နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ (၈)
ကျည်ဝေဖြိုး။
တော်လှန်ရေးနှင့် လူထုဆက်ဆံရေးအတွေ့ အကြုံ၊
(၁၉၉၇-ခုနှစ်-နှစ်ဦးပိုင်း)
လက်ရှိရပ်တည်လှုပ်ရှားနေရသည့်ဒေသသည် လက်နက်ကိုင်တော်လှန်ရေးတရပ်အနေနှင့် မရှိမဖြစ်အောင် ရှိသင့်သည့် တော်လှန်ရေး အခြေခံ ဒေသကြီး တစ်ခုဖြစ်သည်၊ လက်တွေ့ ရပ်တည် လှုပ်ရှားရင်း ဤကဲ့ သို့ တန်ဘိုးထား နားလည် နေမိသည်၊ လူထုဆိုရာဝယ် ယခင်က သိ၇ှိထားသည့် လူထုဆိုသည်မှာ တမျိုးတစားတည်းပဲ ဖြစ်လိမ့်မည်ဟု တွေးထင်ထားခဲ့ မှုများ အလွဲလွဲ အမှားမှား ဖြစ်ခဲ့ရသည်၊ ဆင်းရဲသား။ လူမျိုးရေး။ အဆင့်အတန်း ကွာခြားမှု။ ဘဝပေး အခြေအနေတွေ။ အသိပညာ ခေါင်းပါးဝေလံမှု ပြဿနာကြီးများ တနေ့ တခြား ပိုမိုဆိုးရွာ လာတာတွေ့ ရသည်၊ တဘက်မှာလည်း ချစ်ခင်စရာ ကောင်းသည့် ရိုးသားမှု ပျူငှာမှုတွေကို လည်းတွေ့ ရသည်၊ တချို့ ကြတော့ အတွေး အခေါ်အရ သံသယတွေနှင့် တော်လှန်ရေး ရဲဘော်တွေကို နိုင်ငံရေး အသိရေချိန် ဘယ်အဆင့် အထိရှိပြီလဲ-ဆိုတဲ့ စမ်းသပ်မှု တွေလည်း တော်လှန်ရေး ရဲဘော်များထ ရိုက်ခတ် လာမှုတွေ ကလည်း ဒုနဲ့ ဒေး၊
ဒီမိုကရေစီဆိုတာဘာလဲ၊ ဒီမိုရေစီကိုဘယ်လိုအဓိပြါယ်ဖွင့်ဆိုမလဲ၊ မောင်ရင်က တော်လှန်ရေးသမား ဆိုရလောက်အောင် မောင်ရင့်မှာ တော်လှန်ရေး သမားနဲ့ ထိုက်တန်တဲ့  အရည်အချင်းတွေ လုံလုံ လောက်လောက်ရှိပြီလား-စသည့်မေးခွန်းတွေက ကျနော်တို့ . ပတ္တမြား အရည်အသွေး တွေကို ပြောင်မြောက် အောင်သွေးပေး နေသည်ဟု ခံစားနားလည်ပြီး ရှေ့ ဆက် တော်လှန်ရေး ခရီးတွေထဲ့ အတွေးအခေါ်အရ ရှင်ပြန် ထမြောက် နေနိုင်ဘို့  ကြိုးစားရင်း လူထု၏ ယုံကြည် ကိုးစားမှုကို ဦးထိတ်ထားပြီး မိမိကိုယ်ကိုယ် တည်ဆောက်ရေး ဆိုသည့် လုပ်ဟန်ကို အခြေခံ ဒေသကြီးမှာ တည်ဆောက် ခဲ့ကြ သည်၊
လူထုဆိုသည်မှာ သူရဲကောင်းဝါဒကို လက်ခံလက်ခံယုံကြည်နေကြဆဲရှိသည်ဟု တွေ့ မြင်ခဲ့ရသည်၊ သမိုင်းကြောင်း တွေအရ နောက်လှန်ကြည့် မည်ဆို လျှင် ကမ္ဘာ့ရာဇဝင်၊ သမိုင်းတွေမှာ လွတ်လပ်ရေး သူရဲကောင်းများ ထွန်းကားခဲ့ကြသည်၊ ကျောင်းပညာရေး သမိုင်း သင်ခန်းစားများ၏ လွတ်လပ်ရေး သူရဲကောင်း များကို ကျနော်တို့ အားကျနှစ်သက်ခဲ့သည်မှာ ငြင်းဖွယ်မရှိပေ။ ဒီနေ့  ဒီဒေသမှာလည်း လူထုအများစုဟာ သူရဲကောင်း ဝါဒကို လက်ခံယုံ ကြည်နေကြသည်ဆိုတာ ငြင်းဖွယ်ရာ မဟုတ်ဟု တွက်ချက် နေမိသည်၊
တခါက အခြေခံဒေသ ထိုးဖောက်ရေးရွာထဲမှ စကားစမြည်ပြောဖြစ်ခဲ့ကြသည်ကို မြင်ယောင်နေမိသည်၊ ထိုလူငယ်မှာ ခေတ်ပညာတတ်လူငယ် တစ်ယောက်ဖြစ် သည်၊ စားနိုင် သောက်နိုင် မိသားစုမှဖြစ်မည်၊ ထိုလူငယ်က ကျနော်တို့ နှင့် သွားရင်းလာရင်း သိကျွမ်း ခင်မင်သည်မှာ ကြာပြီဖြစ်သည်၊ ရေနွေးဝိုင့်း စကား လက်စုံပြုရင်း ထိုလူငယ်ပါးစပ်မှ ထွက်ပေါ်လာသော စကားတချပ် အပေါ်မှာ သတိတွေရရင်း -နိုင်ငံရေးကို မသိဘူး။ နိုင်ငံရေးလည်း စိတ်မဝင်းစားဘူး၊ နိုင်ငံရေး အကြောင်းလည်း မသိချင်ဘူး-တဲ့။ ခင်ဗျား၊ အဲဒါသာ ကြည့်ပါတော့ ထိုစကားလုံးသည် ယနေ့ လူငယ်အချို့  လူလတ်အချို့  လူကြီး အချို့ အတွင်းမှာ ရေပန်းစားနေသော စကားဖြစ်သည်၊ ယနေ့ မြန်မာနိုင်ငံအတွင်း စစ်တပ်ကြီးစိုးသည့် အချိန်ကာလ နောက်ပိုင်း ပြည်တွင်း နိုင်ငံရေးပါတီ တွေ. တဖွဲ့ နှင့်တဖွဲ့  ထိုးနှက် တိုက်ခိုက်ကြသည့် အမွေများကို သင်ကြားသိခဲ့ရှု ထိုအသိ၏နောက့် အစွဲအလန်း အတေးအမှတ် ထားကြ၍ နိုင်ငံရေးကို စိတ်မဝင် စားဘူးဟု ပြောနေသည်မှာ မှားမည်မဟုတ်၊
