ondragstart="return false" onselectstart="return false"

Tuesday, August 20, 2013

"လုပ်ငန်းပြန်လည်စတင်မည့် သံလွင်ရေကာတာစီမံကိန်းကိုဒေသခံများစိုးရိမ်"

ကရင်ပြည်နယ်အတွင်းမှာ ရေကာတာစီမံကိန်းများကို စတင်မည်ဆိုပါက တိုက်ပွဲတွေပြန်လည်ဖြစ်ပွားမည်ဆိုတာ ဗေဒင်တွက်စရာမလိုပဲအဖြေက ထွက်ပြီးသားဖြစ်ပါသည်။ ပထမဦးဆုံးထိပ်တိုက်တွေ့ မှာက KNLA နဲ့ BGF။ နယ်ခြားစောင့်တပ် BGF နောက်မှာ ဗမာစစ်တပ်တွဲလျက်ပါလာမည်။ ကေအဲန်ယူရဲ့ Code of Conduct ကိစ္စဘယ်ပျောက်နေပြီလည်း။ ဗမာစစ်တပ်ဝေ့လည်ကြောင်ပါတ်လုပ်တာလား.. ကေအဲန်ယူကိုတိုင် ဆေးစားမိနေပြီလား...ထိပ်တိုက်ရင်ဆိုင်ရမယ့်ပြည်သူတွေကို ကာကွယ်ဖို့  တိပ်တိုက်နေရာမှာ တာဝန်ထမ်းဆောင်တဲ့ ကေအဲန်လ်အေတပ်တွေက လက်ပိုက်ကြည့်နေမှာတော့မဟုတ်ဘူး...ကေအဲန်ယူဥက္ကဌကြီးနဲ့ အတွင်းရေးမှူးချူပ် ဒီရေကာတာအကြောင်းတွေကို ပွင်းပွင်းလင်းလင်းတခါမပြောဘူး...ကေအဲန်လ်အေ စစ်ဦးစီးချူပ်က နယ်ခြားစောင့်တပ်ကလူတွေနဲ့ စကားပြောနေတာတွေကြားရတယ်။ ဒီရေကာတာကြီးအကြောင်းပါမည့်ပုံမပေါ်ပါ။ ဒီရေကာတာနဲ့ပါတ်သက်ရင် ဆိတ်ငြိမ်နေတဲ့ လူကြီးမင်းတို့ ကို ကရင်ပြည်သူတွေက အားမရတာ ကြာနေပြီ။ ဒီရေကာတာစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးတွေရဲ့ မူလဇစ်မြစ်ဖြစ်တည်ရာက လူကြီးမင်းတို့ ရဲ့ ဆုံးဖြတ်ချက်နဲ့  တိုက်ရိုက်သက်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့ ။ ကရင်ပြည်သူတွေ ငတုံး ငအတွေ မဟုတ်တော့ဘူး....

သြဂုတ် ၂၀

သတင်းနှင့်ဓာတ်ပုံ- မန်းမျိုးမြင့်(မီဒီယာ)

တရုတ်နဲ့ထိုင်းတို့ကသံလွင်မြစ်ပေါ်မှာ တည်ဆောက်မဲ့ရေကာတာစီမံကိန်းတွေကို ရပ်ဆိုင်းထားရာကနေ လုပ်းငန်အချို့ပြန်လည်စတင်တော့မဲ့ အနေအထားတွေကိုတွေ့နေရတဲ့အတွက် ပညာရှင်အချို့နဲ့ဒေသခံတွေ စိုးရိမ်နေကြပါ
တယ်။

ဒေသခံတွေရဲ့အဆိုအရ ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအနီးက ဟတ်ကြီး
ရေကာတာစီမံကိန်း ပြန်လည်စတင်ဘို့အတွက် မကြာခင်ကအဲဒီနေရာကို ထိုင်းနိုင်ငံ ကပညာရှင်အချို့ ရောက်ရှိလာခဲ့တဲ့အတွက် သူတို့စိုးရိမ်နေကြတာပါ။

ဟတ်ကြီးရေကာတာအပါအ၀င် သံလွင်မြစ်ထဲမှာရေကာတာ ၆ ခုတည်ဆောက်ဘို့ တရုတ်၊ထိုင်းနဲ့မြန်မာတို့ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ထဲက သဘောတူလက်မှတ်ရေးထိုးခဲ့
ကြပြီးဖြစ်ပါတယ်။

အဲဒီရေကာတာတွေကြောင့် သံလွင်မြစ်ဘေးဝဲယာမှာ နေထိုင်ကြတဲ့လူနေကျေးရွာ
တွေ၊ဥယျဉ်ခြံမြေတွေ၊လယ်ယာကိုင်းကျွန်းတွေနဲ့သဘာဝတောတောင်ရေမြေတွေ
ရေလွှမ်းမိုးမှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုပြီး သဘာ
ဝပတ်ဝန်းကျင်ထိမ်းသိန်းရေးဆောင်ရွက်နေတဲ့ ပညာရှင်တွေကပြောပါတယ်။

