“နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၉)”
"ရွာပုန်း များတွင် အခြေခံပညာ ရှိသောကျောင်းဆရာ။ တစ်ယောက်စ။ နှစ်ယောက်စ။ နှစ်ယောက်စမှ ရွာထဲမှ ကလေးများကို ပညာသင် ပေးကြရသည်၊ ထိုကလေးများမှာ ကျနော်တို့ ကိုတွေ့ လျင် ကျနော်တို့ မှ ဗမာစကားပြော၍ အတော်ကြောက်ရွံ့ နေပုံရသည်၊ ခေတ်၏ ဆိုးကျိုးများကို ကလေးတွေ ခါးသည်း နာကျည်းစွာ ခံစား နေရသည်ကို ကြည့်ရင်း ကျနော်၏ ရင်ထဲ နင့်သည်းစွာ ခံစားရသည်"
-ကျည်ဝေဖြိုး။
-၂၈ သြဂုတ် ၂၀၁၀
၁၉၉၇ခုနှစ်။ ဒီဇင်ဘာ၊
အခြေခံဒေသထိုးဖောက်ရေးကာလအတောအတွင်း အချို့ရဲဘော်များမှာ ဒေသခံ တိုင်းရင်းသူများနှင့် အိမ်ထောင်ရက်သား ကျကြသည်၊ အိမ် ထောင် သည်များကို စစ်ကြောင်းဖြင့် မလိုက်စေလိုပဲ မြောက်ဘက်နယ်စပ်မျဉ်း (အထူးဒေသနှင့် ကယန်းဒေသ အစပ်) ကိုးဒစ်ရွာနှင့်ချဉ်ပတောင်ရွာကြား ရှိ လယ်ကျင်း ဘေးပတ်ဝန်းကျင်ရှိ မြောင်းများ၌ ပုန်းတဲများထား၍ နေစေသည်၊
ထိုအချိန် ကယန်းပြည်သစ်တပ်ဖွဲ့ မှာ သစ်တောကြိုးဝိုင်းအတွင်း၎င်းတို့  ခေါင်းဆောင် အတွင်းရေးမှူးဗိုလ်အိုက်ဒေါင်း မှာ မိုင်းထိ၍ ခြေထောက် ဖြတ်ပစ် လိုက်ရသည့်အပေါ် ကေအန်ယူအား အခဲမပြေဖြစ်ချိန်၊ နားလည်မှုလွဲမှား နေချိန်၌ ကယန်းပြည်သစ်လှုပ်ရှားတပ်ဖွဲ့ မှကျနော်တို့ ကျနော်တို့ မကဒတ အလုပ်အဖွဲ့ အား၎င်းတို့  နှင့် လာရောက် ပူးပေါင်းရန် စာဖြင့်ကမ်းလှမ်းလာ သည်၊
ကျနော်တို့ မှာ ဗဟိုမှညွှန်ကြားချက် မရသေးပဲ ၄င်းတို့ ကမ်းလှမ်းလာသည့်အပေါ် အချိန်ကာလ တစ်ခုအထိ စောင့်ရန်ပြန်ကြားထားသည်၊
မကြာမီ ကယန်းဒေသခံတပ်ဖွဲ့ မှ အိမ်ထောင်သည်များ စခန်းချသည့် နေရာသို့  လာရောက် နေရာယူပြီး သေနတ်များဖြင့် လာရောက် ပစ်ခတ်ကြ၍ အိမ်ထောင်သည် ရဲဘော်များမှ မဟာမိတ် ဖြစ်နေမှန်းသှို မဟာမိတ် စည်းကို စောင့်ထိမ်းသောအားဖြင့် ပြန်လည် ပစ်ခတ်မှုများ မပြုလုပ်ခဲ့ပါ၊
-မကဒတ တာဝန်ရှိသူများ
ဤစာရရခြင်း ကယန်းပြည်သစ်တပ်မတော်နှင့် လာရောက်တွေ့ ဆုံရန် တမောခိုကျေးရွာသို့  ယခုလာသည့်ဆက်သားနှင့် တပါတည်းလိုက်ခဲ့ ပါရန်- ဆိုသည့် ကယန်းတပ်ဖွဲ့ မှူး၏ လက်မှတ်ဖြင့် ဆင့်ခေါ်သည်၊ ထိုစာကြောင့် ကျနော်တို့ အလုပ်အဖွဲ့ မှ ခေါင်းဆောင်နှင့် ရဲဘော်တစ်ဦးသွားရောက် တွေ့  ဆုံပါသည်၊ နောက်တစ်နေ့  ထိုနှစ်ဦးပြန်မရောက်လာပါ၊ ကြားရသည့်သတင်းအရ ကယန်းပြည်သစ်မှ ကျနော်တို့ ရဲဘော်နှစ်ဦးကို လက်ပြန်ကြိုး တုတ်၍ ဖမ်းဆီးထားကြောင်းသိရသည်၊ ထိုနှစ်ဦးကို ဖမ်းဆီးသည့်နေရာမှာ အလယ်ချောင်းရွာ။ ကင်းလိုက်ကြော၌ ဖြစ်သည်၊ ၄င်းတို့ မှ အချက်(၇)ချက်ပါ သည့် အတိုင်း-
(၁)ကယန်းပြည်သစ်သို့ ဝင်ပါ၊
(၂)ကယန်းပြည်သစ် ရဲဘော် တစ်ယောက်၏ နိုင်ငံရေးခံစားပိုင်ခွင့် အတိုင်းခံစားပိုင်ခွင့် ရှိစေရမည်၊
(၃)ကယန်းပြည်သစ် ပါတီနှင့်အတူ ဒေသဆိုင်ရာဖွံ့ ဖြိုးရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ရန်၊
