ondragstart="return false" onselectstart="return false"

Friday, June 29, 2012

နှစ်ဖက် အပစ်ရပ်ရေး မူအားဖြင့် PNLO နှင့် အစိုးရတို့ သဘောတူပြီ

ရွှေဟင်္သာသတင်းမှ

အပစ်အခတ် ရပ်စဲရေးကို ၀န်ကြီး ဦးအောင်မင်းတို့ အဖွဲ့နှင့် မူအားဖြင့် သဘောတူ ခဲ့သည်ဟု၊ ပြီးခဲ့သည့် ဇွန်လ (၂၇) ရက်နေ့၌ ကျင်းပသော ဘန်ကောက်မြို့ ဒုတိယ အကြိမ် အလွတ်သဘော တွေ့ဆုံပွဲကို တက်ရောက် ခဲ့သည့် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဌက ပြောပါသည်။

“အဲဒီ အစည်းအဝေး မှာတော့ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားရှိရေး၊ သက်ဆိုင်ရာ နယ်မြေတွေမှာ လက်နက် မပါဘဲ လွတ်လပ်စွာ သွားလာရေး၊ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံရေး ပါတီ၊ အဖွဲ့အစည်းတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံနိုင်ရေး၊ ပြည်တွင်းက လူထုတွေနဲ့ အကြံဥာဏ် ရယူနိုင်ဖို့ တိုင်ပင် ညှိနှိုင်းရေး၊ မီဒီယာတွေနဲ့ သင့်တော်သလို ဆက်ဆံထိတွေ့ပြီး သတင်းထုတ် ပြန်ခွင့်ပြုရေး” စတဲ့အချက်တွေကို ဆွေးနွေးပြီးတော့ သဘောတူခဲ့တာပါ” ဟု PNLO ဥက္ကဌ ဦးခွန်ဥက္ကာက ဆိုပါသည်။

လောလောဆယ်၌ ပြည်တွင်းရှိ နိုင်ငံရေး အဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများကို ဆွေးနွေးနိုင်ရေး အတွက် သွားလာ ရေးကို ခွင့်ပြုပြီး အတတ်နိုင်ဆုံး ကူညီပေးသော်လည်း ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်၏ လှုပ်ရှားမှု နယ်မြေ သတ်မှတ် ရေးကိုမူ သဘော တူညီမှုမ ရသေးဟု ဆိုပါသည်။

“ ဒါကလည်း အစိုးရရဲ့ အစီအစဉ်နဲ့ သွားတာပါ။ အခြေခံကတော့ ပအိုဝ်းအဖွဲ့က မြန်မာပြည်ကို သွားဖို့ရယ်၊ ကျန်တဲ့ တိုင်းရင်းသား အင်အားစု တွေနဲ့ တွေ့ဆုံနဲ့ ဆွေးနွေးဖို့ ဆိုတဲ့ အချက်မှာ အစိုးရဘက်က ဆောင်ရွက် ပေးနိုင်မယ့် အနေအထားအရ သဘောတူညီမှု ရခဲ့တာပါ”ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ကိုညိုအုန်းမြင့်က ဆိုပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်း ပိုင်းကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပထမ အကြိမ် တွေ့ဆုံခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် PNLO ဘက် မှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို တရားဝင်ကြေညာပေးရန်နှင့် နိုင်ငံတွင်းရှိ နိုင်ငံရေး အင်အားစု အားလုံး ပါဝင်သော စုပေါင်း တွေ့ဆုံပွဲမျိုး လုပ်ဆောင်ပေးရန် အချက် အပါအဝင် အချက်ပေါင်း (၁၁) ချက် တင်ပြခဲ့ပါသည်။ ထိုတင်ပြချက်များကို သမ္မတထံ တင်ပြ ပေးသွားမည်ဟုသာ ဦးအောင်မင်းတို့က အကြောင်းပြန်ခဲ့ပါသည်။

ယခု တွေ့ဆုံပွဲတွင် PNLO ဘက်မှ ဥက္ကဌ ဦးခွန်ဥက္ကာ၊ ဦးခွန်မြင့်ထွန်းတို့ ပါဝင်ပြီး အစိုးရ ဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း၊ ပြည်ထဲရေး ၀န်ကြီး ဦးခင်ရီနှင့် အကျိုးဆောင် ဦးလှမာင်ရွှေ၊ ဦး ဟန်မြင့် ဦးတင်မောင်သန်းတို့ တက်ရောက် ခဲ့ပါသည်။

PNLO နှင့် အစိုးရတို့သည် နှင်ကြိမ်တိုင်တိုင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး တရားဝင် ဆွေးနွေးပွဲကိုမူ ဇူလိုင်လ အတွင်း၌ တွေ့ဆုံဖွယ် ရှိကြောင်း ဦးခွန်ဥက္ကာက ဆိုပါသည်။

“ပအိုဝ်း အမျိုး လွတ်မြောက်ရေး အဖွဲ့ချုပ်” သည် ၁၉၉၄ မှ ၂၀၀၇ ခုနှစ် အထိ “ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့” SNPLO (ရလလဖ) အဖြစ် တည်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့တွင် SNPLO မှ ခွဲထွက် လာသော လက်နက် ကိုင် အင်အားစု များဖြင့် ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ်(PNLO) ကိုပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။
http://phophtaw.org/burmese/index.php/news/local-news/1798--pnlo-.html

No comments:

Post a Comment