ondragstart="return false" onselectstart="return false"

Saturday, February 13, 2010

ချစ်သမီးသို့

လွန်ခဲ့သော (၁၄-၂-၂၀၀၈) နှစ် ညနေ (၄)နာရီ (၂၀) မိနစ်ဝန်းကျင်မှာ မသာမာသူ လူတစုရဲ့လက်ချက်ကြောင့် ကျနော်တို့  ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း ဟာ သူရဲ့နေအိမ်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။ ပဒိုမန်းရှာလားဖန်း ရုတ်တရက် ကွယ်လွန်သွားခြင်းဟာ ကရင့်တော်လှန်ရေးနဲ့ ကရင်တမျိုးသားလုံးအတွက် ကြီးမားတဲ့ဆုံးရှူံးမှုတရပ်ဖြစ်သလို၊ တနည်းအားဖြင့် ပြောရမယ်ဆိုရင် စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ဗမာပြည် အဖိနိုပ်ခံတိုင်းရင်းသား လူမျိုးစုံပြည်သူတရပ်လုံးရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတရပ်ဖြစ်ပါတယ်။ ယခု ကျရောက်လာမည့် နှစ်ပါတ်လည် ဖေဖေါ်ဝါရီ(၁၄)ရက်နေ့ မှာ သူ့ ကို ဂုဏ်ပြုသောအားဖြင့် သူရေးစပ်ထားခဲ့တဲ့ ကဗျာတပုဒ်အား အမှတ်တရ အနေနဲ့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

အာဇာနည်သူရဲကောင်းတို့ ဟာ သေရိုးထုံးစံမရှိပါ။ သူတို့ ရဲ့ယုံကြည်ချက်များဟာ ကျနော်တို့ မျိုးဆက်သစ်များအပေါ် ဆက်လက်ရှင်သန်နေပါဦးမည်။


ချစ်သမီးသို့

သမီးရေ…
ဂန္ထ၀င်ခရီးမှာ
နေ့ခရီးကြောင်တောင် နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ မသိပါ၍
ရပ်နေသူလည်းရှိပါသည်။

ညဥ့်နက်သန်းခေါင် လမ်းစမှောင်လည်း
တောင်မြောက်သေချာ သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်၊

လေပြင်းအတိုက် လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည် ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်၊

မုန်တိုင်းကထန် လှိုင်းကထန်လည်း
ရေဆန်လေကြမ်း ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်၊

သမီးရေ--
စေတနာနှင့် အသိ
သတိနှင့်သီလ၊ ၀ီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ၊ သတ္တိနှင့် စွန့်လွတ်မှု
အရင်းပြု ခရီးနှင် ဂန္ထ၀င်ရက်မြတ်
ရဲရဲမြတ်လော့ သမီး-----။

ရေဆန်(ဗဒိုမန်းရှာလာဖန်း)

No comments:

Post a Comment