ondragstart="return false" onselectstart="return false"

Tuesday, June 28, 2011

ကချင်ပြည်နယ်ငြိမ်းချမ်းရန် အစိုးရမှစီစဉ် ဆုတောင်း

ပါးပါးလေးနဲ့  ကချင်လူမျိုးတွေကို သွေးခွဲဖို့ ခြေလှမ်းလေးစပါပြီခင်ဗျား...
ခရစ်ယန်ဂိုဏ်ပေါင်းစုံဆရာတော်များကိုဖိတ်ခေါ်၍ ဆုတောင်းသလို ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း သိမ်တော်ကြီးဘုရားတွင် ဆွမ်းကပ်လှူဒါန်းခြင်း ဖြင့်ငြိမ်းချမ်းရေးအတွက် အစိုးရက ဦးဆောင်တယ်ဆိုပါလား..
ကချင်ပြည်နယ်မှာ ခရစ်ယန်လက်ဝါးကပ်တိုင်ကြီးတွေကို ဖြုတ်ခိုင်းတုန်းက ဘယ်အစိုးရလည်းဗျ...
ကရင်လူထုကြားမှာ ကိုယ်ကျိုးကြည့် စီးပွားရေးသမားတွေနဲ့ ခရစ်ယာန်ဘုန်းကြီးတချို့ ဆုတောင်းကောင်းလို့  ဗိုလ်ထိန်မောင်ဦးဆောင်တဲ့ ငြိမ်းကောင်စီအဖွဲ့ ပဲ့ထွက်သွားခဲ့တာကို ကြည့်ပြီး သင်ခန်းစားယူကြပါ ညီနောင် ကချင်အမျိုးသားတို့ ... မင်းသားခေါင်းဆောာင်းထားတဲ့ ဘီလူးကြီးလာပါပြီ မင်းတို့ ဆီကို....

Monday, 27 June 2011 16:45 KNG

မြန်မာအစိုးရ၏ စီစဉ်မှုဖြင့် ကချင်ပြည်နယ်ငြိမ်းချမ်းရန် ခရစ်ယာန် ဂိုဏ်းဂဏပေါင်းစုံ ဆုတောင်းခြင်း အစီအစဉ်ကို ဗန်းမော်မြို့တွင် ဇွန် ၂၆၊ တနင်္ဂနွေနေ့ ညနေက ပြုလုပ်ခဲ့သည်။

ခရိုင် ဥက္ကဋ္ဌ ဦးမောင်မောင်ညွန့်မှ ဒေသခံခရစ်ယာန် ဂိုဏ်းဂဏပေါင်းစုံ အသင်းတော် (၁၄)ပါးမှ ဆရာတော်များအားဖိတ်ခေါ်၍ ခရိုင်ရုံးတွင် အထူးဆုတောင်းခြင်းအစီအစဉ် ပြုလုပ်ခြင်းဖြစ်သည်။


ဗန်းမော်မြို့၊ ကချင်ပြည်နယ်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာစစ်တပ်ကြား စစ်ဖြစ်နေမှုကြောင့် ပြည်သူများဒုက္ခရောက်နေရသဖြင့် “ငြိမ်းချမ်းရေးရရန် ဦးတည်ဆုတောင်းခြင်း” ဖြစ်ကြောင်း ယင်းဆုတောင်းပွဲပါဝင်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် (UDPKS)ပါတီမှ အတွင်းရေးမှူး ဦးဖောင်လားဂမ်ဖန် ပြောသည်။

“မနေ့ကဆုတောင်းတာကတော့ငြိမ်းချမ်းရေးအတွက်ပါပဲ။ ကျတော်တို့နိုင်ငံ၊ ကျတော်တို့ ပြည်၊ ကျတော်တို့နယ်မြေ၊ ကျတော်တို့ဒေသမှာအေးချမ်းဖို့အတွက်ပါ။”

ဥက္ကဋ္ဌ ဦးမောင်မောင်ညွန့်မှလည်း တိုင်းပြည်ငြိမ်းချမ်းရန်၊ နိုင်ငံရေးတည်ငြိမ်ရန်၊ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆရာတော်များအားဆုတောင်းကူညီပေးရေးပြောကြားခဲ့သည်။

ဆုတောင်းအစီအစဉ်တွင် သဘာပတိအဖြစ် ကချင်ဆရာတော် ဒရှီအောင်ဒွန်း၊ ကက်တလစ် ဆရာတော်ဇော်ဒွဲမှ ဒေသနာ“မဿဲ ၇း၇-၁၄” ကိုဟောကြားခဲ့သည်။

ဆုတောင်းစည်းဝေးတွင် မြို့နယ်မှူးဦးဥက္ကာ၊ မန်မော်ခရိုင် အုပ်ချုပ်ရေးရုံးမှ ထိပ်ပိုင်းခေါင်းဆောင်များ၊ ဆရာတော်များနှင့် ကျေးရွာလူကြီးများ၊ အားလုံးစုစုပေါင်းအယောက် (၂၅၀)ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အပတ်တွင်လည်း ဦးမောင်မောင်ညွန့်မှ နိုင်ငံတော်ငြိမ်းချမ်းရန် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း သိမ်တော်ကြီးဘုရားတွင် ဆွမ်းကပ်လှူဒါန်းခြင်း အစီစဉ်များ ပြုလုပ်ခဲ့သည်။

မန်မော် မြို့ခံပြည်သူများအနေမူယခုလိုဆုတောင်းစည်းဝေးပြုလုပ်ခြင်းသည် KIA ထိုးစစ်ဆင်ရန် ပြည်သူများအား အသိပေးခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

ဇွန် ၉ ရက် တွင် မြန်မာစစ်တပ်မှ မန်မော်ခရိုင် ဆန်ဂန် KIA စခန်းသို့ စတင်ဝင်ရောက်တိုက်ခိုက်လာရာမှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် နေ့စဉ်တိုက်ပွဲများဖြစ်လာသည်။
http://kachinnews.com/burmese/news/486-2011-06-27-11-22-02.html

1 comment:

Unknown said...

ငြိမ်းချမ်းရေးကိုဆုတောင်းလိုရမယ်ဆိုရင်ဗမာအစိုးရတွေ မဆုတောင်းခင်ကတိုင်းရင်းသားတွေဆုတောင်းတာ၂တိုင်လိုလိုဘဲ
ဘယ်မှာလည်ငြိမ်းချမ်းရေး၂၀၀၇ဘုန်ကြီးဆုတောင်းတာကိုတောင်
သေနက်နဲ့လိုက်ပစ်သေးတာဘဲတိုင်းရင်းသားနယ်တွေမှာအစိုးရကလုပ်တယ်ဆိုတောဒါဟာစေတနာမှန်းနဲတောမဖြစ်နိုင်ဘူး
သတိတောထားကြပါညီအကိုတိုရေးလူကြာကောင်းအောင်လုပ်နေပြီးဒါဗမာခေါ်မြန်မာတိုရဲလုပ်ရိုးလုပ်စဉ်းဘဲ

Post a Comment