ondragstart="return false" onselectstart="return false"

Tuesday, June 14, 2011

ဆုတောင်းမပြည့်ခဲ့တဲ့ ကချင် အဆိုတော် “နောနော်”

ယနေ့ ကချင်ပြည်နယ်မှာ စစ်ကြီးစတင်နေပြီလို့ ပြောရပါမယ်။ သို့ ဖြစ်ပါ၍ စစ်ကိုမလိုလားသောသီချင်းကို သီဆိုနေသော ယနေ့ နာမည်ရ အဆိုတော် ကချင်အမျိုးသား နောနော် ရဲ့သီချင်းတပုဒ် ဖြစ်တဲ့ “လူသားတိုင်း” သီချင်းကို တင်ဆက်ပေးလိုက်ပါတယ်…... သီချင်းပါ စာသားအချို့ ကတော့…

“လူသားတိုင်းတန်ဖိုးချင်းတော့အတူတူပါပဲ…
လူသားတိုင်း ဘုရားသားသမီးတွေပါပဲ…
ကိုယ်တော်ရှင်ဘုရားရဲ့ မေ့တ္တာထဲ
အတူတူ ဘာကြောင့်တိုက်ခိုက်နေမလဲ”

နောနော်ရေ… ဘုရားရှေ့ မှာ ငါတို့ တွေ တန်ဖိုးချင်းတူချင်တူမယ်… ဗမာပြည် အာဏာရှင်တွေလက်ထဲမှာ ငါတို့ တွေ ရဲ့ တန်ဖိုးတွေချင်းတော့ မတူဘူး… မဟာတွေက မင်းတို့ ငါတို့ တိုင်းရင်းသားတွေကို စာရင်းထဲတောင် မထည့်ဘူး.. အဲဒါ အမှန်တရားနဲ့ ယနေ့ အရှိတရားပဲ…..

ယနေ့ ဗမာပြည်မှာ တိုက်ပွဲတွေ ဖြစ်၊ စစ်ပြေးဒုက္ခသည်တွေ ပေါ်ပေါက်နေတာ ဘုရားသခင်ရဲ့ အလိုတော်လည်း မဟုတ်သလို ကံကံရဲ အကျိုးပေး ရှေးဘ၀ ကုသိုလ်ကံလည်းမဟုတ်ပါ။ အဓိက တရားခံဟာ ဗမာပြည်ကို ကြီးစိုးချယ်လှယ်နေတဲ့ မဟာဝါဒီ စစ်အာဏာရှင်တွေကြောင့်ဖြစ်ပါသည်။

CHURCH တွေမှာ ဘုရားရှိခိုး၍ မပြီးသလို စေတီတော်ကြီးတွေရဲ့ စနေတောင့်မှာ ပန်းလှူဆက်ကပ်ပြီး ယျာတြာချေလို့  လည်းမရပါ။ ဒီတော့ စည်းစည်းလုံးလုံးနဲ့  စစ်သွေးကြွ သိန်းစိန်အစိုးရ တပ်မတော် ကို တိုက်ကြစို့ …. မြို့ နေလူထုလမ်းပေါ်ထွက် ကိုယ့်အခွင့်အရေးကိုယ်တောင်းဆို.. တိုင်းရင်းသားနယ်မြေမှာရှိတဲ့လက်နက်ကိုင်တွေ အားလုံး ထတိုက်... ဒီ လဒ အစိုးရ ဘယ်လောက်ကြာကြာ ခံမလည်း????


http://www.youtube.com/watch?v=27bDLIbAjD0&feature=related

Type the rest of your post here.

No comments:

Post a Comment