ပညာရှင်တွေရဲ့အဆိုအရ အဲဒီရေကာတာတွေသာဆောက်ဖြစ်ခဲ့ရင်မယ်ဆိုရင် သံ
လွင်မြစ်ဝမှာ ပင်လယ်ရေတွေတက်လာမှာဖြစ်တဲ့အတွက် လူနေမှုဘ၀တွေကို ဆိုး
ရွားတဲ့သက်ရောက်မှုတွေ ဖြစ်ပေါ်စေမယ်လို့ဆိုပါတယ်။

ဒီရေကာတာကြီး ၆ ခုရဲ့ စီမံကိန်းရည်ရွယ်ချက်က ရေအားလျှပ်စစ်ထုတ်ယူမှာဖြစ်
ပြီး ထွက်ရှိလာတဲ့လျှပ်စစ်ဓာတ်အားတွေကို တရုတ်နဲ့ထိုင်းဘက်ကို အဓိကရောင်းချ
မှာဖြစ်တယ်လို့လည်းသိရပါတယ်။

နယ်မြေအေးချမ်းမှုမရှိတဲ့အတွက်ရပ်နားထားရတဲ့ သံလွင်ရေကာတာစီမံကိန်းကို အခုအခါမှာမြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး
လုပ်နိုင်ခဲ့တဲ့အတွက် မကြာခင်အချိန်မှာ လုပ်ငန်းပြန်စတော့မှာဖြစ်တယ်လို့လည်း
လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။

ပညာရှင်တွေကတော့ ဒေသခံတွေရဲ့ဆန္ဒတွေနဲ့အညီ သံလွင်ရေကာတာစီမံကိန်းကို
လုပ်ဆောင်တာက အကောင်းဆုံးနည်လမ်းဘဲလို့ တထစ်ချပြောဆိုပါတယ်။

အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ ကွင်းဆင်းသုတေသနပြုချက်အရ မြန်မာနဲ့ထိုင်း
ဒေသခံတွေကတော့ ရေကာတာစီမံကိန်းတည်ဆောက်မဲ့ကိစ္စကို ဘယ်သူမှလက်မခံ
နိုင်ဘူးဆိုတဲ့အကြောင်း ဒေသခံတွေရဲ့သဘောထားတွေကို အစီရင်ခံစာထုတ်ပြန်ခဲ့
ပါတယ်။

သံလွင်မြစ်ဘေးဝဲယာမှာနေထိုင်ကြတဲ့ ထိုင်းနဲ့မြန်မာဒေသခံတွေက ရေကာတာစီမံ
ကိန်းရပ်ဆိုင်ဘို့ အကြိမ်ကြိမ်ဆန္ဒထုတ်ဖော်ခဲ့ကြပေမဲ့ အချည်းနီးသာဖြစ်ခဲ့ရတယ်လို့
သူးမွဲထာမှာနေထိုင်တဲ့ ထိုင်းနိုင်ငံသားတဦးကပြောပါတယ်။

ဘာလို့လည်းဆိုတော့ ဟတ်ကြီးရေကာတာစီမံကိန်းကို မြန်မာနဲ့ထိုင်းအစိုးရတွေက မဖြစ်ဖြစ်အောင်လုပ်မဲ့ အစီအစဉ်ကြောင့်ဖြစ်တယ်လို့ အဲဒီထိုင်းနိုင်ငံသားကဖြည့်စွက်
ပြောဆိုပါတယ်။

ဟတ်ကြီးဒေသခံတဦးက သူတို့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မဲ့ကယ်တင်ရှင်
တွေကတော့ သူတို့မဲပေးရွှေးချယ်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဘဲလို့ပြော
ပါတယ်။

သံလွင်မြစ်ကိုတရုတ်နိုင်ငံက ၅၃ ရာခိုင်နှုန်း၊မြန်မာက ၄၂ ရာခိုင်နှုံးနဲ့ထိုင်းနိုင်ငံက ၅ ရာခိုင်နှုံးပိုင်ဆိုင်ပါတယ်။

အခုတွဲတင်ထားတဲ့ပုံက ဘာအံမြို့မှာတွေ့ရတဲ့ သံလွင်မြစ်ကြောင်းတနေရာဖြစ်ပြီး
ရွှေယဉ်မျှော်ဘုရားပေါ်ကနေ ရိုက်ကူးထားတာပါ။

သတင်းနှင့်ဓာတ်ပုံ- မန်းမျိုးမြင့်(မီဒီယာ)

2 comments:

Unknown said...

Mu Tu Say and Kwe Htoo Win are both Burmese spy .Burmese goverment gave alot money for them!

Mu Mu said...

Johnny (KNLA) and his fellows and Tun Hlaing (BGF) agree for this issue already. Johnny got a lot from Government. They are business man by using the logo of KNU organization. Some of KNU leaders is sinking in the luxury of Government awarded.

Post a Comment