တဘက်မှာ -သမိုင်းကိုစိတ်ကုနှ်ု အလွယ်နည်းနှင့်အခက်ကြီးလုပ်ပြီး နိုင်ငံရေးကိုစိတ်မဝင်စားဘူးပြောတာဖြစ်မည်၊ွှသို့ ဆိုလျှင် အခြားတ ဘက်က တွေးကြည့် မည်ဆိုလျှင် ထိုသူတို့ ၏ မူရင်းစိတ်ထဲ့ အမှန်မြင်ထားသည်မှာ နိုင်ငံရေးဆိုသည်မှာ အဖိုးထိုက်တန် လှသည့် ရိုးသားသည့် သစ္စာ တရားဟု မှတ်ယူဟန် ရှိသည်ကို သူတို့ ၏မသိစိတ်ထဲမှ စံပြုနေသည်ကို တော့ဖြင့်၊
လူထုအများကြီးရှိကြသည်အထဲ အုပ်ချုပ်ရေး ဆိုင်ရာများတွင် အထူးသဖြင့် လူထုသည် ရန်သူ့ ဘက်ကို ယိမ်းယိုင်သည့်အချို့ ရှိကြသလို၊ တော်လှန်ရေး လက်တွေ့ ကျကျ ရုပ်ပိုင်း။ စိတ်ပိုင်းပါဝင်ကြသည့် လူထုများလည်းရှိသည်၊ အများအားဖြင့် တော်လှန်ရေး လက်တွေ့ ဘဝထဲသို့  တစုံလုံးပါဝင် လာကြသည့် လူထုမှာ ဆင်းရဲသား။ တောင်သူ လယ်သမားတွေက အများစုဖြစ်သည်၊ လက်ရှိဒေသ့ စစ်တပ်မှလူထုတွေ. ဥယျာဉ်။ခြံ။ မြေ။ တောင်ယာ။ လယ်ယာများကို မတရားအခွန် ကောက်ခံ၍ ပင်ပန်းမှု၏ အကျိုးကျေးဇူးကို ထိုက်ထိုက်တန်တန် မခံစားရပဲ ယခုလိုခေါင်းပုံဖြတ်ပြီး အနိုင်ကျင့် အကောက်ခံ နေရမှုများအပေါ် မခံမရပ် နိုင်ပဲ ရုပ်ပိုင်း။ စိတ်ပိုင်း ဆိုင်ရာကအစ တောင်သူ လယ်သမား။ ဆင်းရဲသာ လူထုများက စစ်တပ်ကို ရသလို နည်းဖြင့် တော်လှန် တိုက်ပွဲဝင် နေကြတာတွေ့ ရ၍ အားတက် မဆုံးဖြစ် ခဲ့ရသည်၊
ရွာတစ်ရွာ့ ရန်သူ့ စစ်ကြောင်း ဝင်လာရာ ယခင်လို ရွာတိုင်း လိုလိုက လဘက်သုတ်။ ရေနွေး။ အခြား ကောင်းနိုး ရာရာ ဒေသထွက် သီးနှံများဖြင့် တည်ခင်း ဧည့်ခံလေ့ ရှိကြသည်၊ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ ထိုဒေသကို ရောက်ရှိချိန် နောက်ပိုင်း-ရန်သူ့ စစ်တပ်ကို ရေနွေးတောင် ချမတိုက်ပဲ ဗြောင်အနု နည်းဖြင့် စစ်တပ်ကို ဆန့် ကျင် တော်လှန် တိုက်ပွဲဝင် နေကြသည်ကို ထိုဒေသ၌ တွေ့ မြင်ခဲ့ရသည်။
ရန်သူ့ ဘက်တွင်လည်း-ဆက်ဆံရေး မပျက်ရလေအောင်။ တော်လှန်ရေး အင်အားစု ဘက်တွင်လည်း ဆက်ဆံရေး မပျက်ရ လေအောင် နှစ်ဘက် ပေါ်လစီပုံစံဖြင့် ဆက်ဆံကြ သည့်အချို့ သော လူနည်းစုကိုလည်း ထိုဒေသ၌တွေ့ ခဲ့ရသည်။
၎င်းတို့ ကတခါတရံ တော်လှန်ရေး အင်အားစုများ ကို ခြိမ်း ခြောက်အကြပ် ကိုင်သည့်နည်းတွေဖြင့် ပြုမှုလုပ်ဆောင် တတ်ကြသည်၊ တော်လှန်ရေးအဖွဲ့ အစည်းများမှ ထိုကဲ့ သို့ သော လူများကို နိုင်ငံရေးအသိ။ စစ်ရေး သတိအထူးရှိစွာ စောင့်ကြပ်ရင်း လူထုနောက်မြီးဆွဲ ဖြစ်မသွားရလေအောင် တည်ဆောက်မှု ပြုရသည်၊
-ရန်သူစစ်တပ်တွေ ရွာထဲ ရောက်နေပြီ ဗိုလ်ကြီး- စစ်ကြောင်း မှုးက ကျနော်တို့  ကို ပြောတယ် ရွာအနီး ပတ်ဝန်းကျင်မှာ ရှိတဲ့နေရာတွေကို မြေလှန်ရှာမယ်တဲ့- အဲဒါဗိုလ်ကြီးတို့  ဒီနေရာက ဆုတ် ပေးဘို့ လာပြောတာပါ၊
ထိုကဲ့ သို့  စကားအမြဲ ပြောလေ့ရှိသူများကို ကျနော်တို့ မှ အလိမ်မာ နည်းဖြင့် သော်လည်းကောင်း။ တခါတရံ နဂါးမှန်း သိအောင် အမှောက်ထောင်ပြ ရသည်များကို ပြုလုပ်ပေး ရသည်၊ ထိုအခါ ထိုလူထုမှာ နောင်ဆိုရင် ထိုစကားမျိုးနှင့် တော်လှန်ရေးအဖွဲ့ အစည်းကို ခြိမ်းခြောက်၍ မရ ကြောင်း သိလာခဲ့ ကြသည်။
တော်လှန်ရေးအဖွဲ့ အစည်းများတွင်လည်း အားနည်းချက် ရှိကြသည့် ခေါင်းဆောင် များလည်း ရှိပါသည်၊ ထိုခေါင်းဆောင် များသည် ကျော်ကြားမှု ဂုဏ်ကို အထူးနှစ်သက် မြတ်နိုးကြသည်၊ ခေါင်းဆောင်များ. နှစ်သက်မြတ်နိုးမှုကို လေးစားသော်လည်း တခါတရံ မိမိ ကျော်ကြား အောင်မြင်ရေးအတွက် တလွဲအယူအဆ များဖြင့် မိမိ ယူထားသည့် တာဝန်ကို အလွဲသုံးစား ပြုတတ်ကြသည်၊
