ondragstart="return false" onselectstart="return false"

Wednesday, June 15, 2011

တံတားတွေခွဲပြီးရင် ဘာခွဲမလဲ????

"စစ်ရေးမဟာဗျူဟာအရ ငါတို့ တံတားတွေကို ခွဲပစ်လိုက်ပြီ... ပြီးရင်တော့ တက်လာတဲ့ရန်သူ ခေါင်းပဲခွဲ့ ဖို့ ကျန်တယ်" လို့  လိုင်ဇာမှ တပ်မှူးငယ်လေးက သောသီခိုကို ပြောပါတယ်ခင်ဗျား....

ရှမ်းပြည်မြောက်ပိုင်းတွင် တံတား ၂ စင်း KIA ဖျက်ဆီး

ရှမ်းပြည်မြောက်ပိုင်းရှိ အရေးပါသည့် တံတား ၂ စင်း ဇွန် ၁၄ ရက်ညတွင် KIAမှ ဗုံးပေါက်ဖျက်ဆီးခဲ့သည်ဟု လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄ အရာရှိများပြောသည်။

ဖျက်ဆီးခဲ့သည့်တံတားမှာ တရုတ်-မြန်မာ အဓိကကုန်သွယ်ရေးလမ်းကြောင်း မန္တလေး-မူဆယ်ကားလမ်းမှ နမ်ဖတ်ကာ တံတားဖြစ်ပြီး နောက်တစ်စင်းမှာ တာမိုးညဲ-မုန်းစီကားလမ်းမှ နမ်ခရိုင်တံတားဖြစ်သည်ဟု ဆိုသည်။

ဇွန် ၉ ရက် ကချင်ပြည်နယ် ဆန်ဂန်၌ KIA တပ်ရင်း ၁၅ အား မြန်မာတပ်ကထိုးစစ် စတင်ဆင်နွှဲလာစဉ် ဇွန် ၁၃ ရက် KIA က ပြည်တွင်းစစ်သို့ဦးတည်လာနိုင်သည်ဟု ပြောဆိုပြီးနောက်တစ်နေ့ ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများဖြစ်လာခြင်း ဖြစ်သည်။
http://kachinnews.com/burmese/2010-01-18-05-43-21/453--kia-.html

မြစ်ကြီးနား-လိုင်ဇာ ကားလမ်းမကြား အဓိက တံတား ၃ စင်း ဖျက်ဆီးခံရ
Wednesday, 15 June 2011 09:04 KNG

ဇွန် ၁၅၊ ၂၀၁၁- မြစ်ကြီးနား-လိုင်ဇာလမ်းရှိ ပေ ၁၀၀ အထက်ရှည်သည့် အဓိက တံတား ၃ စင်း သည် ဇွန် ၁၄၊ ယမန်နေ့ညက ဗုံးကွဲပျက်စီးသွားသည်ဟု KIA အရာရှိများပြောသည်။

ဝိုင်းမော်မြို့ရှိ တန် ၆၀ ခံ နန့်မြစ်(N-Myen Hka)ချောင်းကူးတံတား၊ KIO ရေအားလျှပ်စစ်ထုတ်လုပ်သည့် မလီ(Mali Hka)ချောင်းကူးတံတားနှင့် ကျန်တံတားတစင်းကို အတိအကျမသိရသေးပါ။

ယခုလုပ်ရပ်သည် မြန်မာစစ်တပ်၏ လမ်းပန်းဆက်သွယ်ရေးအား KIAမှ ပစ်မှတ်ထားတိုက်ခိုက်လာခြင်း ဖြစ်သည်။
http://kachinnews.com/burmese/2010-01-18-05-43-21/2011-05-19-12-01-04/457-2011-06-15-03-35-47.html

Type the rest of your post here.

1 comment:

myo said...

hello you the Kachin Independent Army should have done this for so long.
Go on and fight with the bastard Than Shwe dogs.
let all the bastard Than Shwe dogs die in the Kachin jungle.

Post a Comment