ondragstart="return false" onselectstart="return false"

Friday, March 1, 2013

ဒီပုတ်ထဲက ဒီပဲထဲ KNU မပါစေနဲ့

ရှင်တို့ကိုအားကိုးပါတယ်ဆိုကာမှ ရှင်ကြီးက ကျားထဲဆိုး ဆိုသလိုဖြစ်နေရင်တော့ မလွယ်ဘူးနော်.....


ကရင်အမျိုးသားအစည်းအရုံး (KNU) လုပ်မယ့် ငြိမ်းချမ်းရေးဟာ ကရင်တွေအတွက်ဖြစ်ပါစေ။ လူတစုအတွက် မဖြစ်ပါစေနဲ့ လို့ လှိုင်းဘွဲ့မြို့နယ် ကျေးလက်ဒေသမှာ နေထိုင်သူ အများအပြားက သူတို့ဆီ ရောက်လာတဲ့ KNU ခေါင်းဆောင်တချို့ကို ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။

လှိုင်းဘွဲ့မြို့နယ်၊ မဲဆမိတ်ရွာမှာ ဒေသခံတွေနဲ့ KNU တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးရာမှာ အဲဒီလို ပြောလိုက်ကြတာ ဖြစ်ပါတယ်။
တွေ့ဆုံပွဲမှာ KNU ဗဟို ကော်မတီဝင် ၄ ဦးဖြစ်တဲ့ ပဒိုအားတိုး၊ ပဒိုဘထွန်း၊ ပဒိုလားစေး၊ ဒု-ဗိုလ်မှူးကြီး မန်းတင်လှိုင်တို့ တက်ရောက်ပါတယ်။ သူတို့က မြန်မာအစိုးရနဲ့KNU တို့ အကြား လတ်တလော ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ သူတို့ရဲ့မူဝါဒတွေကို ရှင်းလင်းပြောဆိုခဲ့ကြပါတယ်။

လှိုင်းဘွဲ့မြို့မြောက်ပိုင်း ကျေးရွာပေါင်း ၄၀ လောက်က ရွာသူရွာသား ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ဒေသခံတို့က KNU နဲ့ ပတ်သက်တဲ့သူတို့ရဲ့ သဘောထားတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ကြပါတယ်။

အရင့်အရင်က ကရင်အမျိုးသားတွေအတွက် လုပ်ပေးမယ် ဆိုပြီး ပြန်လာကြတဲ့အဖွဲ့တွေ လက်တွေ့မှာ ဘာမှ မလုပ်နိုင်ခဲ့ဘူး။
တကယ်လုပ်မယ်ဆိုရင် ဖြစ်အောင်လုပ်ပါ။ အပြောတခြား အလုပ်တခြား မလုပ်ပါနဲ့၊ ဒီပုတ်ထဲက ဒီပဲ မဖြစ်ပါနဲ့။ အားကိုးလောက်ပါစေ၊
KNU ဟာ သူတို့ရဲ့နောက်ဆုံးအားထားရာပဲလို့ သဘောထားတွေပေးကြပါတယ်။

KNU တာဝန်ရှိသူတွေကလည်း လူထုရဲ့တောင်းဆိုချက်တွေကို ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒေသခံဘုန်းတော်ကြီးတပါးကတော့ - အမျိုးသားရေးလုပ်နေတဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ထဲမှာ KNU ပဲ ရှိတယ်။ လူထုတောင်းဆိုချက်ကို သူတို မလုပ်ဆောင်နိုင် ခဲ့ရင်တော့ သူတို့ကို နှစ်ပေါင်း ၆၀ ကျော် အားပေးထောက်ခံခဲ့တဲ့ လူထုတွေရဲ့ အနာဂတ်ကို တွေးသာကြည့်တော့လို့ ဧရာဝတီသတင်းဌာနကို မိန့်ကြားခဲ့ပါတယ်။
http://blog.irrawaddy.org/2013/03/knu.html#more

2 comments:

Anonymous said...

ကျွန်တော်အမြင်ပြောရရင်တော့ တခြားလူမျိုးနဲ့ငြိမ်းချမ်းရေး အရင်ယူလိုက်တာနဲ့စာရင် ကိုယ့်လူမျိုးအချင်းချင်း ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံး အတူတကွ တစ်မိန့်တစ်သံတည်းဖြစ်အောင် ငြိမ်းချမ်းရေးအရင်ရယူတာ ကောင်းပါတယ်လို့တော့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကရင်တွေအကြောင်းကို ကရင်ကလွဲပြီး ဘယ်လူမျိုးပညာရှင်တွေကမှ သိမှာမဟုတ်လို့ပါပဲ။ ကရင်လူမျိုးတွေဟာ နေရာဒေသကွဲ၊ လူမျိုးစုဘာသာစကားကွဲနဲ့ ကိုးကွယ်တဲ့ဘာသာတွေကွဲပြား ကြတာကြောင့် အယူအဆတေ၊ွ ခံယူချက်တွေ ကွဲပြားလာကြရတာပါပဲလေ။ တူညီတာတစ်ခုကတော့ စိတ်ဓါတ်ပါပဲ။ မဟုတ်မခံ၊ ရိုးသားဖြောင့်မတ်ပြီး သည်းခံခွင့်လွှတ်စိတ်ကြီးတယ် မတရားလွန်လွန်းရင်တော့ ပေါ်ပေါ်တင်တင် ပြတ်ပြတ်သားသားပဲလုပ်တတ်တယ်။ အဲဒါတွေက တူညီတဲ့အချက်တွေဖြစ်တယ်။ ကွဲပြားတဲ့အချက်ထဲမှာ အရေးကြီးဆုံးအချက်ကတော့ ကိုးကွယ်တဲ့ဘာဘာအယူအဆကြောင့်ပါပဲ။ အဓိကကိုင်တွယ် ဖြေရှင်းရမယ့်အချက်လည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်လူမျိုးကိုအမှန်တကယ်ချစ်ပြီး ညီညွတ်ဖို့အတွက် ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်နဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်တာကလည်း ကရင်လူမျိုးကလွဲပြီး ဘယ်လူမျိုးကမှ လုပ်လို့ရနိုင်မှာမဟုတ်ပါ။.... ကရင်လူမျိုးစုတွေ အယောက်တိုင်းကို ...ချစ်ခင်လေးစားစွာဖြင့်... အဲဍိုဝ်ယုဂ်ယာန်.စိုဝ် ဖုံဆိုဒ်ဖေါဟ်ကိုဝ်.ဟှာလုက်ဆိင့်လ၀့်ဆါ်၊....

Hsaw said...

I hope the KNU leaders will hear these people's voice and take it seriously. I hope they they will not make peace for $$$$$, but for the entire Karen nation. There is a rumor about the KNU will do logging and mining in the area where the Burmese troop couldn't reach before. For me it is very dangerous.

Post a Comment