(၄)တာဝန်နှင့်ရာထူးအလိုက် ကယန်းပြည်သစ် တပ်မတော်တွင် ရယူခံစားပိုင်ခွင့် ရှိစေရမည်၊
(၅)သင့်တော်သည့် အချိန်ကာလ(သို့ မဟုတ်) နိုင်ငံရေး အခြေအနေ ပေးသည ကာလတွင် သက်ဆိုင်ရာအဖွဲ့ အစည်းများသို့  ပြန်ခွင့်ပြုမည်၊
(၆)ကယန်းပြည်သစ်၏ အုပ်ချုပ်မှု အောက်တွင် တာဝန် ထမ်းဆောင်ရမည်၊
(၇)ကယန်းပြည်သစ် တာဝန်ရှိသူများ၏ ခွင့်ပြုချက် မရပဲမည်သည့်အဖွဲ့ အစည်း ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ခွင့် မပြုလုပ်ရ- ဟုပါရှိပါသည်၊
ထိုအချက်များကို ရဲဘော်တိုင်းဖတ်ကြားသိစေပြီး အလုပ်အဖွဲ့ ဆွေးနွေးပွဲ ထိုင်ဖြစ်သည်၊
ကေအန်ယူ တပ်မဟာ(၂)သို့ နဂိုက ဆုတ်ခွာရန် ရွေးချယ်ထား သော်လည်း ရန်သူနှင့် ဖောက်ပြန်ရေး အဖွဲ့ များမှ ဆုတ်ခွာမည့် လမ်းကြောင်း များကိုတပ်အင်အား အခိုင်အမာဖြင့် ချထားကြောင်း သိရသည်၊
ထို့ ကြောင့် ပထမ ဆုတ်ခွာမည့် လမ်းကြောင်း အစီအစဉ် မအောင်မြင်ခဲ့၊
ဒုတိယအချက်မှာ-ကယန်းပြည်သစ်သို့ ဆုတ်ခွာရန်၊
တတိယအချက်မှာ ထိုနှစ်ခုကို မရွေးချယ်ပဲ လက်ရှိဒေသ၏ အင်အား။ လက်နက်။ ဆက်ရပ်တည်မည် ဆိုပါက ရန်သူ၏ ခြေမှူန်းခြင်းကို ခံရမည်မှာ မလွဲမသေဖြစ်သည်၊
ထို့ ကြောင့် အဖက်ဖက်မှ သုံးသပ်ပြီး အကောင်းဆုံးနှင့် အသင့်တော်ဆုံး ရွေးချယ်မှု နည်းလမ်းတစ်ခုကို ကျနော်တို့ ရွေးချယ်လိုက်ရပါပြီ၊ ထိုရွေးချယ်မှု ကတော့-ကယန်းပြည်သစ် နယ်မြေသို့ ဆုတ်ခွာရန် ဖြစ်ပါသည်၊
ကယန်းပြည်သစ်ဒေသ၊
မကဒတအလယ်ပိုင်း အလုပ်အဖွဲ့ သည် ကယန်းပြည်သစ်ပါတီ. ထုတ်ပြန်ချက်သဘောထားအတိုင်း ကယန်းပြည်သစ် အပစ်အခတ်ရပ်စဲ ရေး နယ် မြေ၏ အချိန်ကာလ တစ်ခုအထိ ရပ်တည်လှုပ်ရှားရန် အတွက် ယခု ကယန်းပြည်သစ် နယ်မြေထဲသို့  ကျနော်တို့ ရောက်၇ှိလာခဲ့ကြသည်၊
အလယ်ချောင်းရွာတွင် ကယန်းပြည်သစ်အတွင်းရေးမှူး ဗိုလ်အိုက်ဒေါင်းမှ ဝမ်းပန်းတသာဖြင့် ကျနော်တို့ အားကြိုဆို၏၊ ၄င်းတို့ . ဒေသတွက် ခေါင်ရည် များဖြင့် တည်ခင်းဧည့်ခံကြသည်၊
-ကျနော်တို့  အပစ်အခတ်ရပ်စဲရတဲ့ သဘောကလည်း ကျားနဲ့ နွားနဲ့ ပေါင်းထားရတဲ့ သဘောပေါ့ဗျာ၊
-အခုလို အပစ်အခတ်ရပ်စဲ လိုက်ရတော့ ကျနော်တို့ လူမျိုးတွေလည်း ပေါ်တာ အဆွဲမခံရ တော့ဘူး၊
-ကိုယ့်တောင်ယာ ကိုယ် အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက် နိုင်တာပေါ့၊
-နယ်မြေဒေသဖွံ့ ဖြိုးရေးအတွက် နအဖက ကျနော်တို့ ကို စာသင်ကျောင်း။ ကားလမ်း။ ဆေးခန်းတွေ ဖောက်လုပ်။ ဆောက်လုပ်ပေးဖို့  အစီအစဉ် ရှိပါတယ်၊
-နိုင်ငံရေးစကားကိုတော့ ယခုအချိန်မှာ သူတို့ က ကျနော်တို့ ကို ပြောခွင့်မပြုသေးဘူးလို့ သိရတယ်၊
-ခုချိန်ဟာ ဒေသဖွံ့ ဖြိုးရေးနဲ့  စီးပွားရေးလုပ်ငန်း အချို့ ကိုသာ လုပ်ခွင့်ပြုထား ပါတယ်၊
-နိုင်ငံရေး စကားကိုတော့ အခွင့်အခါသင့်တဲ့ အချိန်မှာ လုပ်ပေးပါ့မယ်လို့ တော့ သဘောထား ရှိပါတယ်၊
