ondragstart="return false" onselectstart="return false"

Wednesday, February 24, 2010

သူပုန်အဖွဲ့များ အသွင်ပြောင်းရန် ၅ ရက်သာလို

မိုးမခအထောက်တော် အမှတ် ၀၀၁

ဖေဖော်ဝါရီ ၂၃၊ ၂၀၁၀ ငြိမ်းချမ်းရေး ယူခဲ့သည်မှာ ၁၆ နှစ် ပြည့်ပြီဖြစ်သော KIAတပ်မှ တပ်ဖွဲ့ဝင်များ
(ဓာတ်ပုံ-BBC)

စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် တရုတ်နယ်စပ်မှ လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့် တပ်များ အဖြစ် အသွင် ပြောင်းရန် နောက်ဆုံး သတ်မှတ်ထားသည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့သည် တဖြည်းဖြည်း နီးကပ်လာသည်။
ဤအတောအတွင်း စစ်ရေးပြင်ဆင်မှုများကို လက်နက်ကိုင်အဖွဲ့တချို့က ပြုလုပ်နေကြရာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)လည်း ပါဝင်သည်။

“(နယ်ခြားစောင့် တပ် အသွင် ပြောင်းဖို့) ကျနော်တို့ လက်မခံနိုင်ဘူး ဆိုတာ ပြောပြီးသား။ သူတို့ ဆီမှာပဲ မူတည်လိမ့်မယ်။ သူတို့က စ တိုက်လာရင်တော့ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမှာပဲ” ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်က ဘီဘီစီ သတင်းဌာနကို ပြောသည်။

တိုက်ခိုက်ခံရပါက တခြားသော တိုင်းရင်းသား တပ်ဖွဲ့များက KIA ကို ထောက်ခံကြမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော ထိုအဖွဲ့များလည်း KIA ရင်ဆိုင်ရသကဲ့သို့ ကြုံတွေ့နိုင်သောကြောင့် ဖြစ်ကြောင်း ဗိုလ်ချုပ် ဂမ်ရှောင်က ဘီဘီစီ ကို ပြောသည်။

ပြီးခဲ့သည့်နှစ်က တရုတ်မြန်မာနယ်စပ်မှ KIA, UWSA, ကိုးကန့် MNDAA, မိုင်းလားအဖွဲ့ တို့ စစ်ရေး မဟာမိတ် ဖွဲ့ခဲ့ကြသည်။ ထိုသို့ ဖွဲ့စည်းပြီး ၁ လ ခန့်အကြာတွင် စစ်အစိုးရက ကိုးကန့် MNDAA ကို သွားရောက်တိုက်ခိုက်ခဲ့သော်လည်း စစ်ရေး မဟာမိတ် အဖွဲ့၏ ပါဝင်ပတ်သက်မှုသတင်းများ ထွက်ပေါ်မလာခဲ့ပေ။

ဤအတောအတွင်း တရုတ်နိုင်ငံက မြန်မာပြည် တိုင်းရင်းသားများအရေး၊ မြန်မာ့နိုင်ငံရေးကို အနီးကပ် စောင့်ကြည့်လျက် ရှိသည်။

လွန်ခဲ့သည့် ၃ လခန့်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ စစ်ဗိုလ်ချုပ်နှစ်ဦးသည် လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံရန် တရုတ်မြန်မာနယ်စပ်၊ ထိုင်းမြန်မာနယ်စပ်သို့ သွားရောက်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုလားသည့် တိုင်းရင်းသား တပ်ဖွဲ့များကိုသာ ရွေးချယ် တွေ့ဆုံခဲ့ပြီး မကြာမီ ကာလအတွင်း ထပ်မံ သွားရောက်ပြီး ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ဦးမည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်အတွင်း စစ်အစိုးရက တိုင်းရင်းသား အဖွဲ့များကို အကြိမ်ကြိမ် တွေ့ဆုံပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စည်းရုံးဆွေးနွေးခဲ့ရာ အဖွဲ့ ၃ ဖွဲ့က အသွင်ပြောင်းခဲ့ပြီး ဖြစ်သည်။ ထိုအဖွဲ့များမှာ

- ကချင်ပြည်သစ် တပ်မတော် ခေါ် NDA-K (ကချင်ပြည်နယ် အခြေစိုက်)
- ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ခေါ် ကလလတ (ကယားပြည်နယ် အခြေစိုက်)

- ကိုးကန့် MNDAA (ရှမ်းပြည်နယ် အခြေစိုက်) တို့ ဖြစ်သည်။

ကိုးကန့်အဖွဲ့သည် အသွင်ပြောင်းခြင်း မပြုမီ ခေါင်းဆောင်များအကြား သွေးခွဲခံရခြင်း၊ မူးယစ်ဆေးလုပ်ငန်း လုပ်ကိုင်သည်ဟု စွပ်စွဲခံရခြင်း တို့နှင့် ကြုံခဲ့ရသည်။
မိုးမခသတင်းမှ

No comments:

Post a Comment