ့ သားများ ဦးညွတ်လျက် အထူးမှတ်တမ်းတင် ဂုဏ်ပြုအားပါသည်။


Microsoft Word - Condolence-toNLBC-Family -

No comments:

Post a Comment