ondragstart="return false" onselectstart="return false"

Sunday, June 10, 2012

မြန်မာနိုင်ငံသား တစ်ဦး ဘင်္ဂလာဒေခ်ျ့ ဆေးရုံ တစ်ခုတွင် ဒဏ်ရာဖြင့် ဖမ်းဆီးခံရ

ဒီသတင်းအရဆိုရင်တော့ မောင်းတောက မူစလင် ရှမ်းတရုတ်(မူစလင်ကုလားလို့ခေါ်ရင်မကြိုက်သောကြောင့်) တွေကို ဘင်္ဂလားဒေရှ် မှလည်း လက်မခံဘဲ ဖမ်းဆီးကြောင်း တွေ့နေရပါတယ်။


သေနတ်ဒဏ်ရာဖြင့် ဆေးရုံ တက်ရောက် ကုသနေသော မြန်မာနိုင်ငံသား တစ်ဦးကို ဘင်္ဂလာရဲက လွန်ခဲ့သော စနေနေ့က ဖမ်းဆီးလိုက်သည်။

မြန်မာနိုင်ငံ အနီးတွင် တည်ရှိသော ကော့စ်ဘဇား (ဖလောင်းချိတ်) အစိုးရ ဆေးရုံတွင် တက်ရာက် ကုသနေစဉ် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ကော့စ်ဘဇား အွိုင်လိုင်း သတင်းပုဒ်တွင် ဓါတ်ပုံနှင့် တကွ ဖေါ်ပြသည်။

ဘင်္ဂလာရဲက သေနတ် ဒဏ်ရာဖြင့် ဆေးရုံ တက်ရောက်ကုသနေသူ မစ္စတာ ဆော်လိမ် ဆိုသူအား သူ့၏ မိခင် ဖြစ်သူနှင့် အတူ ဖမ်းဆီးပြီး ရဲစခန်းသို့ ယူဆောင်သွားကာ ရဲစခန်းတွင် အမူဖွင့် တရားစွဲဆိုခဲ့သည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း မစ္စတာ ဆော်လိမ်အား လက်ထိပ်ခတ်ကာ အစောင့်အရှောက်များဖြင့် ဆေးရုံတွင် ပြန်လည် ဆေးကုသ ပေးနေသည်ဟု သတင်းတွင် ဖေါ်ပြသည်။

ယမန်နေ့ တနင်္ဂနွေနေ့က မိခင် ဖြစ်သူအား ကော့စ်ဘဇား ခရိုင် တရားရုံးတွင် နိုင်ငံခြားသား အမူနှင့် ရဲက ရုံးတင် တရားစွဲခဲ့သည်ဟု သိရသည်။ မြန်မာ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလာဒေခ်ျ့တွင် သောကြာနှင့် စနေ နေ့များမှာ အစိုးရ ရုံးပိတ်ရက်ဖြစ်ပြီး တနင်္ဂနွေနေ့မှာ ရုံးဖွင့်ရက် ဖြစ်သည်။

မြန်မာ အစိုးရမှ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် ဆူပူမူများကို တဘက်နိုင်ငံမှ သေနတ်ကိုင် လူတချို့မှ ၀င်ရောက်ပြီး ကျူးလွန်ခြင်း ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုသည်ဟု အေအက်ဖ်ပီ သတင်း တပုဒ်တွင် ဖေါ်ပြထားသည်။

ထိုသို့ စွပ်စွဲခြင်းမှာ မဟုတ်မှန်ကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ (BGB) အကြီးအကဲ ဗိုလ်မှူးချုပ် အဏ္ဍ၀ါ ဟူစိန်က နိုင်ငံ၏ အကြီးဆုံး အင်္ဂလိပ် သတင်းစာ တစ်စောင် ဖြစ်သော The Daily Star ကို ပြောဆိုသည်။

ဘင်္ဂလာ အာဏာပိုင်များသည် မြန်မာတွင် ဖြစ်ပွားနေသော မတည်ငြိမ်မူများ ဘင်္ဂလာဒေခ်ျ့သို့ ကူးစက်လာမည်ကို စိုးရိမ်၍ နယ်စပ်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားသည်။ ထိုသို့ တားမြစ်ထားသည့် အခြေအနေကြားထဲမှ မြန်မာ နိုင်ငံသား တစ်ဦး သေနတ် ဒဏ်ရာဖြင့် ကော့စ်ဘဇား ဆေးရုံသို့ ရောက်ရှိလာခြင်း အပေါ် လူအများက အမျိုးမျိုး ဝေဖန် ပြောဆိုနေကြသည်ဟု အွိုင်လိုင်း သတင်းက ဖေါ်ပြထားသည်။

No comments:

Post a Comment