ထိုအခါ ထိုခေါင်းဆောင် များသည် ဝေဖန် ထောက်ရှုမှုကို လက်မခံပဲ နိုင်ငံရေး အမှားကို ကျူးလွန်ပြီး စစ်ဘုရင်ဝါဒ။ တကိုယ်တော် တည်ဆောက်ရေး ဝါဒကို အသုံးပြု တတ်ကြသည်၊
ထိုသူတို့ ၏ ဦးနှောက်ထဲတွင် တော်လှန်ရေးဘဝနှင့် အခြေအနေကို မရိပ်စားပဲ မိမိတပ်ကို ပြောက်ကျားဗျူဟာ အရမစဉ်းစားပဲ လက်လှမ်း မမှီသည့် နိုင်ငံတကာ တပ်ကြီးလို တည်ဆောက်ချင် တတ်ကြသည်၊ တခါတရံတွင် ဗျူရိုကရက်ဆန်စွာ တည်ဆောက် ကြပြီး လက်တွေ့  လုပ်ငန်းအရ အကျိုးမပေး သည့် လုပ်ဟန်များကို အချိန်ကုန် လူပန်း တည်ဆောက်ကြ သည်။
တော်လှန်ရေး၏ အခြေခံဒေသ ထိုးဖောက်မှု ဧရိယာသည် အမှန်တကယ်ရန်သူမှ မြေပုံဂရပ်ကွက် အပြည့်ဗျူဟာ ချပြီး စစ်ဆင်ရေးလုပ်လျင် မိမိတို့ အခြေအနေနှင့် ဆက်လက် ရပ်တည်၍ ရမည်မဟုတ်ချေ၊
ယခင့် ယခင်က ဗမာပြည် ကွန်မြူနစ ပါတီများ ဤဒေသတွင် ကာလ ပေါင်းများစွာ ထိုးဖောက်ရေး လုပ်စဉ်က စစ်တပ်မှ ဖြတ်လေးဖြတ် ပုံစံဖြင့် အနောက်ပဲခူးရိုးမနှင့် လက်ရှိဒေသ တွေကို မဟာဗျူဟာမြောက် စစ်ဆင်ရေး ပြုလုပ်ခဲ့ ကြသည်၊
ထို့ ကြောင့်ဤ ဒေသတွင် လူထုကို တော်လှန်ရေး အတွေးအခေါ် တရပ် တည်ဆောက်မှု။ စစ်ရေးအရရန်သူ့ တပ်တွေကို ပြောက်ကျား တိုက်ပွဲများဖြင့် အကောင် အထည် ဖော်မှု။ လူထု လက်တွေ့ ဘဝ။ လူ့ အခွင့်အရေး ချိုးဖောက်မှုများ။ လူထု အကျိုး စီးပွားကိုရှေ့ ရှူ့ပြီး ကာကွယ် စောက်ရှောက် မှုများဖြင့် အလုပ် အကျွေးပြုခြင်း အားဖြင့် လူထုနှင့် တော်လှန်ရေးအဖွဲ့ အစည်းများ တဘဝတည်း သဘာဝကျစွာ တည် ဆောက်ခြင်းကို တပြိုင်နက် တည်ဆောက်ခြင်း ကြောင့် လူထု၏ ယုံကြည် လေးစားမှုကို ထိုအခြေခံ ဒေသကြီးတွင် တည်ဆောက် နိုင်ခဲ့ကြသည်။
အုပ်ချုပ်ရေးကိစ္စများတွင် ကျနော်တို့ နှင့် မဟာမိတ်အဖွဲ့ အစည်းများ ညှိနှိုင်းပြု လုပ်ခဲ့ကြသည်။နှစ်ဖွဲ့ ၏ အုပ်ချုပ်ရေး ဒေသသည် လက်ရှိအခြေခံ ဒေသကြီး ဖြစ်ပြီး ထိုအုပ်ချုပ်ရေးကို ပူးတွဲ အုပ်ချုပ်ရေး ဒေသဟု သတ်မှတ် ခဲ့ကြသည်။
ကျနော်တို့ .အထူးဒေသကို နိုင်ငံရေးအရ အုပ်ချုပ်ရာ မှာတော့ ကျနော်တို့ ကိုယ်တိုင်ပြီး စစ်ရေးအရ မဟာမိတ်ပိုင်း ဆိုင်ရာကို နှစ်ဖွဲ့ . မူလ သဘောတူညီ ချက်များအတိုင်း ဆက်လက်ထား ရှိခဲ့ကြသည်။
ထို့  ကြောင့် စစ်တောင်း မြစ်ဒေသဘက်မှ အရှေ့ တောင်သို့  ကူးသန်း သွားလာကြသည့် အောက်ကွင်းမှ ဗမာများကို ကျနော်တို့ အဖွဲ့ မှ အုပ်ချုပ်ရေးအရ ကိုင်တွယ်၍ လုပ်ငန်းကိုယ်စီဖြင့် ဤဒေသ၏ အားသွန် ခွန်စိုက် တာဝန် ထမ်း ဆောင်ခဲ့ ကြရသည်။
အင်းကြီးပေါက်တိုက်ပွဲ၊(၁၉၉၇)
အလုပ်အဖွဲ့ ၏ အခြေခံဒေသ ထိုးဖောက်ရေး ကာလမှာ တစတစ ကြာမြင့်လာခဲ့ ချေပြီ။ လူထုသည် တော် လှန်ရေးအဖွဲ့ အစည်းနှင့် စည်းမျဉ်းကမ်း တွေအပေါ်၌ နေသားကျစွာ အခြေကျ နေချိန်ဖြစ်၍၊ ရဲဘော် တွေ၏လူထု အတွေ့ အကြုံမှာနည်းလှ သည်မဟုတ်တော့၊။
သို့ သော်ထိုကဲ့ သို့  အချိန်ကောင်းနေ ချိန်အတွင်း ဌာနချုပ် နှင့်ကျနော်တို့ မှာ ဆက်သွယ်ရေးနှင့် ထောက်ပံ့ရေး လမ်းကြောင်းအရ လွန်စွာအခက်အခဲ ရှိနေပေသည်၊ လက်ရှိဒေသ၏ အရှေ့ မြောက်ဘက်တွင် ရန်သူနှင့် အပစ်ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် ကယန်းပြည်သစ် ပါတီအဖွဲ့ အစည်းရှိသည်။ ကယန်းပြည်သစ် နယ်မြေ. အရှေ့ တောင်ထောင့်တွင် (ကလလတ) ကယန်းလူမျိုး လွတ်မြောက်ရေး တပ်မတော်အဖွဲ့ အစည်းရှိသည်။
ထိုအဖွဲ့ အစည်းမှာလည်း ၁၉၉၄ခုနှစ် ကာလောက် ကတည်းက ရန်သူ နဝတနှင့် အပစ်ရပ်ထားသည့် အဖွဲ့ ဖြစ်သည်။ တရားဝင်အရ ကျနော်တို့  အဖွဲ့  အစည်းများနှင့် အဆက်အသွယ် ပြုလုပ်၍ မရပါ၊
