ondragstart="return false" onselectstart="return false"

Wednesday, August 7, 2013

KIA တပ်ရင်း (၃၆) စခန်း ညသန်းခေါင် အချိန် အတိုက် ခံရ၊ ကချင် လေးဦးကျ

Written by အဲာပိုန်

ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့နယ်ရှိ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်မဟာ (၄) နယ်မြေ မုန်းဂို ဒေသရှိ တပ်ရင်း (၃၆) တပ်စခန်းကို ည ၁၂ နာရီ အချိန်တွင် လာရောက် တိုက်ခိုက်သောကြောင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ကချင် စစ်သည် (၄) ဦး ကျဆုံး ခဲ့ကြောင်း KIA တပ်မဟာ (၄) စစ်ဦးစီး အရာရှိ ဗိုလ်နော်ဂျာ က ပြောသည်။

“အစိုးရ တပ်ဖွဲ့ ခလရ ၁၂၃ တပ်ဖွဲ့က ပြီးခဲ့သည် သြဂုတ်လ ၄ ရက်နေ့ ညမှာ အချိန်မတော် ကျတော်တို့ တပ်စခန်းကို အစိုးရ တပ်ဖွဲ့တွေ လာတိုက်တော့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ရတယ်” ဟု ဆိုပါသည်။

ထိုတိုက်ပွဲသည် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ဂိန်ဆိုင် အထက် တန်ယောင်ဂျိုင်ရွာ အနီးတွင် ၃ နာရီကြား ဖြစ်ပွားခဲ့သည်။ KIA ဘက်က ၄ ဦး ကျဆုံးသည်ကို ၄င်းမှ ထုတ်ပြော သော်လည်း အစိုးရဘက်က ထိခိုက် ဒဏ်ရာ ရရှိမှု အခြေအနေ မသိရသေးဟု ဗိုလ်နော်ဂျာ က ဆိုပါသည်။

ယခု သြဂုတ် လဆန်းပိုင်း အတွင်း၌ KIA တပ်ရင်း (၃၆) တပ်စခန်းကို အစိုးရ တပ်ဖွဲ့တို့က (၅) ကြိမ် တိုင်တိုင် လာရောက် တိုက်ခိုက် ခဲ့သည်။ ယင်းတို့ကြောင့် မူဆယ်မြို့နယ် တဝိုက်တွင်းရှိ နှစ်ဖက် စစ်တပ်တို့၏ စစ်ရေး အခြေအနေ တင်းမာလျက် ရှိနေကြောင်း ဆိုပါသည်။

KIO သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် Technical Team ရုံးဖွင့်သည့် နေ့တွင်လည်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွား ခဲ့သောကြောင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ ဒုဥက္ကဌ ဦးအောင်မင်းထံ KIO ဘက်က တင်ပြခဲ့သည်။

ဦးအောင်မင်းက “ ဒီကိစ္စကို ပြေလည် သွားအောင် အထက်သို့ တင်ပြပေး သွားမှာ ဖြစ်ကြောင်း” ပြောကြား သော်လည်း တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေသည့် အပြင် ဇူလိုင်လ ကုန်ပိုင်းတွင် KIO ဌာနချုပ် လိုင်ဇာမြို့ အနီး တဝိုက်ရှိ အစိုးရ တပ်စခန်းထံ လက်နက် အင်အား လူအင်အား ထပ်မံ ဖြည်းခြင်းကို ပြုလုပ်ခဲ့သည်ဟု KIA ဘက်က ဆိုပါသည်။

KIA သည် ပြီးခဲ့သည် ဇွန်လ ကုန်ပိုင်းတွင် KIO ကိုယ်စားပြု အထောက်အကူပြု အဖွဲ့ကို ဖွဲ့စည်း နိုင်ရန် ကြိုပမ်း ခဲ့သော်လည်း ဖွဲ့စည်း ပေးနိုင် ခဲ့ခြင်း မရှိသည်ကို လက်ရှိ အစိုးရနှင့် ဖြစ်ပွား နေခဲ့သည့် တိုက်ပွဲကြောင်းဟု ဆိုနိုင်ပါကြောင်း KIA စစ်ရုံးချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ရွှေဟင်္သာ သတင်းဌာန ကို ပြောကြား ခဲ့ဘူးသည်။

အဆိုပါ Technical Team ဖွဲ့စည်းရေးကို သြဂုတ်လ လဆန်းပိုင်း အတွင်း၌ အကောင်အထည် ဖော် နိုင်ရန် KIO ဘက်က ကြိုးပမ်း ခဲ့သော်လည်း ဖြစ်မြောက် လာခဲ့သည်ကို မတွေ့ရပါ။ ယင်းသို့ကြောင့် KIO ကိုယ်စားလှယ် အဖွဲ့ Technical Team တို့သည်သာ ရုံးထိုင်ဖြစ်ခဲ့ ရသည်ဟု ဆိုပါသည်။

KIO သည် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့နှင့် ကချင်ပြည်နယ် အတွင်း ဖြစ်ပွား နေသော တိုက်ပွဲများ လျှော့ချရေး အတွက် တရားဝင် (၉) ကြိမ်နှင့် အလွတ်သဘော (၅) ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း တိုက်ပွဲ များသည် ယနေ့ အထိ ရှိနေ ဆဲပင် ဖြစ်ပါသည်။

KIO/KIA သည် ၁၉၉၄ ခုနှစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူ ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြသည်။
http://www.phophtawnews.org/burmese/index.php/news/internal-news/item/576-kia.html

No comments:

Post a Comment