အထက်ပါ စကားများသည် ကယန်းပြည်သစ် အတွင်းရေးမှူး ဗိုလ်အိုက်ဒေါင်းမှ ကျနော်တို့ ကို မိတ်ဆက် ပေးသော စကားချပ်များဖြစ်သည်၊
ကယန်းပြည်သစ်ဒေသမှာ အများအားဖြင့် ကယန်းလူမျိုးများ ဖြစ်ကြသည်၊ ကရင်နှင့် ကယန်းနယ်မြေအစပ်တွင် ကယန်းလူမျိုး အနည်းစုနှင့် ကယန်း ဒေသနေထိုင်သူ ကရင်လူမျိုး အများစုလည်း နန်းချိုချောင်း နဘေးတွင် တောင်ယာ။ ဥယျာဉ်လုပ်ငန်းဖြင့် လုပ်ကိုင်စား သောက်နေထိုင်ကြသည်၊
အများစု မှာ ရိုမန်ကက်သရစ် ဘာသာဝင်များဖြစ်ကြသည်၊
သဲပျော်ရွာတွင် နအဖ ဖောက်လုပ်ထားသော မြေညီခြောက်ပေ ကားလမ်းတစ်ခုတွေ့ ရသည်၊ ထိုကား လမ်းသည် ခြောက်သွေ့ ရာသီတွင်သာ ကားအသွား အလာရှိပြီး။ မိုးတွင်ကျလျင် ကားသွားလာ၍ မရပါ၊
ရွာအချို့ တွင် စာသင်ကျောင်းသာရှိပြီး ကျောင်း ဆရာ။ ဆရာမများ လုံလောက်မှု မရှိတာကို တွေ့ ရသည်၊
ကျောင်းတွေမှာလည်း အခြေခံပညာ မူလတန်း အဆင့်မျှသာ ဖွင့်လှစ် ပေးထားတာကိုတွေ့  ရသည်၊
ဒေသခံလူထုမှာ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ရှိသည်၊ ရွာများမှ ဒေသခံ တိုင်းရင်းသား ကယန်းလူထုမှာ ဈေးဝယ်ရာတွင် ရွာမှတစ်ညအိပ် ခြေကျင် သွားရသည်၊ သောက်ရေခပ်။ လိပ်သိုလ်။တောင်ငူမြို့ များသို့ ခြေကျင် သွားရသည်၊ အထူးသဖြင့် သူတို့ နေထိုင်လုပ်ကိုင် စားသောက်ရသည့် လုပ်ငန်း မှာ တောင်ယာ ခုတ်ခြင်း အဓိကဖြစ်သည်၊
တောင်ယာများကို ခုတ်ဖန်များသောအခါ တောင်ယာများမှာ နာလန်မထူဖြစ်ကြရသည်၊ သစ်ကြီး။ ဝါးကြီးပင်များ မှာ ရှားပါး သလောက်ဖြစ် နေသည်၊ အချို့ ရွာများတွင် စိမ်းလန်းစိုပြည်သည့် သစ်တောများ မရှိမှုကြောင့် ရေရှားပါးမှုများဖြစ်ကြရသည်၊
အချို့ တောင်တန်း များမှာ တောင်ယာခုတ်ဖန်များ သောကြောင့် နောက်သစ်ပင်များ မပေါက်နိုင်တော့ပဲ တောင်ကတုံးကြီးများ ဖြစ်နေတာကို တွေ့ ရသည်၊
လူနေမှု အဆင့်အ တန်းမှာလည်း အလွန်မှ နိမ့်ကျပါသည်၊
ကျန်းမာရေး ပညာပေးလုပ်ငန်းများ အားနည်းမှုကြောင့် ဝမ်းကိုက်ရောဂါ။ ငှက်ဖျား ရောဂါ ကြောင့် သေဆုံးမှု အများအ များအပြားရှိကြပါသည်၊ အချို့ ရွာ သားများမှာ ဒေသအတွင်း စီးပွားရေး မယ်မယ်ရရ မရှိသည့်အတွက် မိုးကုတ်သို့ ထွက်၍ ကျောက်တွင်း တူးသည့်အလုပ် များ သွားရောက် လုပ်ကိုင်ကြ သည်၊
မကဒတအလုပ်အဖွဲ့ သည် ကယန်းပြည်သစ်ဗဟိုကော်မီတီများ. စီမံခန့် ခွဲမှု အောက်တွင် တာဝန်ထမ်းဆောင်ရသည်၊ ကယန်းပြည်သစ် ပါတီဥက္ကဌ မှာ ငိန်းကယန်းထန်(ဝါ) ဦးရွှေအေးဖြစ်သည်၊
၁၉၆၂ခုနှစ်မှစ၍ တောခိုသောတက္ကသိုလ် ကျောင်းသား တစ်ယောက်ဖြစ်သည်၊ ကယန်းလူမျိုးလွတ်မြောက် ရေးအတွက် တော်လှန်ရေးတာဝန်ကို တက်ကြွစွာ ထမ်းဆောင်ခဲ့သော လူမျိုးစု ခေါင်းဆောင် တစ်ယောက်ဖြစ်သည်၊ ဥက္ကဌ ဦးရွှေအေးမှာ အပစ် အခတ် ရပ်ပြီးနောက်ပိုင်း သိကျိတ်ရွာ၌ ဒေသခံ ကယန်းတိုင်းရင်းသား များနှင့်အတူ လယ်ယာများ လုပ်ကိုင်ထွန်ယက် နေတာကိုတွေ့ ရသည်၊