ရန်သူ့ ထောက်လှမ်းရေးမှ ထိုအဖွဲ့ အစည်း တာဝန်ရှိသူများကို မကြာခဏ ခေါ်ယူမေးမြန်း မှုများ ပြုလုပ်သည်ဟု ကြားသိရ၍ အဆက်အသွယ် မပြုလုပ်လိုကြ၊
တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အချင်းချင်း နားလည်မှု လွဲမှားစေအောင် ရန်သူမှ တစိုက်မတ်မတ် ပြုလုပ်နေတာ တွေကို တွေ့ ရသည်၊ အထူးသဖြင့် ရပ်တည်နေရသည့်ဒေသသည် ကေအန်ယူလက်နက်ကိုင် အဖွဲ့ အစည်း. အုပ်ချုပ်ရေး နယ်မြေဖြစ်သည်၊ ရန်သူမှ အပစ်ရပ်စဲ ထားသည့် ကယန်းပြည်သစ် ပါတီနှင့် ပဌိပက္ခ ဖြစ်အောင် ဖန်တီးနေသည်၊ ထိုနှစ်ဖွဲ့ စလုံးတဖွဲ့ နှင့်တဖွဲ့  အမြင်မကြည်လင် မှုများ ဖြစ်ကြရသည်၊ ထိုအခါ ကျနော်တို့ မကဒတ အဖွဲ့  အစည်းအနေနှင့် တော်လှန်ရေး အဖွဲ့ အစည်းတွေ၏ ညီညွတ်ရေး အပေါ်မှာ အခြေခံပြီး မဖြစ်သင့်တာ မဖြစ်ရလေအောင် ကြားဝင်စေ့ စပ်ပေးမှုများကို အထက်ညွှန် ကြားချက်အရ တာဝန်ယူ ပေးခဲ့ကြရသည်၊
ထိုသို့ သော အခြေအနေများဖြစ်နေချိန် အတောအတွင်း အထူးဒေသထိုးဖောက်ရေး။ စည်းရုံးရေးကိစ္စများ လုပ်ဆောင်ရန်အတွက် အောက်ကွင်း မှ အင်းကြီးပေါက် ရွာသို့  ရွေးချယ် လိုက်ကြသည်၊
ဒီတစ်ကြိမ်မှာလည်း ယခင်လိုပုံစံ အတိုင်းမဟုတ်ပဲ အလုပ်အဖွဲ့ (၂)ဖွဲ့ စုပေါင်းပြီး ဆင်းရန်ဖြစ်သည်၊
ရဲဘော်ဒိုးဒိုးမှ အလုပ်အဖွဲ့ (၁)ဖြစ်ပြီး ရဲဘော် အောင်ကျော်-ဦးဆောင်သော အဖွဲ့ မှာအလုပ်အဖွဲ့ (၂)အဖြစ် ခွဲ၍ ထိုးဖောက်ရေးရွာသို့  ညအချိန်ကြီးဆင်းကြ ရသည်၊
ရဲဘော်ဒိုးဒိုး- ဦးဆောင်သော အဖွဲ့ သည် ရေကန်ဒိုရွာ စပ်မှ စထွက်သည်၊ ကျန်အဖွဲ့ မှာ ပိတောက်ကုန်း ရွာနားမှဖြတ်ပြီး မြောက်မျဉ်းကြောင်း အတိုင်း ဆင်းလာမည်၊ သစ်ဆွဲထားသည့် ကားလမ်းအတိုင်း သတင်း ထောက်၍ဆင်းကြရသည်၊
လမ်းတွင် အောက်ကွင်းမှရွာသားအချို့  တောင်ပေါ်သို့  ညဘက် ရောက်မှတက် ရောက်ဈေးရောင်းကြသည်၊ နေ့ ဘက်တွင် မတက်ရခြင်းမှာ ရန်သူ့ စစ်တပ်မှ တောစပ်တွင်ကြိုစောင့်၍ ဈေးတက်ရောင်းသူ ရွာသားများထံမှ ဓါးပြတိုက် သောကြောင့် ဟုသိရသည်၊
ကျနော်တို့ အဖွဲ့ အင်းကြီးပေါက်ရွာသို့  ည(၇)နာရီ ကျော်ခန့် တွင် ရောက်သည်၊ ရွာအဝင်ဝ၌ အင်းကြီးပေါက်ဘုန်းကြီးကျောင်း တစ်ကျောင်းရှိသည်၊ ကျောင်းရှေ့ တည့်တည့်တွင် လူနှစ်ဘက်သာသာခန့် ရှိသော ထန်းပင်ကြီး တစ်ပင်၊ စက်ငယ်ဖွင့်၍ ပိတောက်ကုန်း ဘက်မှထွက် လာမည့် ရဲဘော် အောင်ကျော်တို့ အဖွဲ့ ကို ကျနော်တို့ စောင့်နေ၏၊
မကြာခင် နှစ်ဖွဲ့ ပေါင်းမိသွားသည်၊ တပ်ခွဲ တစ်ခွဲ ခန့် ရှိမည်၊ အင်းကြီးပေါက်ရွာမှာ အိမ်ခြေ(၁ဝဝ) ကျော်ခန့် ရှိမည်၊ ရွာသားများ။ လူထုများ။ တစ်ဘက်မှလည်း ရန်သူနှင့် တိုက်ပွဲဖြစ်လိမ့်မည် စိုးရိမ်စိတ်နှင့် ကြောက် နေကြသည်က တစ်ကြောင်း၊ တဘက်မှလည်း တော်လှန်ရေး အဖွဲ့ အစည်းတွေကို သူတို့ ကိုယ်တိုင် မြင်ချင်။တွေ့ ချင်၍ တကြောင်းနှင့်၊ လူထုကြီးမှာ ကလေးငယ် မှအစ ကျောင်းအလယ်။ ကာလသား။ ကာလသမီး အဆုံးတွေ့ ဆုံကြသည်၊ ယခင်လို တိုက်ပွဲမဖြစ် စေရန် အတွက် အချိန်ကို တန်ဖိုးထားပြီး အင်း ကြီးပေါက်ရွာမှ ကျနော်တို့ အဖွဲ့  အမြန်ဆုံး ထွက်ရန်ပြင်ဆင် ကြသည်၊
ဖြစ်ချင်တော့-- -အင်းကြီးပေါက်ရွာမှ စစ်ကြောင်း စစ်ရေးသတိ အထူးရှိစွာနှင့် ဖြတ်ရန် ရဲဘော် ဒိုးဒိုးမှ ပွိုင့်ထွက် ရဲဘော် ရှန်သိုကြီးအား မှာကြားနေသည်၊
မကြာမီ စစ်ကြောင်းစထွက်ပြီ၊ အင်းကြီးပေါက်ရွာအထွက် --ဘုန်းကြီးကျောင်း ထန်းပင်ကြီးအနားအရောက်-- အမှောင်ထဲမှ စူးရှပြတ်တောက်သည့် အသံထွက်ပေါ် လာသည်၊
