ondragstart="return false" onselectstart="return false"

Friday, February 5, 2010

ထိုင်းအစိုးရ ကရင်ဒုက္ခသည် များနေရပ်ပြန်ပို့ မည့်အစီအစဉ်ကို ခေတ္တရပ်တန့် 

05/02/2010
Karen Refugee Leave Thai-Burma
Border Refugee Camp For Resettlement in Third Country
Photo-Freedom News Group

Bangkok – ဒုက္ခသည် ၁၂ ဦးပါဝင်သည့် ကရင်မိသားစု တစ်စုကိုထိုင်းက နေရပ်သို့ အတင်းအကျပ်
ပြန်လည်ပို့ ဆောင်ပေးလိုက်ပြီးနောက် ထိုင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး
ဆိုခွင့်ရှိသူ ထနီ ထောင်ပခ်ဒီ က ကရင်ဒုက္ခသည် ၃၀၀၀ ကျော်လောက်ကို ပြန်ပို့ မယ့်
အစီအစဉ် ရပ်တန့် လိုက်ပြီဖြစ်ကြောင်း သောကြာနေ့ က သတင်းထုတ်ပြန်ခဲ့ပါတယ် ထိုင်းအစိုးရကတော့ ကရင် ဒုက္ခသည်တွေ ကို အတင်းအကျပ်နေရပ် ပြန်ပို့ မယ့် မူဝါဒ သူ့ အစိုးရ အဖွဲ့ ထဲမှာ မရှိဘူးလို့ ဆိုပါတယ်။ဒါပေမယ့် သူတို့ ကိုပြန်ပို့ နိုင်ဖို့ အတွက် နေရပ်မှာဘာအနှောင့်အယှက်မှ မရှိတော့ဘူးဆိုရင် ပြန်ပို့ မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ သာဆောင်ယမ်း ခရိုင် မှာ ရောက်ရှိနေကြတဲ့ ကရင် စစ်ပြေးဒုက္ခသည် ၃၀၀၀
ကျော်ဟာ ယမန်နှစ် ဇွန် လတုန်းက မြန်မာစစ်တပ် နဲ့ ဒီကေဘီအေ တို့ ပူးတွဲပြီး ကရင်
လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၇ ကို ထိုးစစ်ဆင်တဲ့ အချိန်မှာ စစ်တပ် နဲ့ 
ဒီကေဘီအေ ရဲ့  ရွာတွေ ကို မြေလှန်မီးရှို့ တဲ့ စနစ်ကြောင့် နေရပ်က စွန့် ခွာလာခဲ့ရတာ
ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ လူမဆန်တဲ့ရက်စက် မှုတွေ ကြောင့် ထိုင်းအစိုးရ အနေနဲ့ ကရင်ဒုက္ခ
သည် တွေ ကိုနေရပ်ပြန်မပို့ ဖို့ သောကြာနေ့ က နယူးယောက် လွှတ်တော်အမတ် ဂျိုး
ဆဖ်ခရိုးလေးဦးဆောင်တဲ့ လွှတ်တော်အမတ် ၂၇ ယောက်က ထိုင်းဝန်ကြီးချုပ် အဘီဆစ်
ဝဇ္ဖာ ဇီဝ ဆီ စာရေးပြီးတောင်းဆိုခဲ့ကြပါတယ်။

အမေရိကန် ဥပဒေပြု အမတ်တွေ ရေးသားပေးပို့ တဲ့ စာထဲ မှာတော့ ဒီဒုက္ခသည်တွေဟာ
နေရပ်ကို ပြန်လည်ရောက်ရှိတာနဲ့  နှိပ်စက်ခံရမှာ ၊အတင်းအကျပ်လုပ်အားပေးခံရမှာ၊
ပေါ်တာဆွဲခံရတာနဲ့ လူ့ အခွင့်ရေးချိုးဖောက်ခံရတာတွေ နဲ့ ကြုံတွေ့ ရမှာ ဖြစ်တယ်လို့ 
ရေးသားထားပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာ နိုင်ငံက ထွက်ပြေးရောက်ရှိလာတဲ့ ကရင်ဒုက္ခသည် တွေ ကိုနယ်စပ်
တစ်လျှောက်မှာ စခန်းကိုးခု ဖွင့်လှစ်ပြီး လက်ခံထားရှိခဲ့ပါတယ်။မဲလ ဒုက္ခသည် စခန်းက
တာဝန်ရှိသူ တစ်ဦးကတော့ ထိုင်း-မြန်မာ နယ်စပ်က ကရင် ဒုက္ခသည် စခန်းတွေမှာ ကရင်
လူမျိုး ငါးသောင်းထက် မနည်းရှိမှာ ဖြစ်ကြောင်း Freedom News Group ကိုပြောပါတယ်။
Freedom News Group
http://www.wanna23.com/မှပြန်လည်ကူးယူသည်။

No comments:

Post a Comment