ဒကစ (ဒေသကွပ်ကဲရေး စစ်ဦးစီး)နှင့် ကယန်းပြည်သစ် တပ်မတော် စစ်ဦးစီးတို့ မှာ လွိုင်ကော့် မကြာခဏ တွေ့ ဆုံစကားပြောကြသည်၊ လွိုင်ကော် တွင် ထောက်လှမ်းရေး (၂၇)ရှိ၏။ ထောက်လှမ်းရေး အရာရှိများမှ ယခုတဖန် ကယန်းပြည်သစ် တွင်ရောက်ရှိနေသော ကျောင်းသားများကို ၄င်းတို့  ထံအပ်နှံ ရမည်ဟု ဖိအားပေး အကြပ်ကိုင်လာသည်၊
ထိုအခါ ကယန်းပြည်သစ် ဗဟိုကော်မီတီမှ ပထမအကြိမ်၌ ယခုရောက်ရှိနေသည့် ကျောင်းသားများ မှာ ကယန်းပြည်သစ် ပါတီ၏ အုပ်ချုပ်မှု အောက်၌ ရှိ၍ နအဖထံ အပ်နှံဖို့  မဖြစ်နိုင်ကြောင်းတုံ့ ပြန်ခဲ့သည်၊
ထိုကိစ္စကြောင့် ကယန်းပြည်သစ် ဗဟိုကော် မီတီ အတွင်း သဘောထား အချို့ ကွဲကြပြန်သည်၊
ဒုတိယ အကြိမ်ေ၇ကန်ပုလောရွာတွင် အရေးပေါ် အစည်းအဝေးပြုလုပ်ရာ့ ထိုကိစ္စ ပါလာ၍ ထိုအစည်း အဝေးမှတညီတညွတ်တည်း ဆုံးဖြတ်လိုက်သည်ကတော့-
ကယန်းပြည်သစ်ဒေတွင်ရောက်ရှိနေသော -အေဘီအက်စ်ဒီအက်ဖ်-တပ်ဖွဲ့ ဝင်များကို ကယန်းပြည်သစ် ဒေသအတွင်းမှ ရက်ပိုင်းအတွင်း မရှိရေးတို့ ဖြစ် သည်၊
ထောက်လှမ်းရေး(၂၇)မှပြောရာတွင် လက်ရှိဒေသ အတွင်းမှာရှိသည့် ကျောင်းသား များကို ၄င်းတို့ လက်တွင်းသို့ အပ်လျင်အပ်။ မအပ်လျင် ၄င်တို့  ကိုယ်တိုင် ဒေသအတွင်းသို့ ဝင်ပြီး တပ်အင်အားဖြင့် ဝင်ရောက်ရှင်းလင်းရလိမ့်မည်ဟု ဖိအားပေးခဲ့သည်၊
ထို့ ကြောင့်-မကဒတ အလယ်ပိုင်းအလုပ်အဖွဲ့  ရဲဘော်များသည် သိကျိတ်ရွာတွင် အရေးပေါ် ဆွေးနွေးပွဲပြုလုပ်ပြီး ခရီးထွက်ရန် အလျင်အမြန် ပြင်ဆင်ကြရ တော့သည်၊ အချို့ ရဲဘော်များမှာ ဒေသအတွင်း၌ တောင်ယာများခုတ်ပြီး စပါးရိတ်ရန်အသင့်ဖြစ် နေချေပြီ၊ ထိုစပါးများ ရိတ်သိမ်းခွင့်မရပဲ ခရီးထွက်ရတော့မည်၊
အလယ်ပိုင်း ဒေသတွင် တိုက်ပွဲဝင်ခဲ့သည့် သေနတ်များကို ယခုလို ကယန်းဒေသမှ ပြန်ထွက်ခွာရာတွင် ကယန်းပြည်သစ် ပါတီက လက်နက်များ။ ကျည်ဆံများ။ ယူဆောင်သွားခွင့် မရှိဟု သဘောထား ထုတ်ပြန် လိုက်ပါသည်၊ ရဲဘော်များသည် မိမိတို့ တိုက်ပွဲဝင်သေနတ်များကို ယူဆောင် သွားချင် သော်လည်း ယူဆောင်ခွင့်မရ သည့်အပေါ် ဝမ်းနည်းမှုများဖြင့် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဥက္ကဌ ငိန်းကယန်းထန်(ဝါ) ဦးရွှေအေး ရုံး၌ သေနတ်များ အပ်နှံလိုက်ရသည်၊ ရဲဘော်အချို့ လူမမြင်သည့် နေရာများတွင် ဝမ်းနည်းဆို့ တဲ့စွာ ငိုကြွေး နေကြသည်၊
