ondragstart="return false" onselectstart="return false"

Monday, June 11, 2012

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု စားသောက်ဆိုင်က ဟင်းလျာ menu နဲ့တူ

ဦးသိန်းစိန် သမ္မတဖြစ်လာပြီးနောက် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေကို
၂၀၁၁ ဩဂတ်လလယ်ပိုင်းမှာ ဖိတ်ခေါ်ခဲ့ပါတယ်။
alt
လက်ရှိအစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုဟာ သူတို့အကြိုက်ကိုဘဲ ရောင်းချတဲ့ စားသောက်ဆိုင်က
ဟင်းလျာ menu နဲ့ တူတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေး လှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့နဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အစိုးရဟာ သူတို့ကြိုက်တဲ့ ဟင်းလျာ
တွေကိုဘဲ ရောင်းချတဲ့ စားသောက်ဆိုင်လို မလုပ်သင့်တော့ဘူး။ အများက စိတ်ကြိုက်ရွေး ချယ် စားသောက်နိုင်တဲ့
အစားအစာတွေ ရောင်းချတဲ့ စားသောက်ဆိုင်လို လုပ်ရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အစိုးရဟာ သူတို့ကြိုက်တဲ့ အစားအစာတွေကို မှာယူထားပြီး တိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့တွေကို စားသောက်ခိုင်းတဲ့ စားသောက်ဆိုင်လို ဖြစ်နေပါတယ်။

လက်ရှိအစိုးရဟာလည်း စစ်အစိုးရနဲ့နည်းတူ ဘယ်သူက ဘာကြိုက်တယ်ဆိုတာ ဘယ်တော့မှ မမေးဖူး ပါဘူး။ သူတို့
ကြိုက်တာကို အများက ကြိုက်မှာဘဲလို့ ထင်မှတ်ကြပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ UNFC ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ၎င်းက ထောက်ပြပါတယ်။

သမ္မတ ဦးသိန်းစိန် ချမှတ်ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ပထမဆုံး အပစ်ရပ်မယ်၊ နောက် ဖွံ့ဖြိုးရေးလုပ်
ငန်းတွေ လုပ်ဆောင်မယ်၊ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်မယ်၊ အစိုးရရဲ့ နိုင်ငံရေး လမ်းစဉ်တွေကို ခံယူမယ်၊
လွှတ်တော်ထဲက ပြင်ဆင်ထားတဲ့ ဥပဒေတွေကို လက်ခံကြောင်း လက်မှတ် ရေးထိုးမယ် စတာတွေပါ။

လက်ရှိအစိုးရရဲ့ နိုင်ငံရေးလမ်းစဉ်တွေကတော့
- ပြည်ထောင်စုကနေ မခွဲထွက်ဘူး။
- ဒို့တာဝန်အရေးသုံးပါးကို လက်ခံမယ်။
- နိုင်ငံရေး ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင်မယ်။
- ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံ ဥပဒေကို လက်ခံပြီး ပြင်ဆင်စရာရှိရင်လည်း လွှတ်တော်ထဲမှာ ပြင်ဆင်မယ်။
- ဥပဒေထဲ အပြီးအပိုင် ဝင်ရောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ တန်းတူညီတူ သွားလာ၊ နေထိုင်၊ လုပ်ကိုင်၊
စားသောက်မယ်။
- ဖွဲ့စည်းပုံနဲ့အညီ တပ်မတော် တခုတည်း ထားရှိဖို့ ညှိနှိုင်းဆောင်ရွက်မယ်။

ဒီအချက်တွေကိုတော့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးပြီးဖြစ်တဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေး
ကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA က ပြည်သူလူထု၊ တခြားအဖွဲ့တွေနဲ့ ဆွေးနွေးပြီးမှ အကြောင်းပြန်မယ်
လို့ ပြောထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်
ကောင်စီ(UNFC)ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်တွေကတော့-
- အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်။
- ပဏာမအဆင့် နိုင်ငံရေး စကားဝိုင်းလုပ်မယ်။
- တိုင်းရင်းသားအင်အားစုတွေနဲ့ တိုင်းရင်းသား ညီလာခံ ကျင်းပမယ်။
- တမျိုးသားလုံးဆိုင်ရာ ညီလာခံ ကျင်းပမယ်။
- တမျိုးသားလုံဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးမယ်။
- သဘောတူညီမှု ရရှိထားတဲ့အတိုင်း အကောင်အထည်ဖော်သွားမယ်။

တကယ်လို့ ထမင်းဝိုင်းမှာ တဖက်တည်းက ကြိုက်နှစ်သက်တဲ့ ဟင်းလျာကိုဘဲ မှာယူပြီး အများက ကြိုက်နှစ်သက်ရာ
ရွေးချယ်နိုင်တဲ့ ဟင်းလျာတွေကို မမှာရင် အစိုးရက တိုင်းရင်းသားတွေနဲ့ ထမင်းလက်ဆုံစားဖို့ ဖြစ်နိုင်မှာလားလို့
၎င်းက မေးခွန်းထုတ်ပါတယ်။

ဒါကြောင့် အများက နှစ်သက်တဲ့ ဟင်းလျာကို မှာယူပြီး ထမင်းလက်ဆုံ စားရမှာ ဖြစ်ပါတယ်။

ဒီပြဿနာရဲ့ အရင်းအမြစ်ကတော့ လက်ရှိအစိုးရကရော စစ်အစိုးရကပါ တိုင်းရင်းသားတွေကို မယုံကြည်လို့ ဖြစ်တယ်
လို့ ၎င်းက သုံးသပ်တယ်။ လူမှုအသိုင်းအဝိုင်းမှာ social capital ဆိုတာ ရှိပါတယ်။ ယုံကြည်မှုရှိရင် လူမှုအသိုင်း
အဝိုင်း ကျယ်ပြန့်မယ်။ ယုံကြည်မှု မရှိရင် လူမှုအသိုင်းအဝိုင်း ကျဉ်းကြပ်မယ်။ အစိုးရဟာ “ကိုယ်ကကျူး ကိုယ့်ဒူး
ကိုတောင် မယုံနဲ့” ဆိုတဲ့ ရှေးရိုးစကားပုံအတိုင်း ကျင့်ကြံနေဆဲဖြစ်တယ်။ အဲဒါကို စွန့်ပစ်ရမယ်၊ ဖျောက်ဖျက်ပစ်ရမယ်
လို့ ဆိုပါတယ်။

နောက်ဆုံးမှာတော့ သူက အကြီးအကဲ ဖြစ်ချင်ရင်တော့ သဘောထားကြီးရမယ်။ သဘောထားသေးသိမ် နေရင်တော့
အကြီးအကဲ၊ ခေါင်းဆောင်မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
http://www.burmese.panglong.org/2008-08-03-15-59-20/98-2012-01-25-04-06-31/3219--menu-.html
Type the rest of your post here.

No comments:

Post a Comment