ondragstart="return false" onselectstart="return false"

Friday, June 10, 2011

အဆင့်အတန်းမရှိတဲ့ ဗမာ့တပ်မတော်

ဒီသတင်းကို ဖတ်တော့ သိပ်မကြာသေးခင်လများက ငြိမ်းကောင်စီ ဗိုလ်ထိန်မောင် အဖွဲ့ ဝင် ကရင်စစ်သား ၈ ဦးကို ဗမာစစ်သားတွေက သတ်ဖြတ်ပြီး မီးရှီူ့ ပစ်ထားခဲ့တာတွေကို မြင်ယောင်မိပါတယ်။ နင်လားငါလား စစ်မြေပြင်မှန် တစ်ဦးကို တစ်ဦးတိုက်တဲ့ပွဲတွေမျိုးဆိုရင် ၈ဦးမပြောနဲ့  ၈၀၀ လောက်သေသွားရင်တောင် အဲဒါ တရားတယ်.. အဆင့်အတန်းရှိတယ် သိက္ခာရှိတယ်။

အခုလာပြန်ပြီ ကချင်နဲ့  စစ်သုံးပန်းလှဲလှယ်ရေးမှာ ကချင်တွေကို ဗမာစစ်တပ်က လူသေကောင်ပြန်ပေးပြီး ကချင်က လူရှင်နှစ်ယောက်ပြန်ပေးလိုက်တယ်ဆိုပဲ။ ဗမာ့တပ်မတော်က သူတို့ ဗိုလ်ချူပ်တွေက အစ မိုက်ရှိုင်းယုတ်မာတော့ ဗမာစစ်တပ်တစ်ခုလုံးလည်း လူယုတ်မာတွေ ပေါများလွန်းလှပါတယ်။ အခုဖြစ်ပျက်နေတဲ့ အရာတွေဟာ သက်သေပဲ။

ဒါကလည်း ရိုးရိုးသားသားမဟုတ်ဘူးလို့ ပြောလို့ ရတယ်။ ငြိမ်းကောင်စီက ဗိုလ်ထိန်မောင်လူ ၈ဦးကိစ္စနှင့်ယခုကချင်ကိစ္စက လူမျိုးရေးအရ တမင်ရီရွယ်ပြီးစော်ကားတာလည်းပါတယ်။ မင်းတို့ ကရင်တွေ ကချင်တွေ ဒီလိုပဲသတ်ပစ်မယ် ဆိုတဲ့ မဟာတွေရဲ့ အောက်တန်းကျတဲ့ေ-ာက်ကျင့် စိတ်ဓါတ်တွေလို့ ပြောရင်မှားမယ် မထင်ပါ။

တကယ်တော့ ဒီပွဲမှာ ကချင်က အလောင်းချင်း လှဲလှယ်တာကပိုကောင်းပါတယ်။ အဲဒါမှ တရားမျှတတယ် ဆိုရပါမယ်။ ကိုယ်က အရှင်လတ်လတ်နှစ်ယောက်ပြန်ပေးပြီး ကိုယ့်ကို လူသေကောင်ပြန်ပေးတာ ခံရခက်လွန်းပါတယ်။ အခုတော့ ဗမာ့တပ်မတော်က ကွယ်ရာမှာ ကြိတ်ပြီး မင်းတို့ ကို ရီ(ရယ်)ပေးနေပြီ ကချင်ညီနောင်တို့ ရေ.....

kachin soldier killed by burmese Army


Type the rest of your post here.

4 comments:

Anonymous said...

နောင်ဆို ခွေးတွေကို အရှင်မထားနဲ့ အကုန်သာ ရှင်းပစ်လိုက် ဂျိမ်းဖေါသားတို့ ရေ....

Anonymous said...

ဗမာစစ်သားစစ်ဗိုလ်စစ်ဗိုလ်ချုပ်တွေဟာ ခွေးအသိဘဲရှိတယ်။ ခွေးအသိလောက်ရှိလို့ ဗမာပြည်ဟာအခုထက်ထိ မတိုးတက်နိုင်တာ။ ထမင်းငတ်နေကြရတာ။ သူများနိုင်ငံမှာ ကိုယ့်ကိုကိုယ် သွားရောင်းစားကြရတာ။

Anonymous said...

သူများနိုင်ငံမှာကိုယ့်ကိုယ့်ကိုရောင်းစားနေတာကရင်လူမျိုးစုအများ
ဆုံးပါ။ထိုင်းမှာပဲကြည့်အခုနော်အနှိပ်ခန်း။ဖာဘိတော်တော်များမှာ
ကရင်မလေးငယ်ငယ်တွေအများကြီးပဲမြင်နေရတယ်။
ကရင်လူမျိုးကိုကရင်ပဲဖျက်စီးနေတာရင်နာစရာပါ။

Anonymous said...

မင်းတို့ ဗမာစစ်ဗိုလ်တွေ အွန်လိုင်းပေါ်မှာ ဒီထက်ပိုပြီး ဘာတွေ ပြောတတ်သေးလည်း ဟားဟားဟား.. တရုတ်ပြည်က အဖိုးကြီးတွေ ဗမာမလေးတွေကို မယားငယ်အဖြစ်ငွေနဲ့ ဝယ်ထားဒါ ဗမာ့တပ်မတော်က မသိချင်ယောင်ဆောင် တရုတ်ကြီးကိုပဲ ဖင်ဆက်ခံဒါ ရီစရာကောင်းတယ်.. ဟားဟားဟား..

Post a Comment