ondragstart="return false" onselectstart="return false"

Monday, June 11, 2012

CHW လူထုကျန်းမာရေးလုပ်သားသင်းတန်းဆင်းပွဲ

ကလို့ထူးဘောစစ်ဌာနချုပ်မှ ကြီးမှုးပြုလုပ်သော တိုင်းရင်းသားလူမျိုးစုံပါဝင်သည့် CHW လူထုကျန်းမာရေးလုပ်သားသင်းတန်းဆင်းပွဲအား ၁၀.၆.၂၀၁၂ ရက်နေ့မွှန်းလွဲပိုင်း ၁၃း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤသင်တန်းဆင်းပွဲသို့ NNU/ KNLA ငြိမ်းချမ်းရေးကောင်စီမှတာဝန်ရှိသောရှိသောသူများ KKO နှင့် ကျေးရွာ ဥက္ကဌများ၊ ကလို့ထူးဘောစစ်ဌာနချုပ်၏ ဗိုလ်ချုပ်နှင့် တပ်မှုး၊ တပ်ဗိုလ်များ တတ်ရောက်ခဲ့ကြပါသည်။
KKO ဥက္ကဌ မန်းရောဘတ်ဘစ် မှကျန်းမာရေးလုပ်သားများအား ဩဝါဒစကားများပြောကြားခဲ့ပါသည်။ ဤဩဝါဒစကားများတွင် ပြည်သူလူထုအားအလုပ်ကျွေးပြုရန်နှင့် လူထုအားပေးအပ်ရန်၊ လူထုသာလျှင်ငါတို့၏ အမိအဖဖြစ်ကြောင်းနှင့် လူထုအား ဆန့်ကျင်မှုများမလုပ်ရန် စသည်ဖြင့်ပြောကြားသွားပါသည်။
တတ်ရောက်လာသောအဖွဲ့အသီးသီးမှလည်း ၎င်းအစီစဉ်အားတာဝန်ယူပြုလုပ်ပေးခဲ့သော DKBA နယ်မြေခေါင်းဆောင် ဗိုလ်ချုပ်စောလားဘွယ်အား အထူးကျေးဇူးတင်းရှိကြောင်းပြောကြားပြီး ဆက်လက်၍ ဤသင်တန်းမျိုးအပတ်စဉ်တိုင်းကျင်းပပြုလုပ်နိုင်စေရန်လည်း တို်က်တွန်းနှိုးဆော်ခဲ့ပါသည်။

အီးမေလ်မှ ပေးပို့မှု့အား ဖော်ပြခြင်းဖြစ်ပါသည်။
Type the rest of your post here.

No comments:

Post a Comment