----ဟေ့--ရပ်----ဘယ်သူလဲ ထိုအခါ ပွိုင့်ထွက် ရဲဘော်မှ ကိုယ်လူ မဟုတ်မှန်းသှို လမ်းမကြီးပေါ်၌ အသာအယာ ထိုင်ချလိုက်သည်၊ အေကေ မောင်းပြန်သေနတ်ကို လုံခြုံရေးခလုတ် အသာလေး ဖွင့်လိုက်သည်၊
ရှေ့ တွင် ရန်သူ့ စစ်ကြောင်း အမြီးနှင့် ကျနော်တို့ စစ်ကြောင်းခေါင်းတည်မိနေပြီ၊ ရဲဘော် ရှန်သိုသည် အေကေ သေနတ်၏ နဂိုချိန်ရွယ်ချက်ကို ပြင်လိုက်သည်၊ သေနတ်ကို အပြားလိုက် အနေအထား ထားလိုက်ပြီး ရန်သူ့ စစ်ကြောင်းကို အမှောင်ထဲမှ ဝှေ့ ဝိုက်၍ တရပ်စပ် ကုတ်ချလိုက်သည်၊
ထိုအခါ သေနတ်သံများ လယ်ကွင်း ထဲတွင် ဝက်ဝက်ကွဲ ဆူညံ ကုန်သည်၊ တိုက်ပွဲက ညတိုက်ပွဲ၊ ရဲဘော် ရှန်သို၏ နောက်မှ ကုလားကြီးမှာ ခွန်ကိုး-မမ ကို မတ်တပ်ရပ်ပြီး ရန်သူ့ စစ်ကြောင်းရပ်နေ သည့်နေရာ။
သစ်ပင်ကြီးရှိရာသို့  တည့်တည့် ပစ်ထုတ်လိုက်သည်၊ လက်နက်ကြီး ကျကွဲသံများ ဝက်ဝက်ညံ ကုန်သည်၊ ယခုတိုက်ပွဲ ဖြစ်နေသည့် ရန်သူ့ စစ်ကြောင်းမှာ ရေတာရှည်လေး ဘက်မှ တိုက်ကင်း ထွက်လာသော ရန်သူခလရ (၂၃၄) တပ်ဖြစ်သည်၊ ရန်သူများသည်၊ တွေ့ ရာချုံထဲ ခေါင်းထိုးပြီး ---
---အရှင်ဖမ်း ---အရှင်ဖမ်း---ဟုအော်သံကြားနေရသည်၊ မကြာမီ ရန်သူ့ထံမှ ပစ်ထုတ်လိုက်သော ဂျီသရီကျည်ဆံ တစ်တောင့် ရဲဘော်ရှန်သို၏ ဘယ်ဘက် ခြေထောက်သို့ ဖြတ်မှန်သွားသည်၊
---ထိပြီ
---ထိပြီ--ငါ့ကိုထိပြီ--ဟု အနီးအနားမှ ရဲဘော်ကို တီးတိုးပြောလိုက်သည်၊ ကျနော်တို့ အဖွဲ့ မှာ ရန်သူနှင့် ဘတပြန်။ ကျားတပြန် တိုက်ပွဲဖြစ် နေသည်၊ ရန်သူသည် ကျနော်တို့ အဖွဲ့  ရွာထဲရှိမည် အထင်နှင့် လက်နက်ကြီးများ တစ်လုံးပြီး တစ်လုံး ပစ်သွင်းနေသည်၊
-----ဟေ့ကောင်---အရှင်ဖမ်းမယ် ဆိုတဲ့အကောင်-- တက်ခဲ့ စမ်း- - - -
----ကျောင်းသား တပ်မတော်ကွ။ မင်းတို့ ကို မကြောက်လို့ --တော်လှန်ရေးလုပ်နေတာကွ၊
--ငါ့ကိုထားခဲ့--အေကေသေနတ်နဲ့ ကျည်ငါးတောင့်ထားခဲ့၊
ရဲဘော်ရှန်သို၏ စိတ်ဓါတ်ကျသံ၊ သူ စိတ်ဓါတ်ကျမည်ဆိုလည်း ကျလောက် ပါသည်၊ ဒါဏ်ရာ ရထားသည့် နေရာနှင့် အရှေ့ တောင်မှာ (၃)နာရီ ခန့် ဝေးသည်၊
---ဘာပြောတယ်။ ထားခဲ့ ရမယ်ဟုတ်လား။
---မင်းကို လုံးဝမထားခဲ့နိုင်ဘူး၊--မင်းနဲ့ အတူ ဒီတိုက်ပွဲမှာ ငါတို့ အသေခံမယ်-အားမငယ်နဲ့ -- ငါတို့ ရှိတယ်၊
ကျနော့် မျက်ရည်တို့ အတိုင်းမသိစို့ တက်လာသည်၊ ရဲဘော်ရဲဘက်စိတ်ဆိုတာ ဒီလိုတိုက်ပွဲတွေမျိုးမှာ တွေ့ ခဲ့ရသည်၊ ဒေါသ လည်းထွက်။။
အင်းကြီးပေါက် ဘုန်းကြီး ကျောင်းဝင်း ထဲမှ ဖြတှ်ု လယ်ကွင်း အစပ်တွင်ရှိသော တဲကုတ်ထဲမှ တဲတိုင်ကို ဇောဖြင့်နှုတ် နေမိသည်၊
--ဘာမှ စိတ်မပူနဲ့ --ဒါဏ်ရာက ဘာမှမဖြစ်ဘူး-ဟု ရဲဘော်ပံသုမှ ပြောလည်းပြော။ လက်တဘက်မှလည်း ဆေးထိုး အပ်ဖြင့် ကျွမ်းကျင်စွာထိုး နေပုံ၊ ရဲဘော၇ှန်သို. ဒါဏ်ရာ မှာ ညာဘက် ခြေထောက် ခြေသလုံး အရိုးမကြီး ကိုဖြတ်မှန် ထားရာ ထိုအရိုးမကြီးမှာ ကျိုး၍ အသားစများ ဖွာလန်ကျဲ နေပြီး သွေးများ ပန်းထွက် နေသည်၊ စိတ်ထဲ၌ သိလိုက်၇တာ ကတော့ ခြေထောက် ဖြတ်၇ တော့မည်၊ ဒီအတွေးတွေ တွေးပြီး တိတ်တဆိတ် ငိုကြွေးသံများ ညယံ့ တီးတိုးကြားနေ ရသလို၊
ရန်သူသည်သူ့ ဘက်တွင် အထိနာ၍ ရှေ့ ဆက်မတိုးနိုင်ဘဲ စစ်ကူးခေါ်သံအတိုင်းသားကြားနေရသည်၊ ကျနော်တို့ ယာယီ ပစ်ခတ်နေသည့်နေ ရသည်နေရာမှာ လယ်ကစင်းရိုး ကို အကာအကွယ်ယူပြီး ပစ်နေရသည်၊
ရဲဘော်ရှန်သိုကို စစ်ပုခက်ဖြင့် ထမ်းပိုးကြသည်၊ လရောင်က မိုးလင်းလုနီးမို့ လား မပြောတတ် လယ်ကွင်းပြင်တခုလုံးထိန်ဝါနေသည်၊ စိုးရိမ်သောက စိတ်တွေဖြင့် အရှေ့ တောင် သို့  အမြန်ရောက် စေချင်သည်၊
