ondragstart="return false" onselectstart="return false"

Saturday, August 21, 2010

ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အကြောင်း တစေ့တစောင်း

“မကြာခင်က ပါတီမှတ်ပုံ တင်ခွင့်ရရှိခဲ့သည့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကိုမူ စစ်အာဏာရှင်၏ လက်ရှိ ဗိုလ်ချုပ်အဆင့်ရှိသူ ပြန်ကြားရေးဝန်ကြီးက လာရောက်ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်”
ဟု KIC ကရင်သတင်းစဉ်မှ သြဂုတ်လ ၁၇ ရက်သတင်းတပုဒ်မှာ ဖေါ်ပြထားပါသည်။

ယင်းသတင်းနှင့် စပ်လျဉ်း၍ ဒီကေဘီအေ နှင့်နီးစပ်သော သတင်းတပုဒ်ကို ဖေါ်ပြလိုပါသည်။
အတည်ပြုမရသေးတဲ့ သတင်းအရ ယင်း ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကို အောက်ပါအတိုင်းအကြမ်းအားဖြင့် သိရှိရပါသည်။

ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ

ဥက္ကဌ - သာထူးကျော်(လက်ရှိဒီကေဘီအေ ဥက္ကဌ)
အတွင်းရေးမှူး - ကျော်မြသန်း
ဝင်ရောက်အရွေးခံမည့် နေရာများမှာ အောက်ပါအတိုင်းဖြစ်သည်။

မြ၀တီမြို့ နယ် - ဗိုလ်ငွေတင်
လှိုင်းဘွဲ့ မြို့ နယ် -
ကြာအင်းဆိပ်ကြီးမြို့ နယ် - ဗိုလ်ဥဏ်မင်း
ကော့ကရိတ်မြို့ နယ် - ဗိုလ်ဖားခ
ကျူံဒုံး မြို့ နယ် -

ယခုအခါတွင် ဒီကေဘီ တပ်တွင်း တစ်ဦးကို တစ်ဦးမယုံကြည် ကြတဲ့ အခြေအနေ ဖြစ်နေကြောင်း၊ နယ်ခြားစောင့်တပ်ကိစ္စ ဒီကေဘီအေ တပ်သားများ မြိုင်ကြီးငူကို လက်မှတ်သွားထိုးရသည့် အချိန်တွင် သေနတ်ယူဆောင်သွားခွင့် မရကြောင်း၊ လက်ရှိ၌ ဗိုလ်ချစ်သူသည် ရွေကုဏ္ဍိ တွင် မနေထိုင်ရဲတော့ကြောင်း၊ တခြားလှို့ ဝှက်တနေရာတွင် နေထိုင်ပြီး သူ့ ကို သွားတွေ့ လိုသော သူ့ လက်အောက်ငယ်သားများ သွားသည့် အချိန်တိုင် သေနတ်ယူဆောင်သွားခွင့်မရကြောင်း၊ ဗိုလ်ချစ်သူ ကွပ်ကဲသော ၉၉၉ တပ်မဟာလက်အောက်ခံ တပ်မှူး ဒီးဒီ ဟုလူသိများသော စစ်ကြောင်းမှူးတစ်ဦးသည် နယ်ခြားစောင့်တပ်ကိစ္စကို လက်မခံသည့်အတွက် ဗိုလ်ဒီးဒီ၏ လက်အောက်ခံ တပ်ခွဲမှူးများ နေရာများ ကို တခြားမောင်ချစ်သူ စိတ်ချရသော လူများနှင့် ပြောင်းပစ်လိုက်ကြောင်း သတင်းရရှိပါသည်။ ဆက်လက်ပြီး နအဖ စစ်အစိုးရမှ ဗိုလ်ချစ်သူအား မြ၀တီနယ်စား သို့ မဟုတ် မြ၀တီ တိုက်နယ်မှူး ဆိုပြီး အခွင့်ထူး ရာထူး တရပ်ပေးအပ်ထားကြောင်း မြိုင်ကြီးငူ အထူးဒေသမှ ကျော်အဲ သတင်းပေးပို့ လာပါသည်။

၂၁၊ ၀၈၊ ၂၀၁၀
သတင်းပေးပို့ သူ - ကျော်အဲ (မြိုင်ကြီးငူ အထူးဒေသ)
သောသီခို အဖွဲ့ သားများ ပြန်လည်တည်းဖြတ်သည်။

No comments:

Post a Comment