ondragstart="return false" onselectstart="return false"

Sunday, June 10, 2012

နိုင်ဂျီးရီးယား ဘုရားကျောင်းတွေ ဗုံးကွဲနိုင်ဂျီးရီးယား ဘုရားကျောင်းတွေ ဗုံးကွဲ



နိုင်ဂျီးရီးယား အလယ်ပိုင်း ဂျော့စ်မြို့ ခရစ်ယာန် ဘုရားကျောင်း တခုမှာ အသေခံ ဗုံးခွဲ မှု ဖြစ်ပီးနောက် ဒေါသနဲ့ လူအုပ်ကြီးက မွတ်ဆလင် ၆ ယောက်ကို သတ်ဖြတ် ခဲ့တာကို အင်္ဂလီကန် ဂိုဏ်းချုပ် က ကန့်ကွက် ခဲ့ပါတယ်။
ဒီလို လက်တုံ့ပြန်မှု တွေကြောင့် ဘာအကျိုးမှ မရတဲ့ အပြင် ဘာသာရေး တင်းမာမှု တွေသာ ပိုဆိုး လာမယ်လို့ ဂိုဏ်းချုပ် ဘန် ကွာရှီက ဆိုပါတယ်။

ဒီ ဗုံးကွဲမှု ကြောင့် ဘုရားကျောင်း ထဲက လူ ဒါဇင်နဲ့ ချီပီး ထိခိုက် ဒဏ်ရာ ရခဲ့ကာ အနည်းဆုံး ၂ ယောက် သေသွား တယ်လို့ သိရပါတယ်။
နိုင်ဂျီးရီးယား အရှေ့မြောက် ပိုင်းက တာဘရာ ရွာမှာ လဲ တနင်္ဂနွေ နေ့ မနက် ဝတ်ပြု ဆုတောင်းပွဲ လုပ်ချိန်မှာ သေနတ် သမား ၅ ယောက် ဝင်ပစ် သွားလို့ အနည်းဆုံး အမျိုးသမီး တယောက် သေဆုံး ခဲ့ရပါတယ်။

ဘိုကို ဟာရမ် အုပ်စုက အစ္စလာမ္မစ် စစ်သွေးကြွက ဒီတိုက်ခိုက်မှု ၂ ခုစလုံး သူတို့ လက်ချက်လို့ ကြေညာ ခဲ့ပါတယ်။.

No comments:

Post a Comment