----ဟေ့ --ရှေ့ ကလယ်ကွင်းကြီးကိုဖြတ်လိုက်--ဆိုတော့လမ်းပြက--
---အဲဒါလယ်ကွင်း မဟုတ်ဘူးဆရာ--အင်းကြီးပါ--
ဒီအင်းကို အင်းကြီးပေါက်လို့ ခေါ်တယ်၊ ဒီအင်းကြီးက ဆင်တောင်သေတယ်၊
ဆိုတော့-ကျနော်လည်းဘာမှ ပြန်မပြောနိုင်တော့၊ အင်းကြီး.ဘေးပတ်ပတ်လည်မှ ကွင်း၍ နှောက်ချေးခြောက် တောင်ခြေသို့  အရောက်ထမ်း ကြသည်၊ ရဲဘော်ရှန်သို၏ ခန္ဒာကိုယ်မှာ ပုခက်ဖြင့် ထမ်းသည့်အခါ အတော်လေး၏၊
မကြာခင်လူလဲ၍ ထမ်းကြရသည်၊ ရှေ့ က ပွိုင့်ထွက်သူများက ကြိုတင် ကာကင်းယူပေး ရသည်၊ ဖြတ်လျှေဋက်ရသည့် လမ်းများမှာ ကျောက်တောင် တွေဖြစ်သည်၊ တခါတရံ တောင်နံရံများကို အထမ်းဖြင့် တက်သည့်အခါ များတွင် ခက်ခက်ခဲခဲ နိုင်လှသည်၊
လမ်းတစ်လျှောက်တွင် သွေးစများ အင်ဖက်ခြောက်များ ပေါ်တွင်ကျခဲ့.၊ ထိုအင်ဖက်များကို ရန်သူမှ ခြေရာကောက်ပြီး ကျနော်တို့ နောက်သို့  ခြေရာခံလိုက် လာနိုင်သည်၊ ထို့ ကြောင့် ခြေရာခံ၍ မရအောင် ခြောက်သွေ့  နေသော တောကြီးကို မီးရှို့ ခဲ့ရသည်၊
မိုးလင်းစပြုပြီ၊ ဘယ်နေရာရောက်နေသည်မသိ၊ ပါတ်ဝန်းကျင်တခုလုံး တောမီးခိုးတွေဖြင့် အူ၍ ဖုံးလွှမ်းနေသည်၊ မကြာ မကြာတောကြက်တွန် သံကြားရသည်၊ လှည်းလမ်း ကြောင်းပေါ်၍ တောင်ပေါ်တက်သည့် နွားလှည်းမောင်းသံကြားနေရသည်၊ ကျနော်တို့ အဖွဲ့ မှာ လမ်းကြောင်းအတိုင်းမဖြတ် တော့၊ တောတိုး၍ စခန်းရှိရာသို့ တဖြည်းဖြည်းနှင် ကြရသည်၊ တညလုံး မလိပ်ပဲ တိုက်ပွဲဖြစ် ခဲ့သည်၊
ခရီးနှင်ခဲ့သည်၊ ရေကမရှိ နွမ်းဟိုက်၏၊ တယောက် မျက်နှာ တယောက်ကြည့် ဟန်ဆောင် အပြုံးများဖြင့် အပူအပင်တွေကို အကာ အကွယ်ယူရင်း ရဲဘော်ရှန်သိုအား စိတ်ဓါတ်မကျရလေအောင် ရယ်မော စရာများပြော၍ နှစ်သိပ်ကြ၊
ရွက်စည်ပိုင်းရွာမှ ရွာသားအချို့  ကျနော်တို့ ရှိရာသို့  ရောက်လာကြသည်၊ ထမင်း ထုတ်များ။ ရေဗူးကိုယ်စီဖြင့်၊ ကျနော်တို့ အားတက် ဝမ်းသာမိ သည်၊ သူတို့ မှ ယခု နေရာတွင် ကြာကြာ မနေရန်နှင့် ယခင်စခန်းသို့ အရောက်သွားရန် တိုက်တွန်း ကြသည်၊
ရဲဘော်ရှန်သိုအား ရွာသားများမှ တလှည့်စီ ထမ်းထုတ် သွားကြသည်၊ စခန်းဟောင်းသို့ ရောက်မှ စိတ် ဒုန်းဒုန်းချ၍ အနားယူ လိုကြသည်၊ ရဲဘော် ရှန်သိုကြီးကိုတော့ ဆေးမှူးမှ ဒိုင်ယာစီဗင် ထိုးပေးပြီး သက်သောင့်သက်သာ အနားယူ စေသည်၊
နောက်တစ်နေ့ -နံနက်တွင် မနေ့ က တိုက်ပွဲဖြစ်ခဲ့သည့်သတင်း ပြန့် နှံ့ သွားသည်၊ ခလရ(၂၃၂)စစ်ကြောင်းနှင့် ကျနော်တို့ အလုပ်အဖွဲ့  တိုက် ပွဲဖြစ်ရာတွင် ရန်သူ့ ဘက်မှ တပ်ကြပ်ကြီး (၁)ဦးမှာ ခွန်းကိုးမမ-ထိ၍ သေဆုံးသွားကြောင်း။ တပ်သားနှစ်ဦးပါ ကျဆုံးကြောင်း။ အချို့ ဒါဏ်ရာအနည်း အငယ်စီ ရသွားကြောင်း သိရသည်၊ ပိုမိုခိုင်မာသည်က နံနက်ခင်းတွင်-အင်းကြီးပေါက် ရွာထဲသို့  ကားဖင်ထိုး၍ ရန်သူမှ ဒါဏ်ရာရ သူများကို ကားဖြင့် တောင်ငူဘက်သို့  သယ်ဆောင် သွားကြောင်း သိလိုက်ရသည်၊
ကျွန်းတောကုန်းရွာ၊
ထိုရွာလေးမှာ အထူးဒေသတောင်ခြေအစပ်တွင် တည်ရှိသည်၊ အောက်ကွင်းမှ ဈေးရောင်း။ ဈေးဝယ်များရောက်တတ်သည်၊ သတင်းထူးကြား ရ၍ ထို ရွာလေးတွင် ခေတ္တ နားကြမည်၊ ရွာသားအချို့  ကျနော်တို့ ကိုတွေ့ သောအခါ- မြို့ ပေါ်ရောက်သွားရင် ကျနော်တို့ ကို မမေ့နဲ့ နော်၊ -ဆရာတို့  အခုလာတာ လိပ်သိုကိုသွားမလို့ လား- ဟိုမှာ ဗိုလ်အားဒီတို့ ရောက်နေပြီ။ ကျနော်တို့ ကိုမှာလိုက်တယ်-
--ဗိုလ်ဒိုးဒိုတို့ အဖွဲ့  နိုဝင်ဘာ(၂)ရက်နေ့  နောက်ဆုံးထား ပြီး သူတို့ နဲ့ လာရောက်ပူးပေါင်းပါတဲ့-၊