မကြာမီ-ဖိုးဝိကား အဖြူကြီးက ဖင်ထိုး၍ ခရီးထွက်ရန် စောင့်နေ၏၊ ကျနော်တို့ အားလုံး ကားပေါ်သို့ ကိုယ်စီတက်လိုက်ကြသည်၊ ကယန်းပြည် သစ်ရဲဘော်အချို့ မှာ ကျနော်တို့ ကိုကြည့်၍ ဝမ်းနည်းစွာဖြင့် နှုတ်ဆက်ကြသည်၊ သိကျိတ်ရွာမှ ဤအကြောင်းသိပြီးသား ရွာသားအချို့  ဒေသထွက် ခေါင်ကျရည် ပုလင်းများ လက်ဆောင်ပေး လာကြသည်၊ ညနေ နေဝင်စအချိန်၊ သိကျိတ်ရွာမှ ကားထွက်စပြုပြီ၊ ဖိနပ် မပါပဲ မျက်ရည်သုတ်ပြီး ပြေးလိုက် လာသော ရဲဘော်ကြီးတင်ဝင်း အသံက “-ညီလေးရေ-သွားနှင့်ဦးကွာ။ တို့ ရှစ်လေးလုံး ညီအစ်ကို တတွေ။ တစ်နေ့ ပြန်ဆုံကြဘို့ ဆုတောင်းကွာ-” ဟုငိုသံကြီး နှင့်နှုတ်ဆက်ဝမ်းနည်းသံ- ကြားနေမိ၊ လမ်းတလျှောက်၌ တောစံပယ် အရိုင်းနံ့ များ။ ညမွှေးပန်း ရနံ့ များ။ နှင်းခိုးမြူမှုံတွေ ပတ်လယ် ဝိုင်ထားသည့် တောင် တန်းတွေကို နဂါးကြီး တစ်ကောင်က ပါတ်ခွေထားသည့် အလား--ယနေ့ အထိ ထိုမြင်ကွင်းတွေက ကျနော့် မျက်ဝန်းအိမ်ထဲက ထွက်မသွားသေးပါ၊
ကယန်းပြည်သစ်ရောက် မကဒတတပ်ဖွဲ့ ဝင် အချို့ သည် လွိုင်ကော် ထောက်လှမ်းရေး(၂၇)၏ ဖိအားပေးမှုကြောင့် (၂၅)ရက်။ အောက်တိုဘာ ၁၉၉၈ တွင် ကားဖြင့် လွိုင်ကော်နှင့် လိပ်သိုလ် အကြားကားလမ်းသို့ လိုက်ပို့ ပေးသည်၊ ထိုကားလမ်းမှ ကျနော်တို့ ဖြတ်ဆင်းပြီး ဒေါလီရွာသို့ ရောက် သည်၊ ၄င်းရွာ တွင် တညအိပ်ပြီး နံနက်မိုးမလင်းမှီ ခရီးထွက်ဘို့ ပြင်ဆင်ကြသည်၊ ကျနော်တို့ ခရီးထွက်ရမည့် လမ်းကြောင်းမှာ ကလလတ-အုပ်ချုပ်ရေး နယ်မြေသို့  ဖြစ်သည်၊
မူရင်းလမ်း အတိုင်းသွားလျင် နေ့ ဝက်နှင့် ရည်မှန်းချက်သို့ ရောက်နိုင်သည်၊ သို့ သော် သတင်းပေါက်မည် စိုး၍ လမ်းကြောင်း အတိုင်းမသွားပဲ တောတိုး၍ ခရီးတွက်ရသည်၊ ကယန်းပြည်သစ် ဒေသအစပ်နှင့် ကလလတ- ဒေသအစပ်အကြား တောင်များမှာ မြင့်မားမို့ မောက်လှသည်၊
တခါတရံ မတ်စောက် လှ၏။ အတက်ဆိုးလှသောတောင်များမှတဆင့် ခက်ခက်ခဲခဲ ပြန်ဆင်းပြီး ချောင်းကြို။ ချောင်ကြား တွေကို ဖြတ်ကျော်ရ ပြန်သည်၊
ကျနော်တို့  ခရီးထွက် တွင် ဒီနေ့  အဖို့ အရောက်ချီတက် ရမည့်နေရာမှာ ကလလတ အတွင်းရေးမှူး ဗိုလ်မှူး ရွှေဝါ သစ်တောရုံးသို့ ဖြစ်သည်၊ ကျနော်တို့ အဖွဲ့ အား လမ်းပြအဖြစ် ကယန်းပြည်သစ် ဥက္ကဌရုံးမှ ရဲဘော် အောင်ကျော်မှ ဦးဆောင်သည်၊ တောင်ကြော ရေစပ်များတွင် ကျွန်းသစ်တုံးကြီးများ အစီအရီတွေ့  ရသည်၊ ခရီးထွက် နေစဉ်အတွင်း ခပ်ဝေးဝေး တောင်ကြောများ အပေါ်မှ ကားသံအချို့ ကြားရသည်၊
ထိုကားသံသည် ရာဒိုသို့ သွားသောကားဖြစ်ကြောင်း လမ်းပြရဲဘော်မှရှင်းပြသည်၊ ကျနော် တို့ အဖွဲ့ တွင် အိမ်ထောင်သည်(၂)ဦးပါသဖြင့် ခရီးထွက် ရာတွင် အတော် အခက်အခဲ ဖြစ်ရသည်၊ ရဲဘော်တစ်ဦး၏ ဇနီးမှာ ကိုယ်လေးလက်ဝန်ကြီးဖြင့်၊ ကလလတ သစ်တောရုံးသို့  ည(၁၉းဝဝ) နာရီ လောက်မှ ရောက်ကြသည်၊ သစ်တောရုံးသို့ မရောက်မှီ ရေစီးကြမ်းသည့် ထူးချောင်းကြီးကို ဖြတ်ကူးရသည်မှာ အသဲတအေးအေး ဖြစ်မိသည်၊
ချောင်းအကျယ်မှာ ကျဉ်းသော်လည်း ချောင်းတဘက်ကမ်းသို့ ကူးရန် သစ်တုံးတစ်တုံး တည်းဖြင့် ကန့် လန့် ဖြတ်ခင်းထားသည်၊ ဘေးတဘက် တချက် တွင် လက်ကိုင် စရာတစုံ တခုမှ မရှိ၊ ကူး၇သည်မှာမလွယ်ကူလှ၊ ပြုတ်ကျသွားလျင် ထိုရေစီး၌ သယ်ဆောင်ရာသို့ တဟုန်ထိုး ပါသွားနိုင်သည်၊
