ondragstart="return false" onselectstart="return false"

Thursday, August 22, 2013

မြ၀တီမြို့နယ်ရှိ ဘလဲ့ကဆောရွာ ဒေသခံကျွဲ ၄ကောင်ကို မြန်မာအစိုးရစစ်တပ် သတ်စား

သြဂုတ်လ ၂၁ရက်၊ ၂၀၁၃ခုနှစ်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဘလဲ့ကဆောလူကျေးရွာရှိ ဒေသခံရွာသားများ၏ ကျွဲ ၄ ကောင်ကို အဆိုပါ ဒေသတွင် လှုပ်ရှားနေသည့် စုကလိ အခြေစိုက် မြန်မာအစိုးရစစ်တပ် ခြေလျင်တပ်ရင်း(ခလရ-၂၃၁)မှ သတ်စားလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၅ရက်နေ့ မွန်းလွဲပိုင်း ၁နာရီးဝန်းကျင်အချိန်တွင် ယင်းမြန်မာအစိုးရစစ်တပ်မှ ကျွဲများကို သတ်စားခဲ့ခြင်းဖြစ်သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ကျနော် အဲဒီ ၅ရက်နေ့ ညနေမှာ ဘလဲ့ကဆောလူကျေးရွာရဲ့ အနီးအနားထဲက တောတွင်းတနေရာမှာ မြန်မာ အစိုးရစစ်တပ်တစ်စု ကျွဲပေါင်နေတာကို တွေ့တယ်။ အဲဒီကျွဲတွေကို စုကလိတပ်စခန်းကို ယူသွားပြီး ချက်စား တာပဲ ဖြစ်မယ်”ဟု ၎င်းက ပြောဆိုသည်။

အသတ်စားခံရသည့် ကျွဲများမှာ မောင်ထီးကလိုး ၂၇နှစ်၏ ကျွဲထီးတစ်ကောင်၊ မောင်ထီးလှ ၄၀နှစ်၏ ကျွဲထီးတစ် ကောင်၊ စောတူးနူးဖိုး ၄၄နှစ်၏ ကျွဲထီး တစ်ကောင်နှင့် ကျွဲမတစ်ကောင်တို့ဖြစ်ကြောင်း သိရသည်။

ကျွဲအသတ်ခံသည့် အဆိုပါ ဘလဲ့ကဆောလူကျေးရွာမှ ဒေသခံများသည် လယ်ယာလုပ်ငန်းလုပ်ကိုနေသူများ ဖြစ်သောကြောင့် ယခုလို ကျွဲမရှိတော့သည့်အတွက် ဒုက္ခရောက်နေရကြောင်းနှင့် လက်ရှိ စုကလိတပ်စခန်း တွင် အခြေစိုက်သည့် (ခလရ-၂၃၁)၏ တပ်ရင်းမှူးမှာ ဒု-ဗိုလ်မှူး ဇော်မင်းအောင်ဖြစ်ကြောင်း သိရသည်။

သတင်း - အမည်မဖေါ်လို ဒေသခံတစ်ဦး

No comments:

Post a Comment