သွားကုန်ပြီ၊ ကြားဒေသမှ ကေအန်ယူတပ်ခွဲမှူး ဗိုလ်အားဒီ။ ဗိုလ်ကွယ်မှူး။ သန်းမြင့်။ ကျော်ဝေတို့  တပ်ခွဲတခွဲလုံး ရန်သူတပ် စွဲထားသည့် လိပ်သိုလ် စခန်းတွင် လက်နက်ချ အညံ့  ခံကြ ပြီတဲ့၊ ရေဒီယိုမှ ကြားလိုက်တော့ ဒီသတင်း ပိုမှန်သွားသည်၊
ရန်သူ နိုင်အောင်ထွန်းနှင့် စစ်တိုင်းမှူးတို့ က လိပ်သိုလ်တွင် ကြိုဆိုရေး စခန်းများဖွင့်ပြီး ခမ်းနား ကြီးကျယ်စွာ ကျင်းပကြ တယ်လို့ သတင်းကြားရသည်၊
ရန်သူ၏ မာယာ ပရိရာယ်ထဲ ဗိုလ်အားဒီတို့ ရောက်သွားကြပြီ၊ လက်ရှိ ကျန်ရှိနေသည့် မကဒတအလုပ်အဖွဲ့ နှင့် ကေအန်ယူအဖွဲ့ တွေကို ခရစ်ယာန် ဘာသာ ရေးလူကြီးများ။ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့  ဖွဲ့ ပေး ပြီး ကျနော်တို့ ထံ လူများနှင့် တဖုံ။ စာများနှင့် တကမ်း။ လာရောက်စည်းရုံးကြသည်၊ မကြာခင်မှာပဲ အညံ့ ခံသွားသည့်အဖွဲ့ ကို ရန်သူမှ -လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည့်အဖွဲ့ -လို့ အမည်တပ် ပြီး လူထုကို လိမ်ညာဝါဒဖြန့် ကြသည်၊ လူထုမှာ နှစ်ဘက် ပေါ်လစီအပေါ် ယုံမှားသံသယ များဖြစ်လာ ခဲ့သည်၊
၁၉၉၇ခုနှစ်။ နိုဝင်ဘာ(၁)ရက်နေ့ တွင် -နအဖ-ဆိုပြီး ပြင်ဆင် နာမည်တပ် လိုက်ကြသည်၊ ကျနော်တို့ မှာ လက်ရှိဒေသတွင် လက်ရှိအင်အား ဖြင့် အခြေခံဒေသတွင် ဆက်လက်ရပ် တည်ရန် အခက်အခဲ ရှိလာသည်၊
ကျနော်တို့ နောက်ကျောမှ ကယန်း လက်နက်ကိုင် အဖွဲ့ မှာလည်း ရန်သူနှင့်တွဲပြီး ယခုအထူး ဒေသမြောက်ဘက် ကိုဒစ်ရွာမှစ၍ နယ်မြေရှင်းလင်ရန် အစီ အစဉ်ရှိသည်ဟု သတင်း အခိုင်အမာ ရထားသည်၊ ကျနော်တို့ ရပ်တည်နေသည့် ဒေသကို အညံ့ ခံသွားသည့်အဖွဲ့ မှ သူတို့ လူမျိုးဒေသ ဖြစ်သည့်အတွက် အုပ်ချုပ်ရေးကို သူတို့ ပဲကိုင် တွယ်မည်၊
ထို့ ကြောင့် အုပ်ချုပ်ရေး မကိုင်မှီအချိန် အတောအတွင်း ကျန်ရှိနေသည့် ကျနော်တို့ နှင့် ကေအန်ယူ အဖွဲ့ တို့ အား အထူးဒေသမှ ထွက်ခွာသွားဖို့  စာထုတ်လာသည်၊ ကျနော်တို့ မှ တပ်ဖွဲ့  အတွင်း မဟာမိတ် အတွင်းသဘော တူညီမှုကို ဆွေးနွေးပွဲတွင် ညှိနှိုင်းပြီး လက်ရှိဒေသ၌ ရပ်တည်လို့ ရသ၍ ရပ်တည်မည်ဟု သဘောတူ ဆုံးဖြတ်ချက်ချခဲ့ ကြသည်၊
ထို့ ကြောင့် (၂)ဖွဲ့ မှ ရဲဘော်များကို တစ်ဖွဲ့တည်း ပေါင်းပြီး တောင်ဘက်။ မြောက်ဘက် အဖွဲ့ နှစ်ဖွဲ့ ခွှဲု ဆက်လက် လှုပ်ရှားကြမည်၊
မြောက်ဘက် သစ်တောကြိုးဝိုင်း၌ ကယန်း လက်နက်ကိုင်အဖွဲ့ တဖွဲ့  သစ်တွေခိုး ထုတ်နေသည်ဟု ကေအန်ယူမိုင်းဆရာ ကိုကြီးမှ ပြော၏၊
ထိုသစ်တောမှာ ကေအန်ယူနယ်မြေထဲမှ သစ်များဖြစ်သည့် အတွက်ကြောင့် သစ်များ ဆက်လက် ထုတ်ယူဘို့ မလုပ်ရန် ဦးကိုကြီးမှ ကယန်း လက်နက်ကိုင် အဖွဲ့  တာဝန်ရှိသူများထံ စာပို့ သည်၊
စာပို့ ပြီးနောက် ရက်အနည်း ငယ်အတွင်း ထိုသစ်တော အတွင်းမှ မိုင်းကွဲသံ ကြားရသည်၊
သတင်းကို အသေအချာ လိုက်ကြည့်တော့ ကယန်းပြည်သစ် အတွင်းရေးမှုး ဗိုလ်အိုက်ဒေါင်းမှာ မိုင်းထိ၍ ခြေတဘက် ဖြတ်ပစ် လိုက်ရကြောင်းသိရ၍ စိတ်မကောင်း များစွာဖြစ်မိ သည်၊
နောက်ပိုင်း ကေအန်ယူနှင့် ကယန်းပြည်သစ်မှာ စေ့စပ်၍ မရပဲ နှစ်ဘက်တင်းမာမှု များဆက်ရှိလာ ခဲ့သည်၊
အုပ်ချုပ်ရေးရွာအများစုမှာ စည်းရုံးရေး နှစ်ခုဖြစ်နေ၍ မည်သည့်အဖွဲ့ ဘက်လိုက်ရမှန်း မသိဖြစ်နေချိန်၊ ယခင်လိုပုံမှန်အတိုင်း ရွာများတွင် ဆတ်သားရှိမှု မလုပ်တော့၊
