ondragstart="return false" onselectstart="return false"

Monday, August 19, 2013

KNLA တပ်ရင်း (၁၀၂) တပ်ခွဲ(၄)နှင့် BGF တပ်ရင်း(၁၀၁၃)အကြားဖြစ်ပွားသောတိုက်ပွဲ ဖြစ်ရပ်မှန် နောက်ခံ

ကရင်ဘာသာဖြင့် KNLA နှင့် BGF ဖြစ်ပွားခဲ့သောတိုက်ပွဲ နောက်ခံအကြောင်းအရင်းပါ သတင်းတပုဒ် ထွက်လာပါတယ်။ အနေအထားက အနာဂါတ်မှာ ဖာပွန်ခရိုင်ကို စိုးမိုးနိုင်ဖို့ နှင့် ဟတ်ကြီးရေကာစီမံကိန်းကို အကောင်အထည်ဖေါ်နိုင်ဖို့ ဗမာအစိုးရက BGF တပ်တွေကို စနစ်တကျ အသုံးချဖို့ ရှိသလို ယခု ကေအဲန်ယူနဲ့  ငြိမ်းချမ်းရေးစကားပြောတဲ့ကာလမှ ပြသနာတွေ ရှုပ်ထွေးအောင် စတင်အသုံးချနေပြီလို့ သုံးသပ်မိပါတယ်။

ယခင် ဒီကေဘီအေ ယခု BGF တပ်တွေကို ဦးဆောင်တဲ့ မောင်ချစ်သူ နှင့်သူ့ နောက်လိုက်တွေဟာ ဘနဖူးသိုက်တူးတဲ့လူတွေပဲဆိုတာ KNLA စစ်ဦးစီးချူပ် ဗိုလ်ချူပ်ဂျော်နီ မေ့သွားဟန်တူပါတယ်။ မောင်ချစ်သူဦးဆောင်တဲ့ ဒီကေဘီအေ ၉၉၉ တပ်ဖွဲ့ ဟာ ၂၀၀၉ ခုနှစ်မှာ တပ်မဟာ(၇)စခန်းတွေကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့တာတွေကို ဗိုလ်ချူပ်ဂျော်နီနှင့် ဗိုလ်မှူးဖေါဒိုတို့ ပြန်လည်အမှတ်ရစေချင်ပါတယ်။ အဲ့ဒီလူတွေဟာ ဇ ရှိတဲ့လူတွေ။ အခွင့်အရေးရရင် အကုန်လုံးလုပ်မည့်လူတွေ။ ပဒိုမန်းရှာကိုတောင် အလွတ်မပေးဘူး။ ဖာပွန်ခရိုင်ရှင်းလင်းဖို့ နဲ့ ဟတ်ကြီးရေကာတာစီမံကိန်းအကောင်အထည်ဖေါ်ဖို့ အတွက် ပိုက်ဆံနဲ့ အခွင်းအရေးတွေရမယ်ဆိုရင် အကုန်လုပ်မည့်လူတွေ။ အဲဒီငွေနဲ့ အခွင့်အရေးတွေကို ဗမာအစိုးရက ပေးနိုင်စွမ်းရှိတယ်ဆိုတာ လူတိုင်းသိတယ်။ ဒီလူတွေ တပ်မဟာ ၇ ကို တက်တိုက်တုန်းကလို ဗမာစစ်တပ်ရဲ့ ရှေးပြေးခွေးတွေလို ဆက်ပြီးမလုပ်ဘူးလုပ်ပြောရင်... ကျားက သက်သတ်လွတ်စားနေပြီလို့ ပြောရပါမည်။ ကျနော်တို့ တော့ ယုံဖို့ သိပ်ခက်လှပါ၏ အဘယ်ကြောင့်ဆိုသော် BGF ဆိုတာ သူတို့ ကိုယ်သူတို့ မပိုင်ဘူး။ ကျွေူးတာစား၊ ထားရာနေ။ ခိုင်းတာလုပ် အသာပြာကြေးစားတပ်အဆင့်ပဲရှိတယ်။ တိုင်းရင်းသားတွေကို တသက်လုံးကျွန်ပြုဖို့ မဟာဝါဒီဗမာစစ်တပ်က သူတို့ ကိုပိုင်တယ်။

KNLA VS BGF 16-08-2013
Type the rest of your post here.

1 comment:

chai said...

ဟုတ်တယ်ချစ်သူဆိုတဲ့ကောင် က လောက်ကောင် သတိထားကြ

Post a Comment