ondragstart="return false" onselectstart="return false"

Sunday, June 10, 2012

မူဆယ်မြို့မှာ ဗုံးငါးလုံး ပေါက်ကွဲ

ဘီဘီစီ သတင်း
တရုတ်-မြန်မာနယ်စပ် အနီး၊ ရှမ်းပြည် မြောက်ပိုင်းက အဓိက နယ်စပ်မြို့ တမြို့ဖြစ်တဲ့ မူဆယ်မြို့မှာ၊ မနေ့ည သန်းကောင်ယံ အချိန် လောက်မှာ ဗုံး(၅)လုံး တိတိ ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။

ပထမ ဗုံးကတော့ မူဆယ်မြို့ အမှိုက်ပုံတခုမှာ စတင် ပေါက်ကွဲခဲ့တာ ဖြစ်ပြီး၊ ရဲစခန်းအနီးမှာလည်း တလုံး ကွဲကြောင်း သိရပါတယ်။
နောက်ဆုံး ပဉ္စမမြောက်ဗုံး ကတော့၊ ဒုတိယသမ္မတ စိုင်းမောက်ခမ်းရဲ့ ဆောက်လက်စ အိမ်အနီးမှာ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
ဗုံးအားလုံးဟာ မူဆယ် မြို့လယ် နေရာတွေမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး လူတွေလည်း အထိတ်တလန့် ဖြစ်ကုန်တယ်လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် လူအသေ အပျောက် မရှိသလို ထိခိုက်ဒဏ်ရာ ရရှိမှုလည်း မရှိဘူးလို့ သိရပါတယ်။
ဒီပေါက်ကွဲမှုကို ဘယ်သူတွေက လုပ်ဆောင်တယ် ဆိုတာကိုတော့ မသိရသေးပါ။

1 comment:

sp said...

ဗုံးထောင်တဲ့လူတွေကလည်းတော်တော်ညံ့တာဘဲ......ထောင်စရာနေရာရှားလို့ အမှိုက်ပုံနားတို့  ရဲစခန်းနားတို့ ဒုသမတအိမ်နားတို ၊့
မှာမှအထိအခိုက်အပျက်အစီးမရှိအောင်အကုန်အကျခံပြီးထောင်ရတယ်လို့ ...တောက်....၊အဲဒီလိုဘဲကြိမ်း
ဝါးရမလား.....ဒါမှမဟုတ်...တော်လိုက်တဲ့ကောင်ဘဲ ....ဗုံး ငါးလုံးကို မြို့ ထဲမှာဘယ်သူမှမသိအောင်ခိုးထောင်နိုင်ပြီးအထိအခိုက်မရှိအောင် ဖောက်ခွဲနိုင်တယ်လို့ ဘဲချီးကြူးရတော့မလားမသိတော့ပါ။ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ဗျာ ဖောက်ခွဲရခြင်းရဲ့ရည်ရွယ်ချက်ကတစ်ခုတည်းဖြစ်
သလို ဖောက်ခွဲတဲ့တစ်ရားခံဟာလည်း တစ်ယောက်တည်းပါ။ဘယ်သူဖြစ်နိုင်
မလဲဆိုတာ စဉ်းစားစရာမလိုပါ။ခံရတာများလွန်းလို့ ရိုးစင်းသွားပြီဖြစ်သလို
ဒီအကွက်တွေက ခေါက်ရိုးတွေထပ်ကုန်ပါပြီ စစ်အစိုးရရယ်.....တစ်ခြားအကွက်လေးတွေပြောင်းသုံးပါ....

Post a Comment