လက်နက်နှင့် ငြိမ်းချမ်း ရေး လဲလှယ်သည့်အဖွဲ့ များမှလည်း ရန်သူနှင့်ပူးပေါင်းပြီး လက်ရှိဒေသကို နိုဝင်ဘာ။ ဒီဇင်ဘာ။ နှစ်ကုန်ပိုင်းအပြီး ထိုးစစ်ပြု လုပ်မည်ဟု လည်းကောင်း။ ထိုးစစ်မပြုလုပ်မှီ အချိန် အတောအတွင်း ဥပဒေဘောင် အတွင်းသို့  ကျန်ရှိနေသည့် ကေအန်ယူနှင့် မကဒတအဖွဲ့ များ အချိန်မှီ လာရောက် လက်နက်ချရန် အမျိုးမျိုး ဝါဒဖြန့် လာသည်၊ သို့ သော်ကျန်ရှိနေသော နှစ်ဖွဲ့ ၏ သဘောထားမှာ လက်နက် မချရေး။
လက်ရှိဒေသမှာ အင်အားရှိ သလောက်ဖြင့် ဒေသပြန်လည် တည်ဆောက်ရေးကို အခိုင်အမာ လုပ်ဆောင်မည်ဟု ဆုံးဖြတ်ထား ကြသည်၊ အချို့  ရဲဘော်များ မှာ စိတ်ဓါတ်ပိုင်း ဆိုင်ရာ ခံနိုင်ရည်မရှိပဲ ရန်သူ.ဝါဒဖြန့် မှုအ ပေါ် ယိမ်းယိုင် သလိုဖြစ်နေ.၊ ဖြစ်လည်းဖြစ် ချင်စရာ၊ စစ်ရေးအရ ထောက်ပံ့ရေး အရ။ ဆက်သွယ်ရေးလမ်း ကြောင်းများ ပိတ်ဆို့ ထားမှုရှိ နေသည်မှာ ငြင်းဖွယ်ရာ မရှိပေ၊
သို့ သော် ပုံမှန်လှုပ်ရှားမှု အတိုင်း ကျေးရွာများကို အုပ်ချုပ်ရေး ပြန်လည် ချမှတ်လုပ်ဆောင်နေချိန့် ရန်သူနှင့် ဖောက်ပြန်ရေး အဖွဲ့ များ ပူးပေါင်းပြီး တော်လှန်အဖွဲ့ အစည်းများ စခန်းချရာ နေရာများသို့  စစ်ကြောင်းများဖြင့် လာရောက် ပစ်ခတ်တတ်သည်၊
မြောက်ဘက် သာမိတိုက်အုပ်စု။ သစ်အယ်တောင်နှင့် ဗုံတောင်အကြား၌ မကဒတ အလုပ်အဖွဲ့ တစ်ဖွဲ့ စခန်းချသည့် နေရာအား ရန်သူမှ သတင်း ရ၍ -၁၂။ ၃။ ၉၇နေ့  ညနေက တည်းမှ စစ်ကြောင်း(၂) ကြောင်းဖြင့် ခလရ (၂၃၂)။ စစ်ကြောင်းမှူး နိုင်အောင်ထွန်း ဦးစီးပြီး ၁၃။ ၃။ ၉၇နေ့ နံနက် စောစောပိုင်း တွင် တိုက်ပွဲ ဖြစ်ကြ၍ မကဒတမှ ရဲဘော်ဒွန်းနှင့် ရဲဘော်တုတ် ကြီးတို့ ကျဆုံး ခဲ့သည်၊
မဟာမိတ် ကေအန်ယူ ကာကွယ်ရေး ရဲဘော် ဖက်ရွက်ကိုလည်း (၂၃၁) စစ်ကြောင်းမှ ရက်ရက် စက်စက် သတ်သွားခဲ့ ကြသည်၊
ရဲဘော်တုတ်ကြီးကို ဖောက်ပြန်ရေး အဖွဲ့ နှင့် ရန်သူပေါင်းပြီး လက်ရ ဖမ်းမိသွားကြသည်၊ ရန်သူမှ ရဲဘော်တုတ်ကြီးအား-မင်းတို့ စခန်း ဘယ်မှာလဲ။
လက်နက်တွေထားတဲ့ ပုန်းတဲ ဘယ်မှာလဲ- စသဖြင့် မေးမြန်းရာ ရဲဘော် တုတ်ကြီးမှ ဘာတစ်ခွန်း မျပြန်လည်ဖြေကြားမှု မလုပ်ပဲ သူက- မင်းတို့ ငါ့ကိုဖမ်းမိပြီပဲ ဘာမှဖြေစရာမရှိဘူး-ငါ့ကိုသတ်လိုက်-ဟုတုံ့ပြန်ခဲ့သည်၊ ရန်သူ့ ခလရ (၂၃၂)မှ တပ်ကြပ်ကြီး တစ်ဦးမှ ကွမ်းသီးလှီးသည့်ဓါးဖြင့် ရဲဘော်တုတ်ကြီးအား လက်ပြန် ကြိုးတုတ်၍ အရှင် လတ်လတ် လည်ပင်းကို လှီး၍ မသေမချင်း သတ်ဖြတ် သွားခဲ့ကြသည်၊
ရဲဘော် တုတ်ကြီး အလောင်းကို ကျွန်းတော ကုန်းနှင့်မဏပ်တောင်အကြား လမ်းမကြီးဘေး ညောင်ဝါပင် ခြေရင်း၌ မြုတ်ခဲ့ကြောင်း သိရသည်၊
ထိုအချိန် ရဲဘော်တုတ်ကြီးအား အရှင်ဖမ်းမိသွား၍ ကျနော်တို့ အလုပ်အဖွဲ့ မှရဲဘော်များမှာ ရဲဘော်တုတ်ကြီးကို ရန်သူ့  လက်တွင်းမှ ကယ်ထုတ်ဖို့ အကြိမ်ကြိမ် ကြိုးစား ခဲ့သော်လည်း အချည်းအနှီး သာဖြစ်ခဲ့ရသည်၊
မိုင်းကွင်း တွေဖြတ်။ ရန်သူလာနိုင်သည့် လမ်းတွေကို ဖြတ်စောင့် သော်လည်း ရန်သူကမလာ၊ နောက်ဆုံး၌ ရဲဘော် တုတ်ကြီး ရန်သူကို ခေါင်းမာ စွာတုန့် ပြန်ပြီး နောက်ဆုံး အကြိမ်အထိ အသက် အသေခံ သွားသည်ဟု သတင်းကြားရ တော့မှ လက်လျှော့ လိုက်ရ တော့သည်၊
ရဲဘော်တိုင်း၏ စိတ်ထဲတွင် ရဲဘော် တုတ်ကြီး၏ စိတ်ဓါတ်နှင့် သတ္တိကို တသသ လေးစားလွမ်း ဆွတ်ရင်း ဂုဏ်ပြုချီး ကျူးမှုဖြင့်သာ ကျန်ရစ်နေခဲ့သည်၊ (၁၉၉၇ ခုနှစ်။ မတ်လ(၁၃)ရက်။ ဖုန်းမော်နေ့ တွင်ကျဆုံးသည်၊)
ဆက်လက်ဖော်ပြပါဦးမည်။။---
ကျည်ဝေဖြိုး။
(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး။ )
19 Aug 2010
မူရင်း - http://www.hittai.net/?show=rm&fileid=18&t=home14&id=14
No comments:
Post a Comment