ondragstart="return false" onselectstart="return false"

Sunday, August 11, 2013

၆၃ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ဖို့ဝိန်းမြို့မှာ ကျင်းပ


ပြည်ပရောက် ကရင်တိုင်းရင်းသားတွေရဲ့ ပြန့်ကျဲနတဲ့ စိတ်ဓာတ်တွေကို ပြန်လည်စုစည်းတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ၆၃ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို စနေနေ့ မနေ့က ကျင်းပသွားပါတယ်။

ကရင်အမျိုးသားလှုပ်ရှားမှုနဲ့ ကရင် အမျိုးသား ခေါင်းဆောင် စောဘဦးကြီး ၁၉၅၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်မှာ ကျဆုံးခဲ့တဲ့နေ့ကို ကရင်အာဇာနည်နေ့လို့ သတ်မှတ်ထားပါတယ်။

တခြား ကရင် ခေါင်းဆောင်တွေ၊ ရဲဘော်တွေကို ဂုဏ်ပြုတဲ့နေ့လည်း ဖြစ်ပါတယ်။ သြဂုတ် ၁၂ ရက်မှာ ကျရောက်ပေမယ့် အများအားလပ်တဲ့ စနေနေ့မှာ ကျင်းပတာဖြစ်ပြီး အင်ဒီယားနားပြည်နယ်နဲ့ အနီးနားက Kentucky, Ohio, Indianapolis စတဲ့ ပြည်နယ်တွေမှာ နေထိုင်နေတဲ့ ကရင်အမျိုးသားတွေလည်း အခမ်းအနားကို တက်ရောက်ပါတယ်။

ဖို့ဝန်းမြို့က ပန်းခြံတခုမှာကျင်းပတာဖြစ်ပြီး ပရိသတ် ၅၀၀ လောက်တက်ရောက်တယ်လို့ စောအဲ့ဒါက ပြောပါတယ်။
http://www.rfa.org/burmese/news/fourt-wayne-63-karen-08102013233549.html

Type the rest of your post here.

No comments:

Post a Comment