ကျနော် တို့ အဖြေင့် ကူးနိုင်သော်လည်း အိမ်ထောင်သည် ရဲမေ(၂)ဦး ကူးမှ ကူးနိုင်ပါ့ မလားလို့  ရင်တမမဖြင့် တဘက်ကမ်းမှစောင့်ရင်ြး ကည့်နေမိသည်၊
ရဲဘော်များမှ ရဲမေ(၂)ဦး အထုတ် အပိုးများကို ခွဲဝေယူဆောင်ကြပြီး ၄င်းတို့ (၂)ဦး အလွယ် အပိုးမပါ ဒီအတိုင်း ကူးစေသည်၊ ရဲမေ(၂)ဦးမှာ စိတ်ဓါတ် ခိုင်မာစွာဖြင့် ထူးချောင်း၏ ရေစီးကြမ်းလှသော အခက် အခဲကို ကျော်လွှား နိုင်ခဲ့ကြသည်၊ ထိုတစ်ည ပင်ပန်း နွမ်းနယ်စွာ အိပ်စက်အနားယူ လိုက်ကြသည်၊
ကျနော်တို့ အဖွဲ့ မှာ ကလလတ သစ်တောရုံးတွင် (၅)ရက်မျှ နေထိုင်အနားယူကြပြီး အောက်တိုဘာလ(၂၉)ရက်နေ့ ။ နံနက်(၉းဝဝ)နာရီတွင်ရှေ့  ခရီးဆက်ကြသည်၊
လမ်းခရီးလုံခြုံ ရေးအတွက် သေနတ် (၅)လက်ကို ယူဆောင်ခဲ့သော်လည်း ထိုသစ်တောရုံးမှ ထားခဲ့ရမည် ဆိုပြန်သောကြောင့် ထားခဲ့ရပြန်သည်၊ မြတ်နိုးယုယစွာ ထွေးပိုက်ခဲ့ရသော သေနတ်နှင့် ကျည်ဘောက်အချို့ ကို နောက်ဆုံး အလေးပြု၍ ပေးလိုက်ရပြန်သည်၊
စိတ်ထဲ နစ်နစ် သည်းသည်း ခံစား လိုက်ရသည်၊ လမ်းပြမှာ ယခင်လမ်းပြ မဟုတ်ပဲ ရဲဘော် တစ်ယောက်မှ ပို့ ပေးမည် ဖြစ်ကြောင်း သိရသည်၊
အုပ်ချုပ်ရေး ဒေသ အတွင်းရှိ ရွာများ၏ အမည်များကို မေးရင်း စကား တပြောပြောနှင့် တောတွေကို တတောပြီး တတော တတောင်ပြီးတတောင် ကျော်ဖြတ် နေရ သည်၊
ဟာအို (ပလဲ့)။ ဝယ်ဒိုးသာ (ရွာသစ်။ ရွာဟောင်း)။ ယူလီးခို (ဂေကော) ဂိတ်စခန်း စသည့် ရွာများဖြတ်ပြီး ယူလီးခိုတွင် ကျနော်တို့ အဖွဲ့ နားကြ သည်၊
ယူလီးခိုရွာအရှေ့ ဘက် တွင် နွားကုန်သည်များ စခန်းချအနားယူသည့် ဝါးတဲတစ်ခုတွင် စခန်းချစေသည်၊ ညဘက်အိပ်လို့  တိတ်ဆိတ်၍ အိပ်မော ကျချိန် လောက်တွင် ဝါးတဲ တဘက်တချက်မှ ချုံနွယ်များကို တိုးပြီး အုပ်လိုက် တောတိုးသံ ကြားရ၍ ရဲဘော်များအားလုံး အလန့် တကြား ဝါးတဲပေါ်မှ ထ၍ လွတ်ရာ လွတ်ကြောင်း ထွက်ပြေးကြ ကုန်သည်၊
အမှန်က ချုံတိုးလာသော အသံမှာ ရန်သူမဟုတ်ပဲ နွားများဖြစ်နေ၍ ငိုအားထက် ရယ်အားသန် နေမိသည်၊
သို့ သော် ထိုသို့ အဖြစ်မျိုး နွားမဟုတ်ပဲ ရန်သူသာ အမှန်တကယ် ဖြစ်ခဲ့မည် ဆိုလျင် ကျနော်တို့၏ ဘဝမှာ ရန်သူ၏ သေနတ်သံ အောက်မှာ အသက်အားလုံး ပျောက်သွား ကြမည်ကို တွေးရင်းဖြင့် ဝမ်းနည်းအားငယ်မှု များဖြစ်ခဲ့ ရသည်၊
ကျနော်တို့ အဖွဲ့ သည် ယူလီးခို (ဂေကော) ဂိတ်စခန်းမှ နိုဝင်ဘာလ(၃)ရက် ၁၉၉၈။ နံနက် (၇းဝဝ)နာရီတွင် ခရီးဆက်ကြရာ လို့ ဒေး။ ဘေခီး။ လပါခီးရွာများ သို့ ဖြတ်ကျော်ရသည်၊ ကလလတ ဒေသသည်လည်း ကယန်းပြည်သစ် ဒေသလိုပဲ တောင်များမှာ တောင်ယာများ အထပ်ထပ်ခုတ်ထား၍ သစ်ကြီး ဝါးကြီးပင်များ မတွေ့ ရသလောက် ရှားပါးသည်၊ ဘရယ်စော်ရွာဝသို့ ကျနော်စတင် ဝင်ရောက်ရာတွင် စစ်ယူနီဖောင်းနှင့် အဖွဲ့ တဖွဲ့ ကို အိမ် တစ်အိမ်၌တွေ၍ နေ၏၊ ပထမ ရင်ထဲထိတ် သွားသည်၊ ရန်သူ့ တပ်များဖြစ် နေမလား။ လေးဆယ်မမ ကျည်တွဲ အီကွန့် မင့်ကို တဲ၏ ဝါးအစွန်းတွင် ချိတ်ထားသည်ကိုတွေ့ ရသည်၊ အီကွန့် မင့်တွင် ပုဝါအနီကိုလည်း တွေ့ ရသည်၊ ကျနော့်မှာ ရှေ့ သို့ ဆက်မတိုးရဲပဲ လမ်းပြဖြစ်သူအား နောက်လှည့် သတင်းပို့ သည်၊ လမ်းပြမှစက်ဖွင့်၍ ထိုအဖွဲ့ အား ဆက်သွယ်ရာ ထိုအဖွဲ့ မှာ ရန်သူ့ အဖွဲ့ မဟုတ်ပဲ ကေအန်ပီပီမှ လှုပ်ရှား တပ်ဖွဲ့ ဖြစ်နေမှန်း သိရသည်၊
