ondragstart="return false" onselectstart="return false"

Wednesday, February 10, 2010

ဗမာ့တပ်မတော်မှ ကရင်ရွာများကို မီးရှို့ ဖျက်ဆီး

၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ (၇)ရက်နေ့ တွင် ဗမာ့တပ်မတော်မှ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့ နယ် ဟီဒိုထာ ရွာသို့ ဝင်ရောက်ပြီး အိမ်ခြေပေါင်း (၄၆)အိမ်ကို မီးရို့ ဖျက်ဆီးလိုက်ကြောင်းသိရှိရပါသည်။ သည့်ပြင် ဖေဖေါ်ဝါရီ (၉)ရက်နေ့ တွင်လည်း ဒီးဒီးမူဒဲး ရွာကို ၀င်ရောက်ပစ်ခတ်ပြီး အိမ်ခြေပေါင်း (၂၈)အိမ်ကို ထပ်မံမီးရှို့ ပြန်ပါသည်။ မီးရို့ ခံရမှု အထဲတွင် အလယ်တန်းကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်း တစ်ကျောင်း၊ ဆေးပေးခန်း တစ်ခု ပါရှိပါသည်။

ယခုအချိန်တွင် ကျောက်ကြီးမြို့ နယ်၌ ဗမာစစ်တပ်များ ဆက်လက်လှုပ်ရှားနေပြီး ရွာများဖြစ်သော ဒီးဒီးမူဒဲ၊ ဟီဒိုထာ၊ ကဟီးဒေး ရွာတို့ မှ ရွာသား(၅၀၀) ကျော်သည် ယခုအခါတွင် တောတွင်း၌ ထွက်ပြေးပုန်းအောင်းနေရဆဲဖြစ်ပါသည်။ ထွက်မပြေးပါကလည်း ဗမာစစ်တပ်မှ ရွာသားများကို ညှင်းပမ်းနိုပ်ဆက်ပြီး လူမဆန်စွာ ခေါင်းဖြတ်သတ်သည် အထိ ဗမာ့တပ်မတော်မှ ယုတ်မာသောကြောင့် ရွာသားများသည် အတွေ့ မခံပဲ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးပုန်းအောင်း နေရကြောင်းသိရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင်သတင်းများတွင်လည်း နအဖ ဗမာ့တပ်မှ ရွာသားများကို တွေ့ လျှင် သတ်ဖြတ်ခေါင်းဖြတ် စသည်တို့ ကို ပြုလုပ်နေကြောင်း သတင်းများတွင် ပါရှိပြီးဖြစ် ပါသည်။

ကမ္ဘာအရပ်ရပ်ရှိ ကရင်အမျိုးသားအပေါင်းတို့  အခုဖြစ်ပျက်နေဒါတွေဟာ ပုံပြင်မဟုတ်ပါ။ တကယ့်လက်တွေ့  ကရင်အမျိုးသားများအပေါ် ထားရှိတဲ့ ဗမာ့တပ်မတော်ရဲ့ စိတ်ရင်းစေတနာတွေ ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

တိုက်ပွဲနှင့် လူအခွင့်အရေးချို့ မှုသတင်းအပြည့်အစုံကို အောက်တွင်ဆက်လက်ဖတ်ရှုကြပါ။ ကရင်လို နားမလည်သူများအတွက် တချို့ ကရင်ဘလော့များတွင် ဘာသာပြန်ကို ပြန်လည်ဖတ်ရှုကြပါ။


10[1].2.2010 -

1 comment:

Mr;smart said...

buma soilder is so rude...

Post a Comment