တပ်ကြပ်ကြီးဖြစ်သူ ရဲဘော်မှာ ယခင်က မကဒတ တပ်ရင်း(၃ဝ၃)တွင် တာဝန်ထမ်းဆောင်ခဲ့ ဘူးသော ရဲဘော်ဖြစ်မှန်း နောက်မှ သိရသည်၊
ထိုရဲဘော် များမှ ကျနော်တို့ ၏ ဖြစ်စဉ်များကို နားလည်ပြီး အစစ ကူညီပေး ရှာသည်၊
ကျနော်တို့ အားယခုလာသည့် လမ်းကြောင်း အတိုင်းရှေ့ ဆက်မတိုးဖို့  အကြံပေးသည်၊ ဖားဆောင်းဂွင်တွင် ကျနော်တို့ သတင်းကို အတိအကျ ရထားသော ရန်သူမှ တပ်များ အခိုင်အမာ ချထား ကြောင်း သိရ၍ ထိုခရီးကို ရှေ့ ဆက်ဖို့ မစဉ်းစားတော့ရန် ကျနော်တို့ ဆွေးနွေးတိုင်ကြသည်၊
ထို့ ကြောင့် ထိုခရီးမဆက်ပဲ လမ်းဘေးတောင်ယာတဲ့ တညနားလိုက်ကြသည်၊ ထိုတစ်ညရေမရှိ၍ တမင်းတနပ် ငတ်ခဲ့ ကြသေးသည်၊
ထိုဒေသတွင် ကေအန်ပီပီမှ နယ်မြေခံများနှင့် ကလလတ နယ်မြေတာဝန်ခံ များမှာ နားလည်မှု ရယူထားကြသည်၊
ကေအန်ပီပီ ကလည်း ကလလတ ရဲဘော်များ ကို မလွဲမရှောင်သာမှ တွေ့ ခဲ့ရင်တောင် တိုက်ပွဲ မဖြစ်ရန်။ ကလလတကလည်း ကေအန်ပီပီ တပ်များ လှုပ်ရှားသွားလာကြတာကို တွေ့ လျင် တိုက်ပွဲမဖော် ဆောင်ရန် ညွှန်ကြား ထားသည်ဟု သိရသည်၊
ထိုနယ်မြေမှာ ကေအန်ပီပီနှင့် ကလလတ(၂)ဖွဲ့ ၏ ဆုံချက် အကောက်အခွန် ဒေသများဖြစ်ကြသည်၊ ထို့ ကြောင့် အကျိုးစီးပွားအရ ရေရှည်အကျိုးကိုမျှော်ကိုးပြီး တိုက်ပွဲ မဖြစ်ကြခြင်း ဖြစ်သည်၊
ကျနော်တို့ ကရိန်နီလမ်းကြောင်းအတိုင်း ခရီးထွက်ဖို့ သဘောတူဆုံးဖြတ်ချက်ချလိုက်သည်၊ နောက်ထပ် လမ်းကြောင်း စဉ်းစားရာတွင် ယခုကရိန်နီ နယ်စပ်တောင်ကြောများကို ဖြတ်ပြီး အနောက်တောင်ထောင့် ကေအန်ယူဒေသသို့ ဖြတ်ချိုးဝင်ရန် စဉ်းစား ဆုံးဖြတ် ခဲ့ကြသည်၊
ယခုကျနော်တို့  စခန်းချသည့် နေရာမှာ ကလလတ အုပ်ချုပ်ရေးဒေသအတွင်းမှ တောသီးဖိုရွာ တွင်ဖြစ်သည်၊
တောသီးဖိုရွာ.အောက်တွင် ဖဲလော်ချောင်း ရှိသည်၊ ဖဲလော် ချောင်းကို ကျော်ပြီးမှ ကေအန်ယူ နယ်စပ်ကိုရောက်မည်၊ လမ်းခရီးမှာ ရက်ပိုင်း။ လပိုင်းလောက်အထိကြာနိုင်မည်ဟုခန့် မှန်းကြသည်၊
အဘယ်ကြောင့်ဆိုသော် ရန်သူ့ အခြေ အနေနှင့် ကျနော်တို့ ၏ ခ၇ီးစဉ်ကို သတင်းမပေါက် ကြားအောင် လျို့ ဝှက်စွာ ထွက်ခွာရန် အတွက်ကြောင့်ဖြစ်သည်၊
(၂၇)ရက်။နိုဝင်ဘာ ၁၉၉၈ နေ့  တောသီးဖို ရွာမှ စထွက်ရာ(၂၉)ရက် နိုဝင်ဘာ ၁၉၉၈နေ့ တွင် ကရိန်နီ ထိန်းချုပ်ရာမီးခါးတဲရွာသို့ ရောက်ရှိသည်၊ လမ်းခရီးတွင် ရွာအချို့ မှာ ရန်သူမှမီး ရှို့ ထား၍ အိမ်တိုင်များမှာ မီးကျွမ်းထား၍ မီးသွေးချောင်ကြီးတွေအလားတွေ့ ရ၏၊
ခရစ်ယာန် ဘုရားကျောင်းများမှာ ယိုယွင်းပျက်စီး၍ ချုံနွယ်များ အကြား တည်ရှိနေ တာတွေ့ ရပြန်သည်၊
ဘုရားကျောင်းထဲတွင် အိမ်မွေးဆိတ်များ၌ ချေတုံးများ။ သခင်ယေရှု့ ရုပ်ပုံကားချပ်မှာ ယိုယွင်း ပျက်စီး နေတာတွေ့ ရှု စိတ်မကောင်းဖြစ်မိရုံ ကလွဲပြီး ဘာများတတ်နိုင်ဦးမှာလဲ၊ နာမည်ကြီးလှသည့် ဘွီးကော်ဘွားခီး တောင်ကြောကို အဝေးမှ လှမ်းတွေ့ နေရသည်၊ ကျနော်တို့  အဖွဲ့ ဘွီးကော်ဘွားခီး သို့ (၂းဝဝ)နာရီကျော်မျှ သွားရသည်၊ ထိုတောင်သို့ မရောက်မှီ မီခါးဒေး(ရွာပုန်း)ရွာမှာပဲ စခန်းချဖြစ်သည်၊
မီးခါးဒေးရွာတွင် စခန်းချစဉ်၊ ရွာထဲလှည့်ပတ်အကဲခတ်လေ့လာရာတွင် ကရင်တိုင်းရင်းသား များမှာ ဆင်းရဲကြပ်တည်းစွာဖြင့် လုပ်ကိုင်စားသောက် နေထိုင် ရသည်ကိုတွေ့ ရသည်၊
ရွာတွေကိုစစ်တပ်မှ မီးရှို့ ပြီးနောက် ရွာသားများမှာ ယခင်ရွာထဲ့ မနေလိုကြတော့ပဲ ရွာပုန်းများအဖြစ် စုဖွဲ့ နေထိုင်ကြရသည်၊
ရွာပုန်း များတွင် အခြေခံပညာ ရှိသောကျောင်းဆရာ။ တစ်ယောက်စ။ နှစ်ယောက်စ။ နှစ်ယောက်စမှ ရွာထဲမှ ကလေးများကို ပညာသင် ပေးကြရသည်၊ ထိုကလေးများမှာ ကျနော်တို့ ကိုတွေ့ လျင် ကျနော်တို့ မှ ဗမာစကားပြော၍ အတော်ကြောက်ရွံ့ နေပုံရသည်၊
ခေတ်၏ ဆိုးကျိုးများကို ကလေးတွေ ခါးသည်း နာကျည်းစွာ ခံစား နေရသည်ကို ကြည့်ရင်း ကျနော်၏ ရင်ထဲ နင့်သည်းစွာ ခံစားရသည်၊
ရွာသားများမှာ ၄င်းတို့ တောင်ယာထွက် သီးနှံများကို နောက်လွယ်ပုလိုင်း ထဲသို့  ကိုယ်စီ ထည့်၍ မနက်ခရီးထွက်ဘို့ ပြင်ဆင်နေ ကြသည်ကို ကြည့်ရင်း မေးမြန်း ကြည့်မိရာ မနက်တွင် ရာဒိုသို့  ခရီးထွက်ပြီး ယခုသီးနှံများကို မြို့ ပေါ်တွင် ဆားဖြင့်လည်းကောင်း။ လဲလှယ်ရန်အတွက် ဖြစ်သည်ဟုသိရ၍ ဆက်သွယ်ရေးလမ်း ကြောင်း၏ အခက်အခဲကို ဤဒေသတွင်တွေ့ ရပြန်သည်၊ မူခါဒေးရွာ၏ အရှေ့ တည့်တည့် ဘွေမိုခီးဆိုသည့် တောင်ကြောပေါ်တွင် ကားလမ်း ဖောက်လုပ် ထားသည်ဟု သိရသည်၊ ထိုကားလမ်းမှာ တောင်ငူ။ မော်ချီး။ ဖားဆောင်း။ လွိုင်ကော် စသည်မြို့ များသို့ စစ်သုံးကားလမ်းအဖြစ် ဖောက်လုပ်ထားသည်၊
မီးခါးဒေးရွာတွင်နေစဉ်၊ ကေအန်ယူဒေသ။ ခရီးလမ်းကြောင်း စကားစမြည် မေးမြန်းတီးခေါက် ကြည့်သည်၊ လက်ရှိရွာနှင့် ကေအန်ယူတပ်မဟာ (၂) သံတောင်မြို့ နယ်အတွင်းရှိ ရှိခိုရွာမှာ ခြေကျင် လျှောက်သော် (၆)နာရီခန့် သွားရမည်ဟု ဒေသခံတစ်ဦးမှ ပြောပြသည်၊ ရှိခိုနှင့် အနီးတဝိုက် မောသူးတဲ ရွာဘက်တွင် သံတောင်မြို့ နယ် ကေအန်ယူလှုပ်ရှားတပ်ဖွဲ့ များ လှုပ်ရှားနေသည်ဟုသတင်းရသည်၊
ထိုဒေသများမှာ ကျနော်ကျင်လည်ခဲ့ဘူးသော ဒေသများ ဖြစှ်ု စိတ်ထဲဝမ်းသာမိသည်၊
ဆက်လက်ဖော်ပြပါဦးမည်။။---
ကျည်ဝေဖြိုး။
(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး။ )
28 Aug 2010
http://www.hittai.net/?show=rm&fileid=19&t=home14&id=14